
ဒီရာသီမှာ ရုန်းကန်နေရတဲ့ခြေစွမ်းကြောင့် မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ
လာမယ့်နွေရောက်ရင် ရောင်းထုတ်ခံရတော့မယ်လု့ိ သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ ၂၀၁၉ နွေရာသီက လက်စတာကနေ
ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာခဲ့တာပါ။
အဲဒါဟာ နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြစ်ပြီး
အခုချိန်ထိ အဲဒီစံချိန်ကို ဘယ်သူမှ မချိုးနိုင်သေးပါဘူး။
လက်ရှိမှာ ၂၉ နှစ်ရှိပြီဖြစ်တဲ့မက်ဂွိုင်းယားဟာ ယူနိုက်တက်အတွက်
၁၃၈ ပွဲကစားပေးထားပြီး အဲဒီထဲက ပွဲအများစုကို
ကပ္ပတိန်လက်ပတ်ဝတ်ဆင်ကစားခဲ့တာပါ။
ဒါပေမဲ့လည်း မက်ဂွိုင်းယားဟာ သူ့အတွက် မန်ယူပေးခဲ့ရတဲ့
ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး ဘယ်တုန်းကမှ မရခဲ့ပါဘူး။
အထူးသဖြင့် ဒီရာသီမှာ အမှားပိုများနေပြီး အဲဒီအတွက်
ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့မက်ဂွိုင်းယားကြောင့်လည်း
မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပေးဂိုးမဲ့ ၆ ပွဲသာ ရှိခဲ့တာပါ။
အခုတော့ ယာယီနည်းပြရန်းနစ်ဟာ လာမယ့်နွေမှာ ခံစစ်ပိုင်းအားဖြည့်ဖို့လုပ်နေပြီး
အဲဒီအတွက် မက်ဂွိုင်းယားကို ရောင်းချဖို့ရှိနေတယ်လို့ သတင်းတွေနေပါတယ်။
မက်ဂွိုင်းယားဟာ ပေးရတဲ့ဈေးနဲ့မထိုက်တန်တဲ့အပြင်
လုပ်ခလစာလည်း မြင့်မားနေတာကြောင့်ပါ။
ဒါကြောင့် မန်ယူက သူ့ကို အောက်ဈေးဖြစ်တဲ့ ပေါင်သန်း ၃၀ နဲ့
ရောင်းဖို့လုပ်နေပေမယ့် သူ့ကို ခေါ်မယ့်အသင်းရှိပါ့မလားဆိုတာကတော့ မသေချာပါဘူး။
zawgyi
.ေဂါင္းႀကီးကို ေအာက္ေဈးနဲ႔ေရာင္းဖို႔လုပ္ေနေပမယ့္ ေခၚမယ့္အသင္းရွိပါ့မလား
ဒီရာသီမွာ ႐ုန္းကန္ေနရတဲ့ေျခစြမ္းေၾကာင့္ မန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ
လာမယ့္ေႏြေရာက္ရင္ ေရာင္းထုတ္ခံရေတာ့မယ္လု႔ိ သတင္းေတြထြက္ေပၚေနပါတယ္။
အဲဒီအဂၤလန္လက္ေ႐ြးစင္ဟာ ၂၀၁၉ ေႏြရာသီက လက္စတာကေန
ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၈၀ နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခဲ့တာပါ။
အဲဒါဟာ ေနာက္ခံလူတစ္ေယာက္အတြက္ ကမာၻ႔စံခ်ိန္တင္ေၾကးျဖစ္ၿပီး
အခုခ်ိန္ထိ အဲဒီစံခ်ိန္ကို ဘယ္သူမွ မခ်ိဳးႏိုင္ေသးပါဘူး။
လက္ရွိမွာ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့မက္ဂြိဳင္းယားဟာ ယူႏိုက္တက္အတြက္
၁၃၈ ပြဲကစားေပးထားၿပီး အဲဒီထဲက ပြဲအမ်ားစုကို
ကပၸတိန္လက္ပတ္ဝတ္ဆင္ကစားခဲ့တာပါ။
ဒါေပမဲ့လည္း မက္ဂြိဳင္းယားဟာ သူ႔အတြက္ မန္ယူေပးခဲ့ရတဲ့
ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ဘယ္တုန္းကမွ မရခဲ့ပါဘူး။
အထူးသျဖင့္ ဒီရာသီမွာ အမွားပိုမ်ားေနၿပီး အဲဒီအတြက္
ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔လည္း ႀကဳံေတြ႕ေနရပါတယ္။
ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနတဲ့မက္ဂြိဳင္းယားေၾကာင့္လည္း
မန္ယူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ေပးဂိုးမဲ့ ၆ ပြဲသာ ရွိခဲ့တာပါ။
အခုေတာ့ ယာယီနည္းျပရန္းနစ္ဟာ လာမယ့္ေႏြမွာ ခံစစ္ပိုင္းအားျဖည့္ဖို႔လုပ္ေနၿပီး
အဲဒီအတြက္ မက္ဂြိဳင္းယားကို ေရာင္းခ်ဖို႔ရွိေနတယ္လို႔ သတင္းေတြေနပါတယ္။
မက္ဂြိဳင္းယားဟာ ေပးရတဲ့ေဈးနဲ႔မထိုက္တန္တဲ့အျပင္
လုပ္ခလစာလည္း ျမင့္မားေနတာေၾကာင့္ပါ။
ဒါေၾကာင့္ မန္ယူက သူ႔ကို ေအာက္ေဈးျဖစ္တဲ့ ေပါင္သန္း ၃၀ နဲ႔
ေရာင္းဖို႔လုပ္ေနေပမယ့္ သူ႔ကို ေခၚမယ့္အသင္းရွိပါ့မလားဆိုတာကေတာ့ မေသခ်ာပါဘူး။