ဂိုးတွေသွင်းသလို ဂိုးမပေးရဖို့လည်းလိုတယ်လို့ဆိုတဲ့  ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်နည်းပြရေးဖ်ရန်နစ်ခ်ကအသင်းရဲ့ဆိုးရွားလှတဲ့

ခံစစ်ပြဿနာကိုအမြန်ဆုံးဖြေရှင်းသွားရမည်ဖြစ်ကြောင်းဝန်ခံပြောကြား

လိုက်ပါတယ်။ ရန်နစ်ခ်ဟာတနင်္ဂနွေနေ့တုန်းကယူနိုက်တက်အတွက်

ပထမဆုံးပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှာဖရက်ရဲ့ပွဲချိန်၇၇မိနစ်မှာ

သွင်းယူတဲ့ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာယူနိုက်တက်အတွက်ယခုရာသီမှာအိုးထရက်ဖို့ဒ်တွင်

ဂိုးမပေးခဲ့ရတဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲလည်းဖြစ်ပါတယ်။

ဒါ့အပြင်ယင်းဂိုးမပေးရမှုကယခုရာသီတွင်ယူနိုက်တက်အတွက်

ပြိုင်ပွဲအရပ်ရပ်တွင်စတုတ္ထမြောက်ဂိုးမပေးရတဲ့ပွဲဖြစ်ပါတယ်။

ရန်နစ်ခ်က “အသင်းမှာရှိတဲ့ကစားသမားအားလုံးကဂိုးသွင်းနိုင်စွမ်းရှိတဲ့

သူတွေပါ။အခုအချိန်အခါမှာစိတ်ရှည်ရပါမယ်။ဒါပေမယ့်ကျွန်တော်တို့

အနေနဲ့ဂိုးတွေသွင်းသလိုဂိုးမပေးရဖို့လည်းလိုပါတယ်။

ဒီပွဲမတိုင်ခင်သုံးပွဲတည်းပဲဂိုးမပေးရဘူးလို့ပြောတယ်မလား”လို့

ပြောကြားသွားပါတယ်။

ရန်နစ်ခ်ဟာခရစ္စတယ်ပဲလေ့စ်တွင်သူ့ရဲ့

Gegenpressing စတိုင်ကို အသုံးပြုသွားပြီးခရစ္စတယ်ပဲလေ့စ်

ကွင်းဘက်ခြမ်းရဲ့ကွင်းလယ်တစ်ဖက်တွင်ဘောလုံးလုယူနိုင်မှု၁၂ကြိမ်အထိ

ပြုလုပ်နိုင်ခဲ့ကာဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်

စွမ်းဆောင်နိုင်တဲ့မှတ်တမ်းရရှိခဲ့ပါတယ်။

ရန်နစ်ခ်ဟာသူ့ရဲ့ယူနိုက်တက်အတွက်ဒုတိယမြောက်ပွဲစဉ်အဖြစ်ဗုဒ္ဓဟူးနေ့တွင်

အိုးထရက်ဖို့ဒ်ကွင်းမှာယန်းဘွိုင်းအားချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ်

ဧည့်ခံကစားရပါမယ်။

zawgyi

ဂိုးေတြသြင္းသလို ဂိုးမေပးရဖို႔လည္းလိုတယ္လို႔ဆိုတဲ့  ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္နည္းျပေရးဖ္ရန္နစ္ခ္ကအသင္းရဲ႕ဆိုး႐ြားလွတဲ့

ခံစစ္ျပႆနာကိုအျမန္ဆုံးေျဖရွင္းသြားရမည္ျဖစ္ေၾကာင္းဝန္ခံေျပာၾကား

လိုက္ပါတယ္။ ရန္နစ္ခ္ဟာတနဂၤေႏြေန႔တုန္းကယူႏိုက္တက္အတြက္

ပထမဆုံးပြဲျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွာဖရက္ရဲ႕ပြဲခ်ိန္၇၇မိနစ္မွာ

သြင္းယူတဲ့ဂိုးျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲမွာယူႏိုက္တက္အတြက္ယခုရာသီမွာအိုးထရက္ဖို႔ဒ္တြင္

ဂိုးမေပးခဲ့ရတဲ့ပထမဆုံးပရီးမီးယားလိဂ္ပြဲလည္းျဖစ္ပါတယ္။

ဒါ့အျပင္ယင္းဂိုးမေပးရမႈကယခုရာသီတြင္ယူႏိုက္တက္အတြက္

ၿပိဳင္ပြဲအရပ္ရပ္တြင္စတုတၳေျမာက္ဂိုးမေပးရတဲ့ပြဲျဖစ္ပါတယ္။

ရန္နစ္ခ္က “အသင္းမွာရွိတဲ့ကစားသမားအားလုံးကဂိုးသြင္းႏိုင္စြမ္းရွိတဲ့

သူေတြပါ။အခုအခ်ိန္အခါမွာစိတ္ရွည္ရပါမယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔

အေနနဲ႔ဂိုးေတြသြင္းသလိုဂိုးမေပးရဖို႔လည္းလိုပါတယ္။

ဒီပြဲမတိုင္ခင္သုံးပြဲတည္းပဲဂိုးမေပးရဘူးလို႔ေျပာတယ္မလား”လို႔

ေျပာၾကားသြားပါတယ္။ ရန္နစ္ခ္ဟာခရစၥတယ္ပဲေလ့စ္တြင္သူ႔ရဲ႕

Gegenpressing စတိုင္ကို အသုံးျပဳသြားၿပီးခရစၥတယ္ပဲေလ့စ္

ကြင္းဘက္ျခမ္းရဲ႕ကြင္းလယ္တစ္ဖက္တြင္ေဘာလုံးလုယူႏိုင္မႈ၁၂ႀကိမ္အထိ

ျပဳလုပ္ႏိုင္ခဲ့ကာဆာအဲလက္စ္ဖာဂူဆန္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္

စြမ္းေဆာင္ႏိုင္တဲ့မွတ္တမ္းရရွိခဲ့ပါတယ္။

ရန္နစ္ခ္ဟာသူ႔ရဲ႕ယူႏိုက္တက္အတြက္ဒုတိယေျမာက္ပြဲစဥ္အျဖစ္ဗုဒၶဟူးေန႔တြင္

အိုးထရက္ဖို႔ဒ္ကြင္းမွာယန္းဘြိဳင္းအားခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲအျဖစ္

ဧည့္ခံကစားရပါမယ္။