ဂစ်ပြောတဲ့ ကာဗာနီက မန်ယူအတွက် အကျိုးပြုတယ်ဆိုတာ တစ်ပွဲမှမကစားရသေးဘဲ သက်သေပြခဲ့တာလား အမ်ဘတ်ပီနဲ့ နေမာတို့ကို ထိန်းချုပ်နိုင်ဖို့ တန်ဇွန်ဘီ ကို လက်ထောက်ချခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကို အသစ်ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ကာဗာနီဟာ အသင်းအတွက် တစ်ပွဲမှမကစားရသေးပေမယ့်လည်း ပီအက်စ်ဂျီနဲ့ပွဲတုန်းက အောင်မြင်မှုမှာ တတိယလူ ပုံစံမျိုးအကျိုးပြုပေးခဲ့ပါတယ်။ အဲဒါကတော့ နေမာနဲ့ အမ်ဘတ်ပီတို့လို ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတွေကို မန်ယူလူငယ်နောက်ခံကစားသမား တန်ဇွန်ဘီက ပွဲချိန်တစ်ခုလုံးမှာ အကောင်းဆုံးဟန့်တားကာကွယ်ဖျက်ထုတ်မှုတွေလုပ်နိုင်ခဲ့တာဟာ မန်ယူရဲ့ လေ့ကျင့်ရေးကွင်းမှာ ကာဗာနီရဲ့အကြံပေးပြောဆိုမှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီကနေပြောင်းလာတဲ့ ကာဗာနီဟာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘတ်ပီတို့အကြောင်းကို သေချာသိတဲ့သူဖြစ်ပြီး တန်ဇွန်ဘီကို လက်ထောက်ချခဲ့တဲ့ အတွက် သူတို့ ၂ ယောက်ကို တန်ဇွန်ဘီက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။

ဒါကြောင့်လည်း မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်က ကာဗာနီ ကို ခေါ်ယူလိုက်တာဟာ မန်ယူအတွက် အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်တယ်လို့ ပြောဆိုခဲ့တာ ပါ။

အခုဆိုရင် ဂစ်ရဲ့ပြောစကားဟာ ကာဗာနီဘက်က တစ်ပွဲမှမကစားရသေးဘဲ သက် သေပြသလိုဖြစ်နေပါပြီ။ ဂစ်က “မန်ယူမှာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့လို လူငယ်တိုက်စစ်မှူး တွေရှိပြီး ကာဗာနီဆီကနေ အများကြီးသင်ယူနိုင်ပါတယ်။ သူဟာ အသင်းတိုက်စစ်ကို ဦးဆောင်မယ့် အထောင်တိုက်စစ်မှူးစစ်စစ်ပါ။ အတွေ့အကြုံကောင်းတွေ အများကြီးရှိ တာမို့ မန်ယူအတွက် အကျိုးဖြစ်လာမှာပါ” လို့ ပြောထားခဲ့ဖူးတာပါ။

တန်ဇွန်ဘီရဲ့ခြေစွမ်း ကို မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့ကလည်း ချီးကျူးပြောဆိုနေကြပြီး ဒဏ်ရာကြောင့် ၁၀ လလောက် နားနေခဲ့ရ တဲ့ ကစားသမားတစ်ယောက်ဟာ ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ကမ္ဘာ့ထိပ်တန်းတိုက်စစ် မှူး ၂ ယောက်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာက မယုံကြည်နိုင်လောက်ဖြစ်ခဲ့ ကြောင်း ပြောဆိုခဲ့ပါတယ်။

တန်ဇွန်ဘီရဲ့ခြေစွမ်းကို ကစားသမားဟောင်းတွေက ချီးကျူးနေတဲ့အပြင် မန်ယူပရိသတ်တွေရဲ့မေတ္တာကိုရရှိသွားတာကတော့ ပွဲအပြီးအင် တာဗျူးမှာ သူပြောသွားတဲ့စကားလုံးတွေကြောင့်ပါပဲ။ တန်ဇွန်ဘီက “ကျွန်တော်တို့ ပဲရစ်ကို အနိုင်ယူဖို့အတွက် လာခဲ့တာပါ။ ပီအက်စ်ဂျီကို ကျွန်တော်တို့ရဲ့လေးစားမှုတွေ ပြသခဲ့ပါတယ်။ ပြိုင်ဆိုင်မှုတွေအတွက် ချန်ပီယံလိဂ်ကရှိနေတာပါ။ ကျွန်တော်တို့က ပို ပြီး ကြီးမားတဲ့အသင်းပါ။ အမှတ်ပေးဇယားကို ဦးဆောင်ချင်ပါတယ်” လို့ ပြောသွားခဲ့တာပါ။

တန်ဇွန်ဘီရဲ့ပြောကြားချက်တွေက သရဲနီစိတ်ဓာတ်အပြည့်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်နေတယ်လို့ ပရိသတ်တွေက သဘောကျနှစ်သက်နေတာပါ။ သူ ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ပွဲချိန်အတွင်း ပြိုင်ဘက်နဲ့ ဘောလုံးယှဉ်လုတာ ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး အပိုင်ရှင်းထုတ်မှု ၇ ကြိမ်၊ ပိတ်ဆို့ကာကွယ်မှု ၁ ကြိမ်၊ ဘော လုံးပေးပို့ရာမှာ တိကျမှု ၉၂ % ရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






