
အယ်ဘေးနီးယားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဖွင့်ဂိုးသွင်းပြီးတဲ့နောက်
နောက်ခံမှုမက်ဂွိုင်ယားရဲ့အောင်ပွဲခံမှုပုံစံကို မန်ယူအသင်းခေါင်းဆောင်ဟောင်း
ရွိုင်ကိန်းက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ဒီရာသီခြေစွမ်းမပြနိုင်ဖြစ်နေတဲ့
အဲဒီဗဟိုနောက်ခံလူဟာ ပွဲအစ ၉ မိနစ်မှာပဲ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂိုးသွင်းပြီးပြီးချင်းမှာပဲ မက်ဂွိုင်းယားဟာ သူ့နားနှစ်ဖက်ကို လက်ခုပ်ထဲ
ထည့်တဲ့ပုံစံ အောင်ပွဲခံခဲ့ပြီး ဒီရာသီ မန်ယူမှာ သူ့ရဲ့ရုန်းကန်နေရမှုကို
ဝေဖန်ကြတဲ့သူတွေအပေါ် တုံ့ပြန်လိုတဲ့သဘော ဖြစ်ပုံရပါတယ်။
”သူ့လက်ကို နားမှာ ထားလိုက်တယ်။ ဝေဖန်သူတွေကို ပါးစပ်ပိတ်ဖို့ ပြောသလိုပါပဲ။
ဒါပေမဲ့ အဲဒါဟာ ကသိကအောက်ဖြစ်စရာလို့ ကျွန်တော်ထင်တယ်။
လွန်ခဲ့တဲ့လအနည်းငယ်အတွင်း မန်ယူမှာ သူဟာ အတော်ကိုအသုံးမကျခဲ့တာပါ။
ဒီမှာသာ ဂိုးသွင်းမယ်ဆိုရင် ဝေဖန်သူတွေကို ပါးစပ်ပိတ်နိုင်မယ်လို့
သူထင်မှာပေါ့။ ကသိကအောက်ဖြစ်စရာပါပဲ”လု့ိ ရွိုင်ကိန်းက
ပထမပိုင်းအပြီး ITV ရုပ်သံမှာ ပြောကြားခဲ့တာပါ။
အဲဒီပွဲက မက်ဂွိုင်းယားရဲ့အောင်ပွဲခံပုံစံကို ဆိုရှယ်မီဒီယာထက်က
ပရိသတ်တွေကလည်း ဝေဖန်နေကြပါတယ်။
မက်ဂွိုင်းယားဟာ ဒီရာသီ မန်ယူခံစစ်မှာ အမှားအယွင်းတွေများခဲ့ပြီး
အဲဒီအတွက် အသင်းခေါင်းဆောင်လက်ပတ်နဲ့ မထိုက်တန်ဘူးဆိုတဲ့ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
တချို့ကလည်း မက်ဂွိုင်းယားဟာ လက်စတာကနေ မန်ယူကို ရောက်လာပြီးကတည်းက
ကလပ်မှာထက် နိုင်ငံအသင်းမှာ ပိုခြေစွမ်းပြနိုင်နေတာလို့ သုံးသပ်ကြပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တော့
အဓိကကျတဲ့ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။
zawgyi
ဂိုးသြင္းမယ္ဆိုရင္ ေဝဖန္သူေတြကို ပါးစပ္ပိတ္ႏိုင္မယ္လို႔ သူထင္မွာေပါ့။ ကသိကေအာက္ျဖစ္စရာပါပဲ – ႐ြိဳင္ကိန္း
အယ္ေဘးနီးယားနဲ႔ကမာၻ႔ဖလားေျခစစ္ပြဲမွာ အဖြင့္ဂိုးသြင္းၿပီးတဲ့ေနာက္
ေနာက္ခံမႈမက္ဂြိဳင္ယားရဲ႕ေအာင္ပြဲခံမႈပုံစံကို မန္ယူအသင္းေခါင္းေဆာင္ေဟာင္း
႐ြိဳင္ကိန္းက ေဝဖန္ျပစ္တင္လိုက္ပါတယ္။
၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ ဒီရာသီေျခစြမ္းမျပႏိုင္ျဖစ္ေနတဲ့
အဲဒီဗဟိုေနာက္ခံလူဟာ ပြဲအစ ၉ မိနစ္မွာပဲ ေခါင္းတိုက္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ဂိုးသြင္းၿပီးၿပီးခ်င္းမွာပဲ မက္ဂြိဳင္းယားဟာ သူ႔နားႏွစ္ဖက္ကို လက္ခုပ္ထဲ
ထည့္တဲ့ပုံစံ ေအာင္ပြဲခံခဲ့ၿပီး ဒီရာသီ မန္ယူမွာ သူ႔ရဲ႕႐ုန္းကန္ေနရမႈကို
ေဝဖန္ၾကတဲ့သူေတြအေပၚ တုံ႔ျပန္လိုတဲ့သေဘာ ျဖစ္ပုံရပါတယ္။
”သူ႔လက္ကို နားမွာ ထားလိုက္တယ္။ ေဝဖန္သူေတြကို ပါးစပ္ပိတ္ဖို႔ ေျပာသလိုပါပဲ။
ဒါေပမဲ့ အဲဒါဟာ ကသိကေအာက္ျဖစ္စရာလို႔ ကြၽန္ေတာ္ထင္တယ္။
လြန္ခဲ့တဲ့လအနည္းငယ္အတြင္း မန္ယူမွာ သူဟာ အေတာ္ကိုအသုံးမက်ခဲ့တာပါ။
ဒီမွာသာ ဂိုးသြင္းမယ္ဆိုရင္ ေဝဖန္သူေတြကို ပါးစပ္ပိတ္ႏိုင္မယ္လို႔
သူထင္မွာေပါ့။ ကသိကေအာက္ျဖစ္စရာပါပဲ”လု႔ိ ႐ြိဳင္ကိန္းက
ပထမပိုင္းအၿပီး ITV ႐ုပ္သံမွာ ေျပာၾကားခဲ့တာပါ။
အဲဒီပြဲက မက္ဂြိဳင္းယားရဲ႕ေအာင္ပြဲခံပုံစံကို ဆိုရွယ္မီဒီယာထက္က
ပရိသတ္ေတြကလည္း ေဝဖန္ေနၾကပါတယ္။
မက္ဂြိဳင္းယားဟာ ဒီရာသီ မန္ယူခံစစ္မွာ အမွားအယြင္းေတြမ်ားခဲ့ၿပီး
အဲဒီအတြက္ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ မထိုက္တန္ဘူးဆိုတဲ့ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။
တခ်ိဳ႕ကလည္း မက္ဂြိဳင္းယားဟာ လက္စတာကေန မန္ယူကို ေရာက္လာၿပီးကတည္းက
ကလပ္မွာထက္ ႏိုင္ငံအသင္းမွာ ပိုေျခစြမ္းျပႏိုင္ေနတာလို႔ သုံးသပ္ၾကပါတယ္။
မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ေတာ့
အဓိကက်တဲ့ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ခဲ့ပါတယ္။