ဂိုးသမား နေသန်အတွက် ဂုဏ်ပြုစကားဆိုတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ အင်္ဂလန်ယူ-၂၀ လက်ရွေးစင် လူငယ်ဂိုးသမား နေသန်ဘစ်ရှော့ကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့် ရှိသည့် အချက်ကိုပါ စာချုပ်မှာ ထည့်သွင်းထားပါတယ်။ ၎ကိုလိဂ်ဝမ်းကလပ်များထံ အငှားချမှာ ဖြစ်ပါတယ်။ဂိုးသမား နေသန်နဲ့ ဘရူနိုဟာ ယူနိုက်တက်ကို၂၀၂၀ ဇန်နဝါရီဈေးကွက်အတွင်းမှာ ရောက်လာကြတာပါ။

နေသန်စာချုပ်သစ်ချုပ်ဆိုနိုင်တာနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က ” ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ကောင်လေး၊ ဝါရင့် ဂိုးသမားကောင်း တစ်ယောက် ဖြစ်အောင် ဆက်ပြီး ကြိုးစားပါ” ဆိုပြီး လူမှုကွန်ရက်မှာ ဂုဏ်ပြုဝမ်းသာ ပို့စ်တင်ထားပါတယ်။ နေသန်တစ်ယောက်ကလည်း အငှားထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ “ကျွန်တော် ပတ်ဝန်းကျင် အသစ်ကို သွားဖို့ အဆင်သင့်ပါပဲ။ အဲဒီမှာ အားလုံးကို ဦးဆောင်ပြီး မိနစ် ၉၀ အပြည့် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူတို့ ကျွန်တော့်ကို ယုံကြည်လာအောင်လည်း ကြိုးစားမှာပါ။ အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ အတွက်လည်း စိတ်လှုပ်ရှားနေပါပြီ” ဆိုပြီး နေသန်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ ယူနိုက်တက်ဟာ အသက် ၂၁ နှစ်အရွယ် ဂိုးသမား နေသန်ကိုSouthern United အသင်း ကနေ ခေါ်ယူခဲ့တာပါ။ သူဟာ (၁၉၉၉)ခုနှစ်အောက်တိုဘာ (၁၅)ရက်နေ့မှာမွေးဖွားခဲ့တာပါ။ လွန်ခဲ့တဲ့ (၂၀၁၆)ခုနှစ်ကနေစပြီးတော့ ကစားသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီး၊ စစချင်းမှာတော့ဆောက်သမ်ယူနိုက်တက်လူငယ်အသင်းမှာကစားခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကုန်ချိန်မှာ ဝက်စ်ဟမ်းအသင်းကို ခြေစွမ်းအစမ်းသပ်ခံဖို့သွားရောက်ခဲ့ပေမယ့်စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိပါဘူး။

အဲဒီနောက်(၂၀၁၇-၂၀၁၈)ဘောလုံးရာသီမှာတော့ ဆောက်သမ်ယူနိုက်တက်စီနီယာအသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့ပြီး၊တစ်ရာသီလုံးမှာ ပွဲထွက်ခွင့်(၁)ပွဲသာရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈-၂၀၁၉ဘောလုံးရာသီမှာတော့ နေသန်ဟာဆောက်သမ်ယူနိုက်တက်အတွက် ပွဲပေါင်း(၁၈)ပွဲအထိကစားခွင့်ရခဲ့ပြီး၊၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ နေသန်ဟာဆောက်သမ်ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ (၁၇)ပွဲပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ခုချိန်မှာတော့ ယူနိုက်တက် ဂိုးသမားဌာနမှာ ဒီဂီယာက ကြီးစိုးပြီး၊ ဟန်ဒါဆန်က နေရာလုနေတာကြောင့် ကျန်တဲ့ ဂိုးသမားတွေတောင် ငုတ်တုတ်ထိုင်နေရပါတယ်။ ဒါကြောင့် အငှားထွက်တာဟာ နေသန်အတွက် ပိုကောင်းစေပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂိုးသမား ​ေနသန္အတြက္ ဂုဏ္ျပဳစကားဆိုတဲ့ ဖာနန္ဒက္စ္ ယူႏိုက္တက္အသင္းဟာ အဂၤလန္ယူ-၂၀ လက္ေ႐ြးစင္ လူငယ္ဂိုးသမား ​ေနသန္ဘစ္ေရွာ့ကို ၂၀၂၃ ခုႏွစ္အထိ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး တစ္ႏွစ္ထပ္မံသက္တမ္းတိုးခြင့္ ရွိသည့္ အခ်က္ကိုပါ စာခ်ဳပ္မွာ ထည့္သြင္းထားပါတယ္။ ၎ကိုလိဂ္ဝမ္းကလပ္မ်ားထံ အငွားခ်မွာ ျဖစ္ပါတယ္။ဂိုးသမား ​ေနသန္နဲ႔ ဘ႐ူႏိုဟာ ယူႏိုက္တက္ကို၂၀၂၀ ဇန္နဝါရီေဈးကြက္အတြင္းမွာ ​​ေရာက္လာၾကတာပါ။

