ဂုဏ်သိက္ခာအတွက် ငွေနောက်မလိုက်ခဲ့တဲ့ ဘောလုံးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လောကမှာ ငွေကြေးပိုက်ဆံက ဒုတိယဘုရားသခင်အဖြစ် တင်စားမှုတွေရှိပြီး အရာရာ ပြုလုပ်နိုင်တယ်လို့ ယူဆတာတွေဟာ တချို့လူတွေအတွက်တော့ မမှန်ခဲ့ပါဘူး။ အထူး သဖြင့် ဂုဏ်သိက္ခာအတွက် ငွေကြေးကိုငြင်းပယ်ပြီး တည်ဆောက်ခဲ့သူတွေရှိပါတယ်။ ဘောလုံးရပ်ဝန်းမှာ ကစားသမားတွေရဲ့ လုပ်ခလစာတွေ မြင့်မားလာပြီး ငွေပုံပေးခေါ် ယူတဲ့ခေတ်မှာ ပိုက်ဆံပေးတိုင်းအလုပ်မဖြစ်ခဲ့တဲ့ ကမ်းလှမ်းမှုတွေကိုတင်ပြသွားပါမယ်။

စီရော်နယ်ဒိုနဲ့ မက်ဆီ

ဂုဏ်သိက္ခာအတွက် ငွေကြေးသန်းနဲ့ချီပြီး ငြင်းပစ်ခဲ့တဲ့ကစားသမားတွေထဲမှာ ထိပ်ဆုံး မှာရှိနေတာကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီပါပဲ။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို ပေါင် ၉၉ သန်းနဲ့ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့ခဲ့တဲ့သူပါ။ သူဟာ အဲဒီကိုမပြောင်းရွှေ့ခင် အမည်မဖော်ပြတဲ့ တရုတ်စူပါလိဂ်ကလပ်အသင်းက လစာတစ်ပတ်ကို ပေါင် ၁.၇ သန်း အထိရှိတဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့တာပါ။ စီရော်နယ်ဒိုဟာ တစ်ပတ်ကို ပေါင် ၂ သန်းနီးပါးရမယ့်ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ဂျူဗင်တပ်မှာ တစ်ပတ်ပေါင် ၅၄၀၀၀၀ လစာကို ရွေးချယ်ခဲ့ပါတယ်။ သူ့လိုပဲ မက်ဆီကလည်း ၂၀၁၈ တုန်းက အမည်မဖော်ပြ တဲ့ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်ခုက တစ်ပတ် ပေါင် ၁.၇ သန်းနဲ့ ငွေထုပ်ပိုက် ပြီး ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းရှိနေတဲ့အချိန်မှာ တောင် လစာကို ဒီလောက်ပေးပြီးကမ်းလှမ်းထားတာဆိုတော့ လာမယ့်နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီကို ဘယ်လိုအသင်းတွေက ငွေ ထုပ်နဲ့ပေါက်ပြီး ကမ်းလှမ်းဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

မော်ရင်ဟို

မော်ရင်ဟိုကို စပါးမရောက်ခင် ၂၀၁၉ နွေရာသီမှာ တရုတ်စူပါလိဂ်က ဂွမ်ဇူးအဲဗားဂရန် ဒီက အပိုဆုကြေးမပါဘဲ တစ်ပတ်ပေါင် ၅၄၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မော်ရင်ဟိုဟာ သူ့ရဲ့အရည်အသွေးကို တရုတ်လိဂ်မှာမပြလိုဘဲ စပါးကိုသာ ရွေးချယ်ခဲ့ပါတယ်။

မာတာ၊ ဒေးဗစ်လုဇ်

မန်ယူကွင်းလယ်လူ မာတာဟာ အသင်းမှာ အရန်အဖြစ်ပဲ ပွဲထွက်နေရပေမယ့် အိုးလ် ထရက်ဖို့ဒ်မှာ ဆက်ရှိဖို့အတွက်ကို သူဟာ အမည်မဖော်ပြတဲ့ ဆော်ဒီအာရေဗျကလပ် အသင်းတစ်သင်းဆီက တစ်ပတ်ပေါင် ၂၂၀၀၀၀ နဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒေးဗစ်လုဇ်ကလည်း ကာတာကလပ်အသင်းတစ်ခုက တစ်ပတ်ပေါင် ၂၂၀၀၀၀ နဲ့ ကမ်းလှမ်းတာကိုငြင်းပယ်ပြီး အာဆင်နယ်ကို တစ်ပတ်ပေါင် ၁၃၀၀၀၀ လစာနဲ့ပဲ ပြောင်း ရွှေ့ခဲ့တာပါ။

