ဂရီလစ်ရှ်ကို မန်ယူခေါ်ယူပြီး ကွင်းလယ်နဲ့ တိုက်စစ်ကိုတည်ဆောက်ဖို့ ဖာဒီနန်တိုက်တွန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်က မန်ယူအနေနဲ့ အက်စ်တွန်ဗီလာကွင်းလယ်လူ ဂရီလစ်ရှ်ကိုေ ခါ်ယူဖို့ တိုက်တွန်းလိုက်ပြီး သူ့စိတ်ကူးထဲက တွဲဖက်စေချင်တဲ့ ကစားသမား ၆ ဦးကိုလည်း ထုတ်ပြောလိုက်ပါတယ်။

မန်ယူဟာ အသက် ၂၅ နှစ်ရှိတဲ့ ဂရီလစ်ရှ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာ ကြာလှပြီဖြစ်ပြီး ကိုဗစ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်ရိုက်ခဲ့လို့သာ မခေါ်နိုင်ခဲ့တာပါ။ မန်ယူဟာပြီးခဲ့တဲ့ နွေရာသီက ဂရီလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ဘဲ ကစားသမားက ဗီလာနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ် ကို လက်မှတ်ထိုးခဲ့တာပါ။

လက်ရှိမှာသူ့ကိုခေါ်ချင်ရင် အနည်းဆုံးပေါင်သန်း ၆၀ အထိပေးမှရလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဖာဒီနန်ဟာ မန်ချက်စတာမှာသူဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ဂရီလစ်ရှ်လာရင်းနဲ့ ရင်းနှီးနေသူဖြစ်ပြီး မန်ယူ သာခေါ်ခဲ့မယ်ဆိုရင် အံကိုက်ဖြစ်မှာလို့ ယုံကြည်နေပါတယ်။

ဂရီလစ်ရှ်ဟာ မန်ယူကို ၂-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ သူ့အသင်းအတွက် ခြေစွမ်းပြပြီး ဘယ်တောင်ပံကနေ မန်ယူကိုဒုက္ခပေးသွားနိုင်တဲ့သူပါ။ ဖာဒီနန်က” ကစားသမားကောင်းတွေဆိုတာ အဆင်ပြေမယ့်နည်းလမ်းကို ရှာတွေ့နိုင်ကြတဲ့သူတွေပါ။ မန်ယူအတွက် စိတ်ကူးထဲကနေ အသင်းတစ်ခုကိုပုံဖော်ကြည့်လိုက်စမ်းပါ။

တွန်မီနေး နဲ့ပေါ့ဂ်ဘာက ကွင်းလယ်ဗဟိုဗျာ၊ ဖာနန်ဒက်စ်က နံပါတ် ၁၀ နေရာပေါ့။ ဂရီလစ်ရှ်က ဘယ်၊ ဂရင်းဝုဒ်က ညာနဲ့ ရက်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူး နေရာမှာ ရှိမယ့်အသင်းမျိုးပေါ့။ လောလောဆယ်တော့ ဒီအသင်းအတွက် ကျွန်တော့်နှုတ်ခမ်းကို သပ်နေရုံဘဲ တတ်နိုင်ပါတယ်” လို့ပြောသွားပါတယ်။

ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်ဖို့ နီးစပ်နေတဲ့သူဖြစ်ပေမယ့် ဒီပြင်သစ်သားဆက်နေခြင်း မနေခြင်းကိုသူအရေးမထားကြောင်း ဂရီလစ်ရှ်ကသာ သူအလိုချင်ဆုံးသူဖြစ်ကြောင်း ဖာဒီနန်ကဆက်ပြောပါတယ်။ သူက” ပေါ့ဂ်ဘာ ထွက်သွားမှာကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ကျွန်တော့်ကစားသမားက ဂရီလစ်ရှ်ပါဘဲ။

သူ့အကြောင်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဘောလုံးကိုချစ်မြတ်နိုးပြီး မိသားစုကိုလည်း အလေးထားပါတယ်။ ကျွန်တော့်ဆိုင်ကို လည်းမကြာခဏလာလေ့ရှိပြီး ဗီလာပတ်မှာ ပွဲကြည့်ဖို့ လက်မှတ်တွေတောင် ပေးဘူးပါတယ်” လို့ ပြောသွားပါတယ်။ ဂရီလစ်ရှ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဗီလာအတွက် ၆ ဂိုးသွင်းပြီး ၉ ဂိုးဖန်တီးပေးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂရီလစ္ရွ္ကို မန္ယူေခၚယူၿပီး ကြင္းလယ္နဲ႔ တိုက္စစ္ကိုတည္ေဆာက္ဖို႔ ဖာဒီနန္တိုက္တြန္း

