ဂလေစာ မိသားစုရဲ့ တောင်းဆိုချက်နဲ့ အားကစားဒါရိုက်တာရာထူးနေရာ ခန့်အပ်ဖို့ ၅ ဦးလောက်အထိ လျာထားတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ အဆင်မပြေခဲ့တာကြောင့် အသင်းရဲ့အားကစားဒါရိုက်တာရာထူးနေရာအတွက် ကစားသမား ၅ ဦးအထိ လျာထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်အမှုဆောင် ဝုဝါ့တ်ကတော့ လက်ရှိအသင်းရဲ့အပြောင်းအရွှေ့တွေကို စီမံနေခဲ့ပေမယ့် အဆင်မပြေမှုတွေရှိနေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။


ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်က ဖာဂူဆန်အနားယူပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ဝေးကွာခဲ့ကာ ဒေးဗစ်ဂီးလ်ကလည်း အသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေတုန်းက ဆိုးလ်ရှားဟာ ဆန်ချို ၊ ဟာလန်းတို့ကို ခေါ်ယူဖို့ အလိုရှိခဲ့ပေမယ့် ယူနိုက်တက်ဘက်က မခေါ်ယူပေးနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အမှုဆောင် ဝုဝါ့တ်ကိုင်တွယ်ခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ဆန်းချက်ဇ် နဲ့ ဒီမာရီယာတို့လို အပြောင်းအရွှေ့တွေက အလုပ်မဖြစ်ဘဲ ဆုံးရှုံးမှုတွေများခဲ့ပါတယ်။

ကလပ်အသင်းပိုင်ရှင် ဂလေဇာမိသားစုကတော့ လက်ရှိအချိန်မှာအသင်းရဲ့ရှေရည်စီမံကိန်းအတွက် အားကစားဒါရိုက်တာရာထူးကို ခန့်အပ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက်ဟာ အားကစားဒါရိုက်တာရာထူးနေရာအတွက် ၅ ဦးကိုလျာထားပြီး အဆိုပါ ၅ ဦးထဲမှာ အပြောင်းအရွှေ့ရေးရာကျွမ်းကျင်သူ ၃ ဦးအထိ ပါဝင်နေပါတယ်။ အဆိုပါ ၃ ဦးထဲမှာ ပေါလ်မစ်ချယ်လည်းပါဝင်နေပြီး ပေါလ်ဟာ ပိုချက်တီနိုလက်အောက်မှာ တော့တင်ဟမ် ၊ ဆောက်သမ်တန်တို့မှာ ဆက်တိုက်လက်တွဲခဲ့တာဖြစ်ပါတယ်။


မစ်ချယ်ကို ခန့်အပ်မယ်လိုက်ပါက ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရာခိုင်နှုန်းများလာနိုင်ပါတယ်။

နောက်ထပ်တစ်ဦးကတော့ မိုနာကို နဲ့ လိုင်လီအသင်းတို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူးဝစ်ကမ်ပို့စ်လည်း ပါဝင်နေပါတယ်။ တတိယတစ်ယောက်ကတော့ အာဆင်နယ်တောင်ပံကစားသမားဟောင်း အိုဘားမားစ်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အေဂျက်စ်မှာ ယူနိုက်တက်ဂိုးသမားဟောင်း ဗန်ဒါဆား နဲ့ အတူလက်တွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။


အိုဘားမားစ်ကလည်း သူဟာ မကြာခင်မှာ အေဂျက်စ်ကနေ စွန့်ခွာဖွယ်ရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားထားခဲ့ပါတယ်။

