ဂရန်နာဒါနဲ့ပွဲလူစာရင်းမှာ ဘာစီလိုနာအတွက် ပထမဆုံးအကြိမ်ပါဝင်လာတဲ့ အသက် ၁၇ နှစ်အရွယ်ကစားသမားလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းကတော့ အခုအပတ်မှာကစားမယ့် ဂရန်နာဒါအသင်းနဲ့ လာလီဂါပွဲစဉ်အတွက် စီနီယာအသင်းလူစာရင်းမှာ အသက် ၁၇ နှစ်အရွယ်ကစားသမားလေး လာလစ်မိုရီဘကို ထည့်သွင်းလာခဲ့ပါတယ်။

အသက် ၁၇ နှစ်သားလေးဟာ ဘာစီလိုနာလူငယ်ကစားသမားတွေထဲမှာ အတောက်ပဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပေမယ့်လက်ရှိအချိန်အထိ စီနီယာအသင်းအတွက် မကစားပေးရသေးတာဖြစ်ပါတယ်။

ဂူနီယာနွယ်ဖွား ကွင်းလယ်ကစားသမားဟာ အခုလထဲမှာ ၁၈ နှစ်ပြည့်မှာဖြစ်ပြီး ဘာစီလိုနာလူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေကာ လာမာစီယာအကယ်ဒမီရဲ့ အကောင်းဆုံးကစားသမားလေးအဖြစ် သတ်မှတ်ခံထားရပါတယ်။

မိုရီဘဟာ ဘာစီလိုနာလူငယ်အသင်းမှာပြသနေတဲ့ ခြေစွမ်းတွေကြောင့် စီနီယာအသင်းမှာ အခုလိုမျိုးရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းရဲ့ဘာစီလိုနာအသင်းဟာ ဦးစားပေးဗဟိုနောက်ခံလူတွေဖြစ်တဲ့ ပီကေး နဲ့ လန်ဂလက်ချ်တို့ မပါဘဲ ဂရန်နာဒါကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာဘီအသင်းမှာ ကစားနေတဲ့ လူငယ် ၂ ဦးဖြစ်တဲ့ အော်စကာမင်ဂွီဇာ နဲ့ ရော်နယ်အာရူဂျိုတို့ိကို ခေါ်ယူခဲ့ပါတယ်။

ဂရန်နာဒါနဲ့ပွဲကို ဆာဂျီရောဘတ်တို ၊ ဖာတီ နဲ့ ကော်တင်ဟိုတို့လည်း ဒဏ်ရာအသီးသီးကြောင့် လွဲချော်ဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂရန္နာဒါနဲ႔ပြဲလူစာရင္းမွာ ဘာစီလိုနာအတြက္ ပထမဆံုးအၾကိမ္ပါ၀င္လာတဲ့ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားေလး

ဘာစီလိုနာအသင္းကေတာ့ အခုအပတ္မွာကစားမယ့္ ဂရန္နာဒါအသင္းနဲ႔ လာလီဂါပြဲစဥ္အတြက္ စီနီယာအသင္းလူစာရင္းမွာ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားေလး လာလစ္မိုရီဘကို ထည့္သြင္းလာခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္သားေလးဟာ ဘာစီလိုနာလူငယ္ကစားသမားေတြထဲမွာ အေတာက္ပဆံုးကစားသမားအျဖစ္ သတ္မွတ္ခံထားရေပမယ့္လက္ရွိအခ်ိန္အထိ စီနီယာအသင္းအတြက္ မကစားေပးရေသးတာျဖစ္ပါတယ္။

ဂူနီယာႏြယ္ဖြား ကြင္းလယ္ကစားသမားဟာ အခုလထဲမွာ ၁၈ ႏွစ္ျပည့္မွာျဖစ္ျပီး ဘာစီလိုနာလူငယ္အသင္းမွာ ေျခစြမ္းေကာင္းေတြျပသေနကာ လာမာစီယာအကယ္ဒမီရဲ႕ အေကာင္းဆံုးကစားသမားေလးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

မိုရီဘဟာ ဘာစီလိုနာလူငယ္အသင္းမွာျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ စီနီယာအသင္းမွာ အခုလိုမ်ိဳးေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ ေရာ္နယ္ကိုးမန္းရဲ႕ဘာစီလိုနာအသင္းဟာ ဦးစားေပးဗဟိုေနာက္ခံလူေတြျဖစ္တဲ့ ပီေကး နဲ႔ လန္ဂလက္ခ်္တို႔ မပါဘဲ ဂရန္နာဒါကို ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာဘီအသင္းမွာ ကစားေနတဲ့ လူငယ္ ၂ ဦးျဖစ္တဲ့ ေအာ္စကာမင္ဂြီဇာ နဲ႔ ေရာ္နယ္အာရူဂ်ိဳတို႔ိကို ေခၚယူခဲ့ပါတယ္။ ဂရန္နာဒါနဲ႔ပြဲကို ဆာဂ်ီေရာဘတ္တို ၊ ဖာတီ နဲ႔ ေကာ္တင္ဟိုတို႔လည္း ဒဏ္ရာအသီးသီးေၾကာင့္ လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။