မန္ယူအသင္းေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က မန္ယူအေနနဲ႔ အက္စ္တြန္ဗီလာကြင္းလယ္လူ ဂရီလစ္ရွ္ကိုေ ခၚယူဖို႔ တိုက္တြန္းလိုက္ၿပီး သူ႔စိတ္ကူးထဲက တြဲဖက္ေစခ်င္တဲ့ ကစားသမား ၆ ဦးကိုလည္း ထုတ္ေျပာလိုက္ပါတယ္။ မန္ယူဟာ အသက္ ၂၅ ႏွစ္ရွိတဲ့ ဂရီလစ္ရွ္ကို ေခၚယူဖို႔စိတ္ဝင္စားေနတာ ၾကာလွၿပီျဖစ္ၿပီး ကိုဗစ္ကပ္ေဘးေၾကာင့္ ဘ႑ာေရးအက်ပ္႐ိုက္ခဲ့လို႔သာ မေခၚႏိုင္ခဲ့တာပါ။ မန္ယူဟာၿပီးခဲ့တဲ့ ေႏြရာသီက ဂရီလစ္ရွ္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္းအဆင္မေျပခဲ့ဘဲ ကစားသမားက ဗီလာနဲ႔ ၅ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ ကို လက္မွတ္ထိုးခဲ့တာပါ။

လက္ရွိမွာသူ႔ကိုေခၚခ်င္ရင္ အနည္းဆုံးေပါင္သန္း ၆၀ အထိေပးမွရလိမ့္မယ္လို႔လည္း ဆိုပါတယ္။ ဖာဒီနန္ဟာ မန္ခ်က္စတာမွာသူဖြင့္ထားတဲ့ စားေသာက္ဆိုင္ကို ဂရီလစ္ရွ္လာရင္းနဲ႔ ရင္းႏွီးေနသူျဖစ္ၿပီး မန္ယူ သာေခၚခဲ့မယ္ဆိုရင္ အံကိုက္ျဖစ္မွာလို႔ ယုံၾကည္ေနပါတယ္။ ဂရီလစ္ရွ္ဟာ မန္ယူကို ၂-၁ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ သူ႔အသင္းအတြက္ ေျခစြမ္းျပၿပီး ဘယ္ေတာင္ပံကေန မန္ယူကိုဒုကၡေပးသြားႏိုင္တဲ့သူပါ။ ဖာဒီနန္က” ကစားသမားေကာင္းေတြဆိုတာ အဆင္ေျပမယ့္နည္းလမ္းကို ရွာေတြ႕ႏိုင္ၾကတဲ့သူေတြပါ။ မန္ယူအတြက္ စိတ္ကူးထဲကေန အသင္းတစ္ခုကိုပုံေဖာ္ၾကည့္လိုက္စမ္းပါ။

တြန္မီေနး နဲ႔ေပါ့ဂ္ဘာက ကြင္းလယ္ဗဟိုဗ်ာ၊ ဖာနန္ဒက္စ္က နံပါတ္ ၁၀ ေနရာေပါ့။ ဂရီလစ္ရွ္က ဘယ္၊ ဂရင္းဝုဒ္က ညာနဲ႔ ရက္ရွ္ဖို႔ဒ္က အေထာင္တိုက္စစ္မႉး ေနရာမွာ ရွိမယ့္အသင္းမ်ိဳးေပါ့။ ေလာေလာဆယ္ေတာ့ ဒီအသင္းအတြက္ ကြၽန္ေတာ့္ႏႈတ္ခမ္းကို သပ္ေန႐ုံဘဲ တတ္ႏိုင္ပါတယ္” လို႔ေျပာသြားပါတယ္။ ေပါ့ဂ္ဘာဟာ မန္ယူကေနထြက္ဖို႔ နီးစပ္ေနတဲ့သူျဖစ္ေပမယ့္ ဒီျပင္သစ္သားဆက္ေနျခင္း မေနျခင္းကိုသူအေရးမထားေၾကာင္း ဂရီလစ္ရွ္ကသာ သူအလိုခ်င္ဆုံးသူျဖစ္ေၾကာင္း ဖာဒီနန္ကဆက္ေျပာပါတယ္။ သူက” ေပါ့ဂ္ဘာ ထြက္သြားမွာကို ကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး။ ကြၽန္ေတာ့္ကစားသမားက ဂရီလစ္ရွ္ပါဘဲ။ သူ႔အေၾကာင္း ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္။ ေဘာလုံးကိုခ်စ္ျမတ္ႏိုးၿပီး မိသားစုကိုလည္း အေလးထားပါတယ္။ ကြၽန္ေတာ့္ဆိုင္ကို လည္းမၾကာခဏလာေလ့ရွိၿပီး ဗီလာပတ္မွာ ပြဲၾကည့္ဖို႔ လက္မွတ္ေတြေတာင္ ေပးဘူးပါတယ္” လို႔ ေျပာသြားပါတယ္။ ဂရီလစ္ရွ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဗီလာအတြက္ ၆ ဂိုးသြင္းၿပီး ၉ ဂိုးဖန္တီးေပးထားပါတယ္။