“အေဂျက်စ်က ကျွန်တော့်ကို ခန့်အပ်ကတည်းက ဒီမှာ ၃ နှစ် ၄ နှစ်လောက်နေမယ်လို့ စဉ်းစားထားပါတယ်။ ပြီးတော့ အေဂျက်စ်ကိုလည်း ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တစ်ခုခုမှာ အောင်မြင်မှုရယူပေးချင်ပါတယ်”လို့ အိုဘားမားစ်က ပြောကြားခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂေလစာ မိသားစုရဲ႕ ေတာင္းဆုိခ်က္နဲ႔ အားကစားဒါရိုက္တာရာထူးေနရာ ခန္႔အပ္ဖို႔ ၅ ဦးေလာက္အထိ လ်ာထားတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းတာ၀န္ရွိသူေတြကေတာ့ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ေတြမွာ အဆင္မေျပခဲ့တာေၾကာင့္ အသင္းရဲ႕အားကစားဒါရိုက္တာရာထူးေနရာအတြက္ ကစားသမား ၅ ဦးအထိ လ်ာထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အမႈေဆာင္ ၀ု၀ါ့တ္ကေတာ့ လက္ရွိအသင္းရဲ႕အေျပာင္းအေရႊ႕ေတြကို စီမံေနခဲ့ေပမယ့္ အဆင္မေျပမႈေတြရွိေနတာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္က ဖာဂူဆန္အနားယူျပီးေနာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ေ၀းကြာခဲ့ကာ ေဒးဗစ္ဂီးလ္ကလည္း အသင္းကေန အနားယူခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ေတြတုန္းက ဆိုးလ္ရွားဟာ ဆန္ခ်ိဳ ၊ ဟာလန္းတို႔ကို ေခၚယူဖို႔ အလိုရွိခဲ့ေပမယ့္ ယူႏိုက္တက္ဘက္က မေခၚယူေပးႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္အမႈေဆာင္ ၀ု၀ါ့တ္ကိုင္တြယ္ခဲ့တဲ့ အေျပာင္းအေရႊ႕ေတြမွာ ဆန္းခ်က္ဇ္ နဲ႔ ဒီမာရီယာတို႔လို အေျပာင္းအေရႊ႕ေတြက အလုပ္မျဖစ္ဘဲ ဆံုးရံႈးမႈေတြမ်ားခဲ့ပါတယ္။

ကလပ္အသင္းပိုင္ရွင္ ဂေလဇာမိသားစုကေတာ့ လက္ရွိအခ်ိန္မွာအသင္းရဲ႕ေရွရည္စီမံကိန္းအတြက္ အားကစားဒါရိုက္တာရာထူးကို ခန္႔အပ္ဖို႔ ျပင္ဆင္လာခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။
ယူႏိုက္တက္ဟာ အားကစားဒါရိုက္တာရာထူးေနရာအတြက္ ၅ ဦးကိုလ်ာထားျပီး အဆိုပါ ၅ ဦးထဲမွာ အေျပာင္းအေရႊ႕ေရးရာကြ်မ္းက်င္သူ ၃ ဦးအထိ ပါ၀င္ေနပါတယ္။ အဆိုပါ ၃ ဦးထဲမွာ ေပါလ္မစ္ခ်ယ္လည္းပါ၀င္ေနျပီး ေပါလ္ဟာ ပိုခ်က္တီႏိုလက္ေအာက္မွာ ေတာ့တင္ဟမ္ ၊ ေဆာက္သမ္တန္တို႔မွာ ဆက္တိုက္လက္တြဲခဲ့တာျဖစ္ပါတယ္။ မစ္ခ်ယ္ကို ခန္႔အပ္မယ္လိုက္ပါက ပိုခ်က္တီႏိုဟာ ယူႏိုက္တက္အသင္းနည္းျပသစ္ျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားလာႏိုင္ပါတယ္။ ေနာက္ထပ္တစ္ဦးကေတာ့ မိုနာကို နဲ႔ လိုင္လီအသင္းတို႔မွာ တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ လူး၀စ္ကမ္ပို႔စ္လည္း ပါ၀င္ေနပါတယ္။

တတိယတစ္ေယာက္ကေတာ့ အာဆင္နယ္ေတာင္ပံကစားသမားေဟာင္း အိုဘားမားစ္ျဖစ္ျပီး လက္ရွိအခ်ိန္မွာေတာ့ ေအဂ်က္စ္မွာ ယူႏိုက္တက္ဂိုးသမားေဟာင္း ဗန္ဒါဆား နဲ႔ အတူလက္တြဲလုပ္ကိုင္ေနတာျဖစ္ပါတယ္။ အိုဘားမားစ္ကလည္း သူဟာ မၾကာခင္မွာ ေအဂ်က္စ္ကေန စြန္႔ခြာဖြယ္ရွိေနတယ္လို႔ အရိပ္အျမြက္ေျပာၾကားထားခဲ့ပါတယ္။ “ေအဂ်က္စ္က ကြ်န္ေတာ့္ကို ခန္႔အပ္ကတည္းက ဒီမွာ ၃ ႏွစ္ ၄ ႏွစ္ေလာက္ေနမယ္လို႔ စဥ္းစားထားပါတယ္။ ျပီးေတာ့ ေအဂ်က္စ္ကိုလည္း ခ်န္ပီယံလိဂ္ နဲ႔ ယူရုိပါလိဂ္တစ္ခုခုမွာ ေအာင္ျမင္မႈရယူေပးခ်င္ပါတယ္”လို႔ အိုဘားမားစ္က ေျပာၾကားခဲ့ဖူးပါတယ္။