
မန်ချက်စတာဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ဂယ်ရီနဗီးလ်က မန်ချက်စတာ
ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို (၅-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်
တာဝန်ရှိသူတွေအနေနဲ့ ဆိုးလ်ရှားကို ရာထူးကမထုတ်သေးဘဲ ရာသီကုန်အထိ
ဆက်ထားသွားဖို့ရှိနေတယ်လို့သုံးသပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာအခါးသီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမှာ
ပထမပိုင်းအပြီးမှာပဲ(၄-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး
ဆာလာရဲ့ဟက်ထရစ်နဲ့အတူ ပွဲအပြီးမှာ(၅-ဝ)ဂိုးပြတ်နဲ့အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
အခုဆိုရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့အပြင်
ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၈)မှတ်အထိကွာဟသွားပြီဖြစ်လို့ ဆိုးလ်ရှားအပေါ် ဖိအားတွေ
များနေပေမယ့် ဂယ်ရီနဗီးလ်ကတော့ ရာသီကုန်အထိ နည်းပြနေရာမှာဆိုးလ်ရှားဆက်ရှိဖို့
များတယ်ဆိုပြီးသုံးသပ်ခဲ့တာပါ။
ဂယ်ရီနဗီးလ်က “ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်၊
ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ဖို့နီးစပ်နေပြီလို့ ကျွန်တော်မထင်သလို
အခုလောလောဆယ် လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ရင်ဘောင်တန်းနိုင်တဲ့
အဆင့်မျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ ဒီရာသီမှာ နည်းပြ
အပြောင်းအလဲလုပ်ဖို့အစီအစဉ်မရှိဘဲ ဆိုးလ်ရှားကို ရာသီကုန်အထိ နည်းပြအဖြစ်
ထားရှိသွားမယ်လို့ ကျွန်တော်ယူဆပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။
zawgyi
ဂယ္ရီနဗီးလ္က ဆိုးလ္ရွားကို ရာသီကုန္အထိ ဆက္ထားဖို႔ရွိေနတယ္လို႔ သုံးသပ္
မန္ခ်က္စတာဂႏၴဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ဂယ္ရီနဗီးလ္က မန္ခ်က္စတာ
ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္ကို (၅-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့ေပမယ့္
တာဝန္ရွိသူေတြအေနနဲ႔ ဆိုးလ္ရွားကို ရာထူးကမထုတ္ေသးဘဲ ရာသီကုန္အထိ
ဆက္ထားသြားဖို႔ရွိေနတယ္လို႔သုံးသပ္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
အခါးသီးဆုံးၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ ပထမပိုင္းအၿပီးမွာပဲ(၄-ဝ)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး
ဆာလာရဲ႕ဟက္ထရစ္နဲ႔အတူ ပြဲအၿပီးမွာ(၅-ဝ)ဂိုးျပတ္နဲ႔အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။
အခုဆိုရင္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္(၄)ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့အျပင္
ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၈)မွတ္အထိကြာဟသြားၿပီျဖစ္လို႔ ဆိုးလ္ရွားအေပၚ ဖိအားေတြ
မ်ားေနေပမယ့္ ဂယ္ရီနဗီးလ္ကေတာ့ ရာသီကုန္အထိ နည္းျပေနရာမွာဆိုးလ္ရွားဆက္ရွိဖို႔
မ်ားတယ္ဆိုၿပီးသုံးသပ္ခဲ့တာပါ။ ဂယ္ရီနဗီးလ္က “ယူႏိုက္တက္အသင္းဟာ
ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ဖို႔နီးစပ္ေနၿပီလို႔ ကြၽန္ေတာ္မထင္သလို
အခုေလာေလာဆယ္ လီဗာပူးလ္၊ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔နဲ႔ရင္ေဘာင္တန္းႏိုင္တဲ့
အဆင့္မ်ိဳးလည္း မရွိပါဘူး။ ဒါေပမဲ့ တာဝန္ရွိသူေတြကေတာ့ ဒီရာသီမွာ နည္းျပ
အေျပာင္းအလဲလုပ္ဖို႔အစီအစဥ္မရွိဘဲ ဆိုးလ္ရွားကို ရာသီကုန္အထိ နည္းျပအျဖစ္
ထားရွိသြားမယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။