ဂီတာဖေးနဲ့ပွဲအတွက် ရီးရဲလ်လူစာရင်းမှာ စီနီယာ Outfield ကစားသမား ၁၁ ဦးသာ ပါဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ရီးရဲလ်အတွက် အဆိုးရွားဆုံးအခြေအနေအဖြစ် ယနေ့ညကစားရမယ့် ဂီတာဖေးနဲ့ပွဲအတွက် အသင်းရဲ့ ၁၉ဦးပါလူစာရင်းမှာ စီနီယာ Outfield ကစားသမား(ဂိုးသမားမပါကျန်ကစားသမားများ) ၁၁ ဦးသာ ပါဝင်လာကြောင်း သိရပါတယ်။


လာလီဂါချန်ပီယံ ရီးရဲလ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ဒေသတွင်းပြိုင်ဘက် ဂီတာဖေးနဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ လူငယ်အသင်းက ကစားသမား ၇ဦးအထိ အရေးပေါ်ထည့်သွင်းထားရပါတယ်။
နောက်ခံလူ ရာမို့စ်၊ ကွင်းလယ်လူ တိုနီခရူးစ်၊ ကွင်းလယ်လူ ဗယ်လ်ဗာဒီနဲ့ တောင်ပံကစားသမား ဟာဇက်တို့ မပါဝင်နိုင်သလို ကာဗာဂျယ်၊ ဗက်စ်ကွက်၊ အော်ဒရီယိုဇိုလာ၊ မီလီတာအိုနဲ့ ရိုဒရီဂိုတို့လည်း မပါဝင်နိုင်ကြောင်း သိရပါတယ်။

အဲဒီအထဲမှာ ခရူးစ်တစ်ယောက်တည်း ပွဲပယ်ကြောင့် မပါဝင်နိုင်တာဖြစ်ပြီး ကျန်ကစားသမားတွေကတော့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
နည်းပြဇီဒန်းကတော့ ”ဒါက အကြောင်းပြချက်မဟုတ်ပါဘူး။ ခက်ခဲတဲ့အနေအထားဖြစ်တာမှန်ပေမယ့် ကျွန်တော်တို့ကတော့ ကြီးကျယ်တဲ့စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။


ယခုရာသီ အရန်အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ နောက်ခံလူ ဗစ်တာချက်စ်ဟာ ဒီပွဲအတွက် အသင်းကြီးစာရင်းမှာ ပါဝင်လာပြီး အသက် ၁၉ နှစ်အရွယ်ရှိ ဘယ်နောက်ခံလူ ဂူတီယာရက်ဇ်အော်တီဂါလည်း ရွေးချယ်ခံခဲ့ရပါတယ်။


ဂူတီယာရက်ဇ်ဟာ ၂၀၁၉-၂၀ ရာသီမတိုင်ခင် ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းကြီးနဲ့အတူ ပါဝင်ကစားခွင့်ရခဲ့ဖူးပြီး အသင်းရှိ အလားအလာအရှိဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဗစ်တာချက်စ်ကတော့ စပိန်ဘုရင့်ဖလားမှာ ပါဝင်ကစားခဲ့ဖူးပြီး အယ်လ်ကိုယာကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။


ထရန်မဲအသင်းမှာ လူငယ်ကစားသမားအဖြစ် ၃ နှစ်ကြာကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ မာဗင်ပါ့ခ်လည်း လူစာရင်းမှာ ပါဝင်လာပြီး နောက်ထပ်လူငယ်တွေအဖြစ် ဆာဂျီယိုအာရီဘက်စ်နဲ့ ဘလန်ကိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။


