
အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာလီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာ
လက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ခဲ့
ရခြင်းကြောင့် ၁၀ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။
ပြင်သစ်ဂိုးသမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒွန်မာရမ်မာရဲ့နေရာမှာအစားထိုးရန်
အေစီမီလန်သို့လိုင်လီမှရောက်လာသူဖြစ်ပါတယ်။
အသက်၂၆နှစ်ရှိဂိုးသမားဟာစီးရီးအေ၇ပွဲကစားထားရာမှာအေစီမီလန်အသင်းကို
ရှုံးပွဲမရှိအောင်ကူညီထားကာအီတလီမှာလက်စွမ်းပြနေပါတယ်။
ဒါပေမယ့်သူ့ရဲ့အီတလီတာထွက်ကောင်းမှုကကံဆိုးစွာဘဲအတားအဆီးကြုံလာရ
ပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကအန်ဖီးလ်တွင်ကစားခဲ့တဲ့လီဗာပူးနှင့်ချန်ပီယံလိဂ်
ပွဲမှာဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
လီဗာပူးကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းမှာသူဟာတံတောင်ဆစ်နာကျင်လာခဲ့ပေမယ့်
အေစီမီလန်အတွက်ငါးပွဲဆက်တိုက်ကစားခဲ့ပါတယ်။ယခုအခါမှာတော့သူဟာဒဏ်ရာကို
ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။
သူဟာခြောက်ပတ်ကြာအနားယူပြီးနောက်လေးပတ်အားပြန်လည်နလန်ထူရေးလေ့ကျင့်
ခန်းများပြုလုပ်လိုက်ပါတယ်။
အေစီမီလန်ဟာမိုက်မင်ညောင်ရဲ့နေရာမှာယာယီအစားထိုးဖို့အတွက်ဂျူဗင်တပ်နှင့်ရိုးမား
ဂိုးသမားဟောင်းအန်တိုနီမီရန်တီကိုခေါ်ယူလိုက်ပါတယ်။
Zawgyi
ခြဲစိတ္ကုသခဲ့ရလို႔ ၁၀ ပတ္ၾကာ အနားယူရမယ့္ မီလန္ဂိုးသမား
ေအစီမီလန္ဂိုးသမားမိုက္မင္ေညာင္ဟာလီဗာပူးႏွင့္ပြဲစဥ္တြင္မိုဟာမက္ဆာ
လက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ရရွိခဲ့တဲ့ဒဏ္ရာအားခြဲစိတ္ကုသမႈျပဳလုပ္ခဲ့
ရျခင္းေၾကာင့္ ၁၀ပတ္ၾကာအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။
ျပင္သစ္ဂိုးသမားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဒြန္မာရမ္မာရဲ႕ေနရာမွာအစားထိုးရန္
ေအစီမီလန္သို႔လိုင္လီမွေရာက္လာသူျဖစ္ပါတယ္။
အသက္၂၆ႏွစ္ရွိဂိုးသမားဟာစီးရီးေအ၇ပြဲကစားထားရာမွာေအစီမီလန္အသင္းကို
ရႈံးပြဲမရွိေအာင္ကူညီထားကာအီတလီမွာလက္စြမ္းျပေနပါတယ္။
ဒါေပမယ့္သူ႔ရဲ႕အီတလီတာထြက္ေကာင္းမႈကကံဆိုးစြာဘဲအတားအဆီးႀကဳံလာရ
ပါတယ္။သူဟာၿပီးခဲ့တဲ့လတုန္းကအန္ဖီးလ္တြင္ကစားခဲ့တဲ့လီဗာပူးႏွင့္ခ်န္ပီယံလိဂ္
ပြဲမွာဆာလက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ဒဏ္ရာရရွိသြားခဲ့ပါတယ္။
လီဗာပူးကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲေနာက္ပိုင္းမွာသူဟာတံေတာင္ဆစ္နာက်င္လာခဲ့ေပမယ့္
ေအစီမီလန္အတြက္ငါးပြဲဆက္တိုက္ကစားခဲ့ပါတယ္။ယခုအခါမွာေတာ့သူဟာဒဏ္ရာကို
ခြဲစိတ္ကုသမႈျပဳလုပ္လိုက္ရၿပီျဖစ္ပါတယ္။
သူဟာေျခာက္ပတ္ၾကာအနားယူၿပီးေနာက္ေလးပတ္အားျပန္လည္နလန္ထူေရးေလ့က်င့္
ခန္းမ်ားျပဳလုပ္လိုက္ပါတယ္။
ေအစီမီလန္ဟာမိုက္မင္ေညာင္ရဲ႕ေနရာမွာယာယီအစားထိုးဖို႔အတြက္ဂ်ဴဗင္တပ္ႏွင့္႐ိုးမား
ဂိုးသမားေဟာင္းအန္တိုနီမီရန္တီကိုေခၚယူလိုက္ပါတယ္။