ဆွာရက်ဇ်

နာမည်ကြီးဘောလုံးသမားတွေကို ငွေနဲ့ပေါက်ပြီး ကမ်းလှမ်းတဲ့ အမည်မဖော်ပြတဲ့ တရုတ်စူပါလိဂ်ကလပ်တစ်ခုက ဆွာရက်ဇ်ကို ဘာစီလိုနာမှာရနေတဲ့ လစာရဲ့ ၂ ဆနီး ပါးဖြစ်တဲ့ တစ်ပတ်ပေါင် ၅၀၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကိုကိုပဲ ဆွာ ရက်ဇ်က ရွေးချယ်ခဲ့ပါတယ်။

ဝဲလ်ဘတ်

ဘရိုက်တန်ကို တစ်ပတ်ပေါင် ၁၀၀၀၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဝဲလ်ဘတ်ဟာ သူ့ကို အမည်မဖော်ပြတဲ့ တူရကီစူပါလိဂ်ကလပ်အသင်းတစ်သင်းက တစ်ပတ်ပေါင် ၁၄၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဝဲလ်ဘတ်က အင်္ဂလန်မြေမှာပဲကစားဖို့ ရွေးချယ်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂုဏ္သိကၡာအတြက္ ေငြေနာက္မလိုက္ခဲ့တဲ့ ေဘာလံုးသမားမ်ား

ေလာကမွာ ေငြေၾကးပိုက္ဆံက ဒုတိယဘုရားသခင္အျဖစ္ တင္စားမႈေတြရွိၿပီး အရာရာ ျပဳလုပ္ႏ္ိုင္တယ္လုိ႔ ယူဆတာေတြဟာ တခ်ဳိ႕လူေတြအတြက္ေတာ့ မမွန္ခဲ့ပါဘူး။ အထူး သျဖင့္ ဂုဏ္သိကၡာအတြက္ ေငြေၾကးကိုျငင္းပယ္ၿပီး တည္ေဆာက္ခဲ့သူေတြရွိပါတယ္။ ေဘာလံုးရပ္၀န္းမွာ ကစားသမားေတြရဲ႕ လုပ္ခလစာေတြ ျမင့္မားလာၿပီး ေငြပံုေပးေခၚ ယူတဲ့ေခတ္မွာ ပိုက္ဆံေပးတိုင္းအလုပ္မျဖစ္ခဲ့တဲ့ ကမ္းလွမ္းမႈေတြကိုတင္ျပသြားပါမယ္။

စီေရာ္နယ္ဒိုနဲ႔ မက္ဆီ

ဂုဏ္သိကၡာအတြက္ ေငြေၾကးသန္းနဲ႔ခ်ီၿပီး ျငင္းပစ္ခဲ့တဲ့ကစားသမားေတြထဲမွာ ထိပ္ဆံုး မွာရွိေနတာကေတာ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆီပါပဲ။ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းကို ေပါင္ ၉၉ သန္းနဲ႔ ၂၀၁၈ ခုႏွစ္က ေျပာင္းေရႊ႕ခဲ့တဲ့သူပါ။ သူဟာ အဲဒီကိုမေျပာင္းေရႊ႕ခင္ အမည္မေဖာ္ျပတဲ့ တရုတ္စူပါလိဂ္ကလပ္အသင္းက လစာတစ္ပတ္ကို ေပါင္ ၁.၇ သန္း အထိရွိတဲ့ ကမ္းလွမ္းခ်က္ကိုျငင္းပယ္ခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ တစ္ပတ္ကို ေပါင္ ၂ သန္းနီးပါးရမယ့္ကမ္းလွမ္းမႈကိုျငင္းပယ္ၿပီး ဂ်ဴဗင္တပ္မွာ တစ္ပတ္ေပါင္ ၅၄၀၀၀၀ လစာကို ေရြးခ်ယ္ခဲ့ပါတယ္။ သူ႕လိုပဲ မက္ဆီကလည္း ၂၀၁၈ တုန္းက အမည္မေဖာ္ျပ တဲ့ တရုတ္စူပါလိဂ္ကလပ္အသင္းတစ္ခုက တစ္ပတ္ ေပါင္ ၁.၇ သန္းနဲ႔ ေငြထုပ္ပိုက္ ၿပီး ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့ပါတယ္။ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းရွိေနတ့ဲအခ်ိန္မွာ ေတာင္ လစာကို ဒီေလာက္ေပးၿပီးကမ္းလွမ္းထားတာဆိုေတာ့ လာမယ့္ေႏြရာသီမွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ မက္ဆီကို ဘယ္လိုအသင္းေတြက ေငြ ထုပ္နဲ႔ေပါက္ၿပီး ကမ္းလွမ္းဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ေမာ္ရင္ဟို