ရီးရဲလ်အသင်းလူစာရင်း

ဂိုး – ကော်တွိုက်စ်၊ လူနင်၊ အယ်လ်တူဘီ။
နောက် – ဗာရန်း၊ နာချို၊ မာဆယ်လို၊ မန်ဒီ၊ ဗစ်တာချက်စ်၊ ဂူတီယာရက်ဇ်။
လယ် – မိုဒရစ်၊ အစ္စကို၊ ကက်စ်မဲရိုး၊ မာဗင်၊ အာရီဘက်စ်၊ ဘလန်ကို။
ရှေ့ – ဘန်ဇီးမား၊ အဆန်စီယို၊ ဗင်နီစီးယပ်စ်၊ မာရီယာနို။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂီတာေဖးနဲ႔ပြဲအတြက္ ရီးရဲလ္လူစာရင္းမွာ စီနီယာ Outfield ကစားသမား ၁၁ ဦးသာ ပါဝင္
ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ ရီးရဲလ္အတြက္ အဆိုး႐ြားဆုံးအေျခအေနအျဖစ္ ယေန႔ညကစားရမယ့္ ဂီတာေဖးနဲ႔ပြဲအတြက္ အသင္းရဲ႕ ၁၉ဦးပါလူစာရင္းမွာ စီနီယာ Outfield ကစားသမား(ဂိုးသမားမပါက်န္ကစားသမားမ်ား) ၁၁ ဦးသာ ပါဝင္လာေၾကာင္း သိရပါတယ္။
လာလီဂါခ်န္ပီယံ ရီးရဲလ္ဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ေနရၿပီး ေဒသတြင္းၿပိဳင္ဘက္ ဂီတာေဖးနဲ႔ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ လူငယ္အသင္းက ကစားသမား ၇ဦးအထိ အေရးေပၚထည့္သြင္းထားရပါတယ္။
ေနာက္ခံလူ ရာမို႔စ္၊ ကြင္းလယ္လူ တိုနီခ႐ူးစ္၊ ကြင္းလယ္လူ ဗယ္လ္ဗာဒီနဲ႔ ေတာင္ပံကစားသမား ဟာဇက္တို႔ မပါဝင္ႏိုင္သလို ကာဗာဂ်ယ္၊ ဗက္စ္ကြက္၊ ေအာ္ဒရီယိုဇိုလာ၊ မီလီတာအိုနဲ႔ ႐ိုဒရီဂိုတို႔လည္း မပါဝင္ႏိုင္ေၾကာင္း သိရပါတယ္။
အဲဒီအထဲမွာ ခ႐ူးစ္တစ္ေယာက္တည္း ပြဲပယ္ေၾကာင့္ မပါဝင္ႏိုင္တာျဖစ္ၿပီး က်န္ကစားသမားေတြကေတာ့ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

နည္းျပဇီဒန္းကေတာ့ ”ဒါက အေၾကာင္းျပခ်က္မဟုတ္ပါဘူး။ ခက္ခဲတဲ့အေနအထားျဖစ္တာမွန္ေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ ႀကီးက်ယ္တဲ့စြမ္းေဆာင္ရည္ ျပသႏိုင္ဖို႔ ႀကိဳးစားသြားမွာပါ”လို႔ တနလၤာေန႔မွာ ေျပာခဲ့ပါတယ္။
ယခုရာသီ အရန္အသင္းမွာ အထူးေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဗစ္တာခ်က္စ္ဟာ ဒီပြဲအတြက္ အသင္းႀကီးစာရင္းမွာ ပါဝင္လာၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ရွိ ဘယ္ေနာက္ခံလူ ဂူတီယာရက္ဇ္ေအာ္တီဂါလည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
ဂူတီယာရက္ဇ္ဟာ ၂၀၁၉-၂၀ ရာသီမတိုင္ခင္ ရာသီႀကိဳေျခစမ္းပြဲေတြမွာ အသင္းႀကီးနဲ႔အတူ ပါဝင္ကစားခြင့္ရခဲ့ဖူးၿပီး အသင္းရွိ အလားအလာအရွိဆုံးလူငယ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။
ဗစ္တာခ်က္စ္ကေတာ့ စပိန္ဘုရင့္ဖလားမွာ ပါဝင္ကစားခဲ့ဖူးၿပီး အယ္လ္ကိုယာကိုအသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ထရန္မဲအသင္းမွာ လူငယ္ကစားသမားအျဖစ္ ၃ ႏွစ္ၾကာကစားခဲ့ဖူးတဲ့ ကြင္းလယ္လူ မာဗင္ပါ့ခ္လည္း လူစာရင္းမွာ ပါဝင္လာၿပီး ေနာက္ထပ္လူငယ္ေတြအျဖစ္ ဆာဂ်ီယိုအာရီဘက္စ္နဲ႔ ဘလန္ကိုတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ရီးရဲလ္အသင္းလူစာရင္း
ဂိုး – ေကာ္တြိဳက္စ္၊ လူနင္၊ အယ္လ္တူဘီ။
ေနာက္ – ဗာရန္း၊ နာခ်ိဳ၊ မာဆယ္လို၊ မန္ဒီ၊ ဗစ္တာခ်က္စ္၊ ဂူတီယာရက္ဇ္။
လယ္ – မိုဒရစ္၊ အစၥကို၊ ကက္စ္မဲ႐ိုး၊ မာဗင္၊ အာရီဘက္စ္၊ ဘလန္ကို။
ေရွ႕ – ဘန္ဇီးမား၊ အဆန္စီယို၊ ဗင္နီစီးယပ္စ္၊ မာရီယာႏို။