
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ဖြစ်တဲ့
လီဗာပူးလ်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ (၅-ဝ)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး
အသင်းနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို ခြေစွမ်းမပြနိုင်ခဲ့သလို
ပထမပိုင်းပြီးခါနီးမှာ သူ့အသက်အရွယ်၊ ဂုဏ်သိက္ခာနဲ့မလိုက်တဲ့အပြုအမူမျိုး ကျူးလွန်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ စီရော်နယ်လ်ဒိုနဲ့ ကာတစ်ဂျုံးစ်တို့ ဘောလုံးယှဉ်လုနေတာကနေ
စီရော်နယ်လ်ဒိုဟာ အနောက်ကအသားလွတ်ကန်ခဲ့သလို ကာတစ်ဂျုံးစ်
လဲကျနေချိန်မှာလည်း ဘောလုံးကို ခြေထောက်နဲ့ပိတ်ကန်ခဲ့ပါသေးတယ်။
ဒီအဖြစ်အပျက်ကြောင့် လီဗာပူးလ်ကစားသမားတွေနဲ့ စီရော်နယ်လ်ဒို
အချင်းများခဲ့ပြီး ဒိုင်လူကြီးအန်သိုနီတေလာက အဝါကတ်သာပြသခဲ့လို့
စီရော်နယ်လ်ဒို ကံကောင်းခဲ့တာဖြစ်ပါတယ်။
ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် လီဗာပူးလ်နည်းပြယာဂန်ကလော့ပ်က
မကျေမနပ်ဖြစ်ခဲ့တာကြောင့် စတုတ္ထဒိုင်အနားကိုသွားပြီးတော့ စောဒကတက်ခဲ့ပါသေးတယ်။
ယူနိုက်တက်နဲ့လီဗာပူးလ်ပွဲကို Sky Sports ရုပ်သံမှာ ဘောလုံးပွဲ
သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က စီရော်နယ်လ်ဒိုဟာ
စဉ်းစားဆင်ခြင်မှုမရှိတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
အခုအဖြစ်အပျက်မှာ စီရော်နယ်လ်ဒို ကံကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှ
လူစားဝင်လာတဲ့ ပေ့ါဘာကတော့ ကံမကောင်းခဲ့ဘဲ နာဘီကီတာကို
အဝင်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။
ဒုတိယပိုင်းစစချင်းမှာ ဂရင်းဝုဒ်နေရာလူစားဝင်လာတဲ့ ပေ့ါဘာဟာ
(၁၅)မိနစ်လောက်အကြာမှာပဲ နာဘီကီတာကို ခြေစုံပစ်ဝင်ခဲ့လို့
ဒိုင်လူကြီးအန်သိုနီတေလာက အဝါကတ်ပြသခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးတော့
တိုက်ရိုက်အနီကတ်ပြဖို့ဆုံးဖြတ်ခဲ့တာပါ။
ပေ့ါဘာရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့် နာဘီကီတာလည်း
ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့
သယ်ဆောင်သွားရတဲ့အထိဖြစ်ခဲ့ပါတယ်။
ဒါက ပေ့ါဘာရဲ့ကစားသမားဘဝတစ်လျှောက် (၄)ကြိမ်မြောက်
အနီကတ်ထိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်မှာ(၁)ကြိမ်၊ ယူနိုက်တက်အသင်းမှာ
(၃)ကြိမ်အနီကတ်အပြခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမပိုင်းကတည်းက လီဗာပူးလ်အသင်းကို (၄)ဂိုး
ပြတ်ရှုံးနိမ့်ခဲ့ပြီး ဒုတိယပိုင်းအစမှာ ဆာလာက သူ့ရဲ့ဟက်ထရစ်ဖြစ်စေမယ့်
ဂိုးသွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ(၅)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
zawgyi
ဂယ္ရီနဗီးလ္က စီေရာ္နယ္လ္ဒိုဟာ စဥ္းစားဆင္ျခင္မႈမရွိတဲ့လုပ္ရပ္ကို က်ဴးလြန္ခဲ့တယ္လို႔ ေဝဖန္ေျပာဆို
