ဂျက် ဂရေးလစ် မန်စီးတီးကို ရောက်ရှိဖို့ နီးစပ်နေ

မန်ချက်စတာ စီးတီးအသင်းဟာ ဂျက် ဂရေးလစ်အတွက် အက်စတွန်ဗီလာအသင်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတယ်လို့ ESPN သတင်းဌာနအရ သိရပါတယ်။

နောက်ပြီး မန်စီးတီးက ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း ( ၁၀၀ ) ဝန်းကျင် ပေးချေဖို့ အသင့်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အက်စတွန်ဗီလာအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိပေမယ့် အင်္ဂလန်ကြယ်ပွင့် ဂျက် ဂရေးလစ်ရဲ့ ကိုယ်စားလှယ်တွေက ကစားသမားကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ( ၂၅ ) နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ boyhood club အက်စတွန်ဗီလာအသင်းအတွက် ( ၂၀၁၄ ) ခုနှစ်ကနေ လက်ရှိအချိန်ထိ ( ၂၁၃ ) ပွဲကစားပေးထားပြီး ( ၃၂ ) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဂရေးလစ်ဟာ လက်ရှိ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲဝင် အင်္ဂလန်လက်‌ေရွးစင်အသင်းမှာ ရွေးချယ်ခံထားရပြီး ဂျာမနီနဲ့ ကစားရမယ့် ( ၁၆) သင်းအဆင့် ပွဲစဥ်မှာ ပွဲထွက်ခွင့်ရဖို့ ရေပန်းစားနေပါတယ်။

နောက်ပြီး အဆိုပါ သတင်းအရ မန်စီးတီးအသင်းဟာ ဂျက် ဂရေးလစ်ကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် ဟယ်ရီကိန်းကိုလည်း ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ( ၃ ) နှစ် ကျန်ရှိနေပြီး တော့တင်ဟမ် ဥက္ကