ဂိုးသွင်းပြီးတိုင်း သူတို့တွေရဲ့ ပြုလုပ်တဲ့ ကိုယ်ပိုင်အောင်ပွဲခံပုံစံတွေက ဘယ်လိုအဓိပ္ပါယ်တွေရှိကြလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲ တစ်ပွဲရဲ့ အရသာအရှိဆုံးအချိန်ဟာ ဂိုးသွင်းလိုက်တဲ့ အချိန်ဖြစ်ပြီး ဂိုးသွင်းလိုက်တဲ့ ဘောလုံးသမားတွေကလည်း ကိုယ်ပိုင်ပုံစံတစ်မျိုးစီနဲ့ အောင်ပွဲခံလေ့ရှိပါတယ်။ အသင်းဖော်တွေနဲ့အတူ ပွေ့ဖက်အောင်ပွဲခံတာမျိုးတွေရှိပေမယ့် နာမည်ကြီးဘောလုံးသမားအချို့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့အရင်ဆုံးပြုလုပ်အောင်ပွဲခံကြတာကို ပရီသတ်တွေ မြင်ဖူးကြမှာပါ။ သူတို့တွေ အောင်ပွဲခံတဲ့ပုံစံဟာ ဘယ်လို အဓိပ္ပယ်ရှိတယ်၊ ဘယ်အရာကို ရည်ညွှန်းတယ်ဆိုတာ ဗဟုသုတအနေနဲ့ သိရအောင် နာမည်ကျော်အချို့ရဲ့ အောင်ပွဲခံပုံစံတွေကို ဖော်ပြပေးသွားပါမယ်။

စီရော်နယ်ဒို

ဒိုလေးဟာ ဂိုးသွင်းပြီးရင်ထောင့်ကန်ဘောအလံတိုင်နားပြေးသွားပြီးလေထဲကိုခုန်ကာ၁၈၀ဒီဂရီလှည့်ပြီး’Siiiiiiiii’ဆိုတဲ့အောင်ပွဲခံဟန်ကိုလူတိုင်းသိကြမှာပါ။ ဒီအောင်ပွဲခံဟန်ကတကယ်တန်းမှာတော့ရည်ရွယ်ချက်ကြီးကြီးမားမားမရှိပါဘူး။ပရိသတ်တွေကို’ငါဒီမှာရှိတယ်ဟေ့၊ငါ့ကိုကြည့်ကြ’လို့ပဲဆိုလိုတာလို့ဆိုပါတယ်။ စီရော်နယ်ဒိုအနေနဲ့အဆိုပါအောင်ပွဲခံဟန်ကို ၂၀၁၁ခုနှစ်ရီးရဲမက်ဒရစ်အသင်းမှာကစားစဉ်ကစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ

မက်ဆီရဲ့ဂိုးသွင်းပြီးရင်မိုးပေါ်ကိုလက်နှစ်ဘက်ထောင်ပြီးကောင်းကင်ကိုမော့ကြည့်တဲ့အောင်ပွဲခံဟန်ကိုသိကြမှာပါ။
ဒီအောင်ပွဲ ခံဟန်ဟာ စီလီယာအိုလီဗီယာကူချီတီနိုလို့အမည်ရတဲ့ အဖွားပဲဖြစ်ပါတယ်။ မက်ဆီရဲ့အဖွားဖြစ်သူဟာ၁၉၉၈ခုနှစ်ကကွယ်လွန်သွားခဲ့တာဖြစ်ျပီး းမက်ဆီက သူကွင်းထဲမှာကျွန်တော့်ကိုကြည့်ပြီးပျော်နေတာကိုမြင်ချင်တာပါ။ သူကကျွန်တော်တို့ကိုအရမ်းဂရုစိုက်တာပါ။ ကျွန်တော့်ရဲ့ဂိုးတိုင်းသူ့ကိူရည်ရွယ်ပါတယ်။ကျွန်တော်အောင်မြင်နေတာသူ့ကိုမြင်စေချင်ပေမယ့်သူကထွက်သွားခဲ့ပါပြီ’လို့ ပြောခဲ့ဖူးပါတယ်။

ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်းရဲ့အောင်ပွဲခံဟန်ကတော့၂မျိုးရှိပါတယ်။ပထမတစ်ခုကတော့အယ်ဘေးနီးယားအသင်းနဲ့ယူရိုအုပ်စုပွဲစဉ်မှာပြုလုပ်ခဲ့တဲ့လက်၂ဖက်ကိုဖုန်းပုံစံပြုလုပ်ပြီးအောင်ပွဲခံဟန်ဖြစ်ပါတယ်။ အဆိုပါအောင်ပွဲခံဟန်နဲ့ပတ်သက်ပြီးဘာစီလိုနာတိုက်စစ်မှူးက’ဒီအက ကDrakeရဲ့ ‘Hotline Bling’ ဆိုတဲ့သီချင်းထဲကပါ’လို့ပြောခဲ့ပါတယ်။ နောက်တစ်မျိုးကတော့နဖူးထိပ်မှာလက်ကိုLပုံစံပြုလုပ်ပြီးအောင်ပွဲခံတာဖြစ်ပါတယ်။ဒါ ကတော့ Fortnite game ထဲမှာ ‘Loser’ လို့ရည်ညွှန်းတဲ့ပုံစံဖြစ်ပါတယ်။

ဆွာရက်ဇ်

ဂိုးသွင်းပြီးတိုင်းသူ့ရဲ့လက်ကောက်ဝတ်ရယ်လက်၃ချောင်းရယ်ကိုနမ်းပြီးအောင်ပွဲခံလေ့ရှိပါတယ်။ဒါဟာသူ့မိသားစုကိုရည်ညွှန်းတာဖြစ်တယ်လို့ပြောခဲ့ဖူးပါတယ်။ ဆွာရက်ဇ်ရဲ့လက်ကောက်ဝတ်မှာ’Delfina’ဆိုတဲ့အမည်လေးကိုတက်တူးရေးထိုးထားပြီးဒါဟာသမီးအကြီးဆုံးလေးရဲ့နာမည်ဖြစ်ပါတယ်။ ဒါ့အပြင်လက်သန်းကြွယ်ကိုနမ်းတာကတော့ဇနီးဖြစ်သူကိုရည်ရွယ်တာပါ။

အမ်ဘက်ပီ

အမ်ဘက်ပီရဲ့ လက်ပိုက်တဲ့အောင်ပွဲခံဟန်ကိုသိမှာပါ။ ဒါကညီဖြစ်သူအီသန်ရဲ့FIFA ဘောလုံးဂိမ်းကစားရင်ဂိုးသွင်းပြီးတိုင်းအောင်ပွဲခံတဲ့ဟန်ကိုအတုယူထားတာဖြစ်တယ်လို့ဆိူပါတယ်။ အမ်ဘက်ပီက “သူက ဂိမ်းဆော့ရင် ဂိုးသွင်းပီးတိုင်း အဲ့လို လုပ်ပြလေ့ရှိတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း ကွင်းထဲမှာ ဂိုးသွင်းပီးရင် အဲ့လိုလုပ်ပါလားလို့ပြောခဲ့သေးတယ်။ ကျွန်တော်လုပ်ပြလိုက်တော့ သူလည်း ပျော်သွားတယ်။ အခုတော့ ဒါငါ့ပုံစံဖြစ်သွားပြီလို့တောင် သူ့ကို ကျွန်တော် ပြောခဲ့ပါသေးတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒိုင်ဘာလာ

ဂိုးသွင်းပြီးတိုင်းလက်ညှိုးနဲ့လက်မကိုပါးစပ်မှာအုပ်ပြီးအောင်ပွဲခံဟန်ကိုသိကြမှာပါ။ဒါဟာသူ့ရဲ့အထင်ကရအောင်ပွဲခံဟန်တစ်ခုအနေနဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကလူသိများခဲ့တာပါ။ ဒီအောင်ပွဲခံပုံစံနဲ့ ပတ်သတ်ပြီး သူက ” တခါကကျွန်တော်ပင်နယ်တီလွဲခဲ့ပြီးအရမ်းစိတ်ညစ်နေတာပါ။အားလပ်ရက်ရတော့ကျွန်တော်Gladiator ဆိုတဲ့ဇာတ်ကားကိုကြည့်ဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲတွေမှာဂိုးသွင်းရင်အဲ့ဒီအတိုင်းအောင်ပွဲခံမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အူဘာမီယန်း

ဂိုးသွင်းပြီးချိန်မှာ ကွင်းထဲမှာ Black Panther မျက်နှာဖုံးကို ထုတ်ဝတ်ပြီး အောင်ပွဲခံတဲ့ အူဘာမီယန်းရဲ့ပုံစံဟာလည်း အာဆင်နယ်အသင်းပရိသတ်တွေကြားမှာ အတော်ကိုရေပန်းစားပါတယ်။ သူဟာ Black Panther မျက်နှာဖုံးကို ၂၀၁၉ ခုနှစ်တုန်းက အူဘာမီယန်းဟာ ရန်းနက်စ်အသင်းနဲ့ကစားတဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးသွင်းအပြီး ဝတ်ဆင်အောင်ပွဲခံခဲ့ပါတယ်။ သူရည်ရွယ်ခဲ့တာကတော့ သူ့ရဲ့ သားလေးပျော်ရွှင်စေဖို့ဖြစ်တယ်ဆိုပြီးပြောပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂိုးသြင္းျပီးတိုင္း သူတို႔ေတြရဲ႔ ျပဳလုပ္တဲ႔ ကိုယ္ပိုင္ေအာင္ပြဲခံပံုစံေတြက ဘယ္လိုအဓိပၸါယ္ေတြရွိၾကလဲ

ေဘာလုံးပြဲ တစ္ပြဲရဲ႕ အရသာအရွိဆုံးအခ်ိန္ဟာ ဂိုးသြင္းလိုက္တဲ့ အခ်ိန္ျဖစ္ၿပီး ဂိုးသြင္းလိုက္တဲ့ ေဘာလုံးသမားေတြကလည္း ကိုယ္ပိုင္ပုံစံတစ္မ်ိဳးစီနဲ႔ ေအာင္ပြဲခံေလ့ရွိပါတယ္။ အသင္းေဖာ္ေတြနဲ႔အတူ ေပြ႕ဖက္ေအာင္ပြဲခံတာမ်ိဳးေတြရွိေပမယ့္ နာမည္ႀကီးေဘာလုံးသမားအခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္စတိုင္နဲ႔အရင္ဆုံးျပဳလုပ္ေအာင္ပြဲခံၾကတာကို ပရီသတ္ေတြ ျမင္ဖူးၾကမွာပါ။ သူတို႔ေတြ ေအာင္ပြဲခံတဲ့ပုံစံဟာ ဘယ္လို အဓိပၸယ္ရွိတယ္၊ ဘယ္အရာကို ရည္ၫႊန္းတယ္ဆိုတာ ဗဟုသုတအေနနဲ႔ သိရေအာင္ နာမည္ေက်ာ္အခ်ိဳ႕ရဲ႕ ေအာင္ပြဲခံပုံစံေတြကို ေဖာ္ျပေပးသြားပါမယ္။

စီေရာ္နယ္ဒို
ဒိုေလးဟာ ဂိုးသြင္းၿပီးရင္ေထာင့္ကန္ေဘာအလံတိုင္နားေျပးသြားၿပီးေလထဲကိုခုန္ကာ၁၈၀ဒီဂရီလွည့္ၿပီး’Siiiiiiiii’ဆိုတဲ့ေအာင္ပြဲခံဟန္ကိုလူတိုင္းသိၾကမွာပါ။ ဒီေအာင္ပြဲခံဟန္ကတကယ္တန္းမွာေတာ့ရည္႐ြယ္ခ်က္ႀကီးႀကီးမားမားမရွိပါဘူး။ပရိသတ္ေတြကို’ငါဒီမွာရွိတယ္ေဟ့၊ငါ့ကိုၾကည့္ၾက’လို႔ပဲဆိုလိုတာလို႔ဆိုပါတယ္။ စီေရာ္နယ္ဒိုအေနနဲ႔အဆိုပါေအာင္ပြဲခံဟန္ကို ၂၀၁၁ခုႏွစ္ရီးရဲမက္ဒရစ္အသင္းမွာကစားစဥ္ကစတင္တီထြင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီ
မက္ဆီရဲ႕ဂိုးသြင္းၿပီးရင္မိုးေပၚကိုလက္ႏွစ္ဘက္ေထာင္ၿပီးေကာင္းကင္ကိုေမာ့ၾကည့္တဲ့ေအာင္ပြဲခံဟန္ကိုသိၾကမွာပါ။
ဒီေအာင္ပြဲ ခံဟန္ဟာ စီလီယာအိုလီဗီယာကူခ်ီတီႏိုလို႔အမည္ရတဲ့ အဖြားပဲျဖစ္ပါတယ္။ မက္ဆီရဲ႕အဖြားျဖစ္သူဟာ၁၉၉၈ခုႏွစ္ကကြယ္လြန္သြားခဲ့တာျဖစ္်ပီး းမက္ဆီက သူကြင္းထဲမွာကြၽန္ေတာ့္ကိုၾကည့္ၿပီးေပ်ာ္ေနတာကိုျမင္ခ်င္တာပါ။ သူကကြၽန္ေတာ္တို႔ကိုအရမ္းဂ႐ုစိုက္တာပါ။ ကြၽန္ေတာ့္ရဲ႕ဂိုးတိုင္းသူ႔ကိူရည္႐ြယ္ပါတယ္။ကြၽန္ေတာ္ေအာင္ျမင္ေနတာသူ႔ကိုျမင္ေစခ်င္ေပမယ့္သူကထြက္သြားခဲ့ပါၿပီ’လို႔ ေျပာခဲ့ဖူးပါတယ္။

ဂရစ္ဇ္မန္း
ဂရစ္ဇ္မန္းရဲ႕ေအာင္ပြဲခံဟန္ကေတာ့၂မ်ိဳးရွိပါတယ္။ပထမတစ္ခုကေတာ့အယ္ေဘးနီးယားအသင္းနဲ႔ယူ႐ိုအုပ္စုပြဲစဥ္မွာျပဳလုပ္ခဲ့တဲ့လက္၂ဖက္ကိုဖုန္းပုံစံျပဳလုပ္ၿပီးေအာင္ပြဲခံဟန္ျဖစ္ပါတယ္။ အဆိုပါေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီးဘာစီလိုနာတိုက္စစ္မႉးက’ဒီအက ကDrakeရဲ႕ ‘Hotline Bling’ ဆိုတဲ့သီခ်င္းထဲကပါ’လို႔ေျပာခဲ့ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့နဖူးထိပ္မွာလက္ကိုLပုံစံျပဳလုပ္ၿပီးေအာင္ပြဲခံတာျဖစ္ပါတယ္။ဒါ ကေတာ့ Fortnite game ထဲမွာ ‘Loser’ လို႔ရည္ၫႊန္းတဲ့ပုံစံျဖစ္ပါတယ္။

ဆြာရက္ဇ္
ဂိုးသြင္းၿပီးတိုင္းသူ႔ရဲ႕လက္ေကာက္ဝတ္ရယ္လက္၃ေခ်ာင္းရယ္ကိုနမ္းၿပီးေအာင္ပြဲခံေလ့ရွိပါတယ္။ဒါဟာသူ႔မိသားစုကိုရည္ၫႊန္းတာျဖစ္တယ္လို႔ေျပာခဲ့ဖူးပါတယ္။ ဆြာရက္ဇ္ရဲ႕လက္ေကာက္ဝတ္မွာ’Delfina’ဆိုတဲ့အမည္ေလးကိုတက္တူးေရးထိုးထားၿပီးဒါဟာသမီးအႀကီးဆုံးေလးရဲ႕နာမည္ျဖစ္ပါတယ္။ ဒါ့အျပင္လက္သန္းႂကြယ္ကိုနမ္းတာကေတာ့ဇနီးျဖစ္သူကိုရည္႐ြယ္တာပါ။

အမ္ဘက္ပီ
အမ္ဘက္ပီရဲ႔ လက္ပိုက္တဲ့ေအာင္ပြဲခံဟန္ကိုသိမွာပါ။ ဒါကညီျဖစ္သူအီသန္ရဲ႕FIFA ေဘာလုံးဂိမ္းကစားရင္ဂိုးသြင္းၿပီးတိုင္းေအာင္ပြဲခံတဲ့ဟန္ကိုအတုယူထားတာျဖစ္တယ္လို႔ဆိူပါတယ္။ အမ္ဘက္ပီက “သူက ဂိမ္းေဆာ႔ရင္ ဂိုးသြင္းပီးတိုင္း အဲ႔လို လုပ္ျပေလ႔ရွိတယ္။ ျပီးေတာ႔ ကြ်န္ေတာ္႔ကိုလည္း ကြင္းထဲမွာ ဂိုးသြင္းပီးရင္ အဲ႔လိုလုပ္ပါလားလို႔ေျပာခဲ႔ေသးတယ္။ ကြ်န္ေတာ္လုပ္ျပလိုက္ေတာ႔ သူလည္း ေပ်ာ္သြားတယ္။ အခုေတာ႔ ဒါငါ႔ပံုစံျဖစ္သြားျပီလို႔ေတာင္ သူ႔ကို ကြ်န္ေတာ္ ေျပာခဲ႕ပါေသးတယ္” လို႔ ေျပာျပခဲ႔ပါတယ္။

ဒိုင္ဘာလာ
ဂိုးသြင္းၿပီးတိုင္းလက္ညႇိဳးနဲ႔လက္မကိုပါးစပ္မွာအုပ္ၿပီးေအာင္ပြဲခံဟန္ကိုသိၾကမွာပါ။ဒါဟာသူ႔ရဲ႕အထင္ကရေအာင္ပြဲခံဟန္တစ္ခုအေနနဲ႔လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းကလူသိမ်ားခဲ့တာပါ။ ဒီေအာင္ပြဲခံပံုစံနဲ႔ ပတ္သတ္ျပီး သူက ” တခါကကြၽန္ေတာ္ပင္နယ္တီလြဲခဲ့ၿပီးအရမ္းစိတ္ညစ္ေနတာပါ။အားလပ္ရက္ရေတာ့ကြၽန္ေတာ္Gladiator ဆိုတဲ့ဇာတ္ကားကိုၾကည့္ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ပြဲေတြမွာဂိုးသြင္းရင္အဲ့ဒီအတိုင္းေအာင္ပြဲခံမယ္လို႔ဆုံးျဖတ္ခဲ့ပါတယ္” လို႔ ေျပာျပခဲ႔ပါတယ္။

အူဘာမီယန္း
ဂိုးသြင္းၿပီးခ်ိန္မွာ ကြင္းထဲမွာ Black Panther မ်က္ႏွာဖုံးကို ထုတ္ဝတ္ၿပီး ေအာင္ပြဲခံတဲ့ အူဘာမီယန္းရဲ႕ပံုစံဟာလည္း အာဆင္နယ္အသင္းပရိသတ္ေတြၾကားမွာ အေတာ္ကိုေရပန္းစားပါတယ္။ သူဟာ Black Panther မ်က္ႏွာဖုံးကို ၂၀၁၉ ခုႏွစ္တုန္းက အူဘာမီယန္းဟာ ရန္းနက္စ္အသင္းနဲ႔ကစားတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ဂိုးသြင္းအၿပီး ဝတ္ဆင္ေအာင္ပြဲခံခဲ့ပါတယ္။ သူရည္ရြယ္ခဲ့တာကေတာ့ သူ႕ရဲ႕ သားေလးေပ်ာ္ရႊင္ေစဖို႕ျဖစ္တယ္ဆိုၿပီးေျပာျပခဲ့ပါတယ္။