
ချဲလ်ဆီးပရိသတ်များဟာခရစ္စတယ်ပဲလေ့စ်တွင်အငှားဖြင့်ကစားစဉ်အတွင်း
ခြေစွမ်းပြကစားနေတဲ့ကော်နာဂယ်လာဂါကိုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
အသင်းသို့ပြန်ခေါ်ယူရန်ကလပ်ကိုတောင်ဆိုမှုပြုလုပ်လာကြပါတယ်။
အင်္ဂလန်လက်ရွေးစင်အလယ်တန်းကစားသမားဟာပဲလေ့စ်သို့ရာသီအကုန်အထိ
အငှားဖြင့်သွားရောက်ကစားနေသူဖြစ်ပြီးမနေ့ညတုန်းက အဲဗာတန်ကို၃-၁ဂိုးဖြင့်
အနိုင်ရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။
အသက်၂၁နှစ်ရှိဂယ်လာဂါဟာ အဲဗာတန်နှင့်ပွဲတွင်ပဲလေ့စ်အတွက်
ဦးဆောင်ဂိုးနဲ့အပိတ်ဂိုးတို့ကိုသွင်းယူခဲ့ပါတယ်။
သူ့ရဲ့ဒုတိယဂိုးကဧရိယာအပြင်ကနေလှပစွာဝေ့ဝိုက်ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။
ဂယ်လာဂါဟာယခုရာသီမှာပဲလေ့စ်အတွက်ပရီးမီးယားလိဂ်ပွဲ၁၅ပွဲကစားထားရာမှာ
၆ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးပရိသတ်များကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
ဂယ်လာဂါကိုအသင်းသို့ပြန်ခေါ်ယူရန်ကလပ်ကိုတောင်းဆိုနေပါတယ်။
zawgyi
ဂယ်လာဂါကို ပြန်ခေါ်ခိုင်းနေတဲ့ ချဲလ်ဆီးပရိသတ်တွေ