ဂျက်ဂရဲလ်လစ်ရှ်ဟာ အမ်မီလီအတက်ခ်နှင့်လျို့ဝှက်ချစ်ကြိုးသွယ်လျက်ရှိ

အင်္ဂလန်စတားဂျက်ဂရဲလ်လစ်ရှ်ဟာနာမည်ကျော်အင်္ဂလိပ်ရုပ်သံတင်ဆက်သူ

အမ်မီလီအတက်ခ်နှင့်လျို့ဝှက်ချစ်ကြိုးသွယ်လျက်ရှိကြောင်းသိရပါတယ်။

၎င်းတို့နှစ်ဦးဟာသူမရဲ့နေအိမ်၊မန်ချက်စတာရှိဟိုတယ်တစ်ခုတို့တွင်

လျို့ဝှက်တွေ့ဆုံချစ်ပွဲဝင်ကြပြီးဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိမန်စီးတီးစတားဟာငယ်ချစ်ဆာရှာအတ်ဝုဒ်နှင့်

တွဲလိုက်၊ကွဲလိုက်ဖြစ်ပြီးနောက်အသက်၃၁နှစ်ရှိအမ်မီလီနှင့်နေ့စဉ်လိုလို

ဖုန်းဆက်သွယ်ပြောဆိုမှုရှိနေခဲ့ပါတယ်။ဂျက်ဂရဲလ်လစ်ရှ်နှင့်အမ်မီလီတို့ဟာ

ခြောက်ပတ်အတွင်းတင်စာများအပြန်အလှန်ရေးသားခြင်း၊

ချိန်းတွေ့ခြင်းတို့ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာစက်တင်ဘာလတုန်းကအမ်မီလီနှင့်တွေ့ဆုံကာ

ဖုန်းနံပါတ်အလဲအလှယ်ပြုလုပ်ပြီးနောက်နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ကြပြီး

ဖြစ်ပါတယ်။ပထမအကြိမ်မှာအောက်တိုဘာလ၁၈ရက်နေ့တုန်းက

ဘရုဂျက်နှင့်ချန်ပီယံလိဂ်နိုင်ပွဲမတိုင်မီမန်ချက်စတာရှိကြယ်ပွင့်အဆင့်ဟိုတယ်

Lowry Hotel မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ်မှာအမ်မီလီရဲ့

နေအိမ်တွင်ပင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာ မော်ဒယ်ဆာရှာနှင့် ကျောင်းသားဘဝကတည်းက

ချစ်ကြိုက်လာခဲ့တာဖြစ်ပါတယ်။ ဆာရှာဟာပြီးခဲ့တဲ့အပတ်က

ဂျက်ဂရဲလ်လစ်ရှ်ရဲ့အသက်၂၆နှစ်ပြည့်မွေးနေ့နှင့်

သူတို့စုံတွဲရဲ့ Anniversary အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

zawgyi

ဂ်က္ဂရဲလ္လစ္ရွ္ဟာ အမ္မီလီအတက္ခ္ႏွင့္လ်ိဳ႕ဝွက္ခ်စ္ႀကိဳးသြယ္လ်က္ရွိ

အဂၤလန္စတားဂ်က္ဂရဲလ္လစ္ရွ္ဟာနာမည္ေက်ာ္အဂၤလိပ္႐ုပ္သံတင္ဆက္သူ

အမ္မီလီအတက္ခ္ႏွင့္လ်ိဳ႕ဝွက္ခ်စ္ႀကိဳးသြယ္လ်က္ရွိေၾကာင္းသိရပါတယ္။

၎တို႔ႏွစ္ဦးဟာသူမရဲ႕ေနအိမ္၊မန္ခ်က္စတာရွိဟိုတယ္တစ္ခုတို႔တြင္

လ်ိဳ႕ဝွက္ေတြ႕ဆုံခ်စ္ပြဲဝင္ၾကၿပီးျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိမန္စီးတီးစတားဟာငယ္ခ်စ္ဆာရွာအတ္ဝုဒ္ႏွင့္

တြဲလိုက္၊ကြဲလိုက္ျဖစ္ၿပီးေနာက္အသက္၃၁ႏွစ္ရွိအမ္မီလီႏွင့္ေန႔စဥ္လိုလို

ဖုန္းဆက္သြယ္ေျပာဆိုမႈရွိေနခဲ့ပါတယ္။ဂ်က္ဂရဲလ္လစ္ရွ္ႏွင့္အမ္မီလီတို႔ဟာ

ေျခာက္ပတ္အတြင္းတင္စာမ်ားအျပန္အလွန္ေရးသားျခင္း၊ခ်ိန္းေတြ႕ျခင္းတို႔ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာစက္တင္ဘာလတုန္းကအမ္မီလီႏွင့္ေတြ႕ဆုံကာ

ဖုန္းနံပါတ္အလဲအလွယ္ျပဳလုပ္ၿပီးေနာက္ႏွစ္ႀကိမ္တိုင္တိုင္ေတြ႕ဆုံခဲ့ၾကၿပီ

းျဖစ္ပါတယ္။ပထမအႀကိမ္မွာေအာက္တိုဘာလ၁၈ရက္ေန႔တုန္းက

ဘ႐ုဂ်က္ႏွင့္ခ်န္ပီယံလိဂ္ႏိုင္ပြဲမတိုင္မီမန္ခ်က္စတာရွိၾကယ္ပြင့္အဆင့္ဟိုတယ္

Lowry Hotel မွာေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ဒုတိယအႀကိမ္မွာအမ္မီလီရဲ႕

ေနအိမ္တြင္ပင္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ဂ်က္ဂရဲလ္လစ္ရွ္ဟာ

ေမာ္ဒယ္ဆာရွာႏွင့္ ေက်ာင္းသားဘဝကတည္းက ခ်စ္ႀကိဳက္လာခဲ့တာျဖစ္ပါတယ္။

ဆာရွာဟာၿပီးခဲ့တဲ့အပတ္ကဂ်က္ဂရဲလ္လစ္ရွ္ရဲ႕အသက္၂၆ႏွစ္ျပည့္ေမြးေန႔ႏွင့္

သူတို႔စုံတြဲရဲ႕ Anniversary ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။