​ေနသန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္တာနဲ႔ ပတ္သက္ၿပီး ဖာနန္ဒက္စ္က ” ​ေကာင္း​ေကာင္းလုပ္ႏိုင္ခဲ့တယ္ ​ေကာင္​ေလး၊ ၀ါရင့္ ဂိုးသမား​ေကာင္း တစ္​ေယာက္ ျဖစ္​ေအာင္ ဆက္ၿပီး ႀကိဳးစားပါ” ဆိုၿပီး လူမႈကြန္ရက္မွာ ဂုဏ္ျပဳ၀မ္းသာ ပို႔စ္တင္ထားပါတယ္။ ​ေနသန္တစ္​ေယာက္ကလည္း အငွားထြက္ဖို႔ အဆင္သင့္ျဖစ္​ေနပါၿပီ။ “ကြၽန္​ေတာ္ ပတ္၀န္းက်င္ အသစ္ကို သြားဖို႔ အဆင္သင့္ပါပဲ။ အဲဒီမွာ အားလုံးကို ဦး​ေဆာင္ၿပီး မိနစ္ ၉၀ အျပည့္ ကစားႏိုင္ဖို႔ ​ေမွ်ာ္လင့္ထားပါတယ္။ သူတို႔ ကြၽန္​ေတာ့္ကို ယုံၾကည္လာ​ေအာင္လည္း ႀကိဳးစားမွာပါ။ အ​ေထာက္အပံ့​ေကာင္း​ေတြ ​ေပးႏိုင္ဖို႔ အတြက္လည္း စိတ္လႈပ္ရွား​ေနပါၿပီ” ဆိုၿပီး ​ေနသန္က ​ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ယူႏိုက္တက္ဟာ အသက္ ၂၁ ႏွစ္အ႐ြယ္ ဂိုးသမား ​ေနသန္ကိုSouthend United အသင္း က​ေန ​ေခၚယူခဲ့တာပါ။ သူဟာ (၁၉၉၉)ခုႏွစ္ေအာက္တိုဘာ (၁၅)ရက္ေန႔မွာေမြးဖြားခဲ့တာပါ။ လြန္ခဲ့တဲ့ (၂၀၁၆)ခုႏွစ္ကေနစၿပီးေတာ့ ကစားသမားဘဝကိုစတင္ခဲ့တာျဖစ္ၿပီး၊ စစခ်င္းမွာေတာ့ေဆာက္သမ္ယူႏိုက္တက္လူငယ္အသင္းမွာကစားခဲ့ပါတယ္။ ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီကုန္ခ်ိန္မွာ ဝက္စ္ဟမ္းအသင္းကို ေျခစြမ္းအစမ္းသပ္ခံဖို႔သြားေရာက္ခဲ့ေပမယ့္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္းမရွိပါဘူး။ အဲဒီေနာက္(၂၀၁၇-၂၀၁၈)ေဘာလုံးရာသီမွာေတာ့ ေဆာက္သမ္ယူႏိုက္တက္စီနီယာအသင္းႀကီးမွာ ပါဝင္ခြင့္ရခဲ့ၿပီး၊တစ္ရာသီလုံးမွာ ပြဲထြက္ခြင့္(၁)ပြဲသာရရွိခဲ့ပါတယ္။

ဒါ​ေပမယ့္ ၂၀၁၈-၂၀၁၉ေဘာလုံးရာသီမွာေတာ့ ေနသန္ဟာေဆာက္သမ္ယူႏိုက္တက္အတြက္ ပြဲေပါင္း(၁၈)ပြဲအထိကစားခြင့္ရခဲ့ၿပီး၊၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာေတာ့ ေနသန္ဟာေဆာက္သမ္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲစုံ (၁၇)ပြဲပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ခုခ်ိန္မွာ​ေတာ့ ယူႏိုက္တက္ ဂိုးသမားဌာနမွာ ဒီဂီယာက ႀကီးစိုးၿပီး၊ ဟန္ဒါဆန္က ​ေနရာလု​ေနတာ​ေၾကာင့္ က်န္တဲ့ ဂိုးသမား​ေတြ​ေတာင္ ငုတ္တုတ္ထိုင္​ေနရပါတယ္။ ဒါ​ေၾကာင့္ အငွားထြက္တာဟာ ​ေနသန္အတြက္ ပို​ေကာင္း​ေစပါလိမ့္မယ္။