ေမာ္ရင္ဟိုကို စပါးမေရာက္ခင္ ၂၀၁၉ ေႏြရာသီမွာ တရုတ္စူပါလိဂ္က ဂြမ္ဇူးအဲဗားဂရန္ ဒီက အပိုဆုေၾကးမပါဘဲ တစ္ပတ္ေပါင္ ၅၄၀၀၀၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ေမာ္ရင္ဟိုဟာ သူ႕ရဲ႕အရည္အေသြးကို တရုတ္လိဂ္မွာမျပလိုဘဲ စပါးကိုသာ ေရြးခ်ယ္ခဲ့ပါတယ္။

မာတာ၊ ေဒးဗစ္လုဇ္

မန္ယူကြင္းလယ္လူ မာတာဟာ အသင္းမွာ အရန္အျဖစ္ပဲ ပြဲထြက္ေနရေပမယ့္ အိုးလ္ ထရက္ဖို႔ဒ္မွာ ဆက္ရွိဖို႔အတြက္ကို သူဟာ အမည္မေဖာ္ျပတဲ့ ေဆာ္ဒီအာေရဗ်ကလပ္ အသင္းတစ္သင္းဆီက တစ္ပတ္ေပါင္ ၂၂၀၀၀၀ နဲ႔ ကမ္းလွမ္းခ်က္ကို ပယ္ခ်ခဲ့ပါတယ္။ ေဒးဗစ္လုဇ္ကလည္း ကာတာကလပ္အသင္းတစ္ခုက တစ္ပတ္ေပါင္ ၂၂၀၀၀၀ နဲ႔ ကမ္းလွမ္းတာကိုျငင္းပယ္ၿပီး အာဆင္နယ္ကို တစ္ပတ္ေပါင္ ၁၃၀၀၀၀ လစာနဲ႔ပဲ ေျပာင္း ေရႊ႕ခဲ့တာပါ။

ဆြာရက္ဇ္

နာမည္ႀကီးေဘာလံုးသမားေတြကို ေငြနဲ႔ေပါက္ၿပီး ကမ္းလွမ္းတဲ့ အမည္မေဖာ္ျပတဲ့ တရုတ္စူပါလိဂ္ကလပ္တစ္ခုက ဆြာရက္ဇ္ကို ဘာစီလိုနာမွာရေနတဲ့ လစာရဲ႕ ၂ ဆနီး ပါးျဖစ္တဲ့ တစ္ပတ္ေပါင္ ၅၀၀၀၀၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အက္သလက္တီကိုကိုပဲ ဆြာ ရက္ဇ္က ေရြးခ်ယ္ခဲ့ပါတယ္။

၀ဲလ္ဘတ္

ဘရိုက္တန္ကို တစ္ပတ္ေပါင္ ၁၀၀၀၀၀ နဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ ၀ဲလ္ဘတ္ဟာ သူ႕ကို အမည္မေဖာ္ျပတဲ့ တူရကီစူပါလိဂ္ကလပ္အသင္းတစ္သင္းက တစ္ပတ္ေပါင္ ၁၄၀၀၀၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ၀ဲလ္ဘတ္က အဂၤလန္ေျမမွာပဲကစားဖို႔ ေရြးခ်ယ္ခဲ့တာပါ။