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ျဖစ္တဲ့
လီဗာပူးလ္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ (၅-ဝ)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး
အသင္းနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို ေျခစြမ္းမျပႏိုင္ခဲ့သလို
ပထမပိုင္းၿပီးခါနီးမွာ သူ႔အသက္အ႐ြယ္၊ ဂုဏ္သိကၡာနဲ႔မလိုက္တဲ့အျပဳအမူမ်ိဳး က်ဴးလြန္ခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ စီေရာ္နယ္လ္ဒိုနဲ႔ ကာတစ္ဂ်ဳံးစ္တို႔ ေဘာလုံးယွဥ္လုေနတာကေန
စီေရာ္နယ္လ္ဒိုဟာ အေနာက္ကအသားလြတ္ကန္ခဲ့သလို ကာတစ္ဂ်ဳံးစ္
လဲက်ေနခ်ိန္မွာလည္း ေဘာလုံးကို ေျခေထာက္နဲ႔ပိတ္ကန္ခဲ့ပါေသးတယ္။
ဒီအျဖစ္အပ်က္ေၾကာင့္ လီဗာပူးလ္ကစားသမားေတြနဲ႔ စီေရာ္နယ္လ္ဒို
အခ်င္းမ်ားခဲ့ၿပီး ဒိုင္လူႀကီးအန္သိုနီေတလာက အဝါကတ္သာျပသခဲ့လို႔
စီေရာ္နယ္လ္ဒို ကံေကာင္းခဲ့တာျဖစ္ပါတယ္။
ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အေပၚ လီဗာပူးလ္နည္းျပယာဂန္ကေလာ့ပ္က
မေက်မနပ္ျဖစ္ခဲ့တာေၾကာင့္ စတုတၳဒိုင္အနားကိုသြားၿပီးေတာ့ ေစာဒကတက္ခဲ့ပါေသးတယ္။
ယူႏိုက္တက္နဲ႔လီဗာပူးလ္ပြဲကို Sky Sports ႐ုပ္သံမွာ ေဘာလုံးပြဲ
သုံးသပ္သူအျဖစ္ေဆာင္႐ြက္ေနတဲ့ ဂယ္ရီနဗီးလ္က စီေရာ္နယ္လ္ဒိုဟာ
စဥ္းစားဆင္ျခင္မႈမရွိတဲ့လုပ္ရပ္ကို က်ဴးလြန္ခဲ့တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
အခုအျဖစ္အပ်က္မွာ စီေရာ္နယ္လ္ဒို ကံေကာင္းခဲ့ေပမယ့္ ဒုတိယပိုင္းမွ
လူစားဝင္လာတဲ့ ေပ့ါဘာကေတာ့ ကံမေကာင္းခဲ့ဘဲ နာဘီကီတာကို
အဝင္ၾကမ္းခဲ့လို႔ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရပါတယ္။
ဒုတိယပိုင္းစစခ်င္းမွာ ဂရင္းဝုဒ္ေနရာလူစားဝင္လာတဲ့ ေပ့ါဘာဟာ
(၁၅)မိနစ္ေလာက္အၾကာမွာပဲ နာဘီကီတာကို ေျခစုံပစ္ဝင္ခဲ့လို႔
ဒိုင္လူႀကီးအန္သိုနီေတလာက အဝါကတ္ျပသခဲ့ေပမယ့္ VAR ျပန္ၾကည့္ၿပီးေတာ့
တိုက္႐ိုက္အနီကတ္ျပဖို႔ဆုံးျဖတ္ခဲ့တာပါ။
ေပ့ါဘာရဲ႕ၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္ နာဘီကီတာလည္း
ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ၿပီး ကြင္းထဲကေန ထမ္းစင္နဲ႔
သယ္ေဆာင္သြားရတဲ့အထိျဖစ္ခဲ့ပါတယ္။
ဒါက ေပ့ါဘာရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ (၄)ႀကိမ္ေျမာက္
အနီကတ္ထိခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္မွာ(၁)ႀကိမ္၊ ယူႏိုက္တက္အသင္းမွာ
(၃)ႀကိမ္အနီကတ္အျပခံခဲ့ရတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ပထမပိုင္းကတည္းက လီဗာပူးလ္အသင္းကို (၄)ဂိုး
ျပတ္ရႈံးနိမ့္ခဲ့ၿပီး ဒုတိယပိုင္းအစမွာ ဆာလာက သူ႔ရဲ႕ဟက္ထရစ္ျဖစ္ေစမယ့္
ဂိုးသြင္းယူခဲ့တာေၾကာင့္ ပြဲအၿပီးမွာ(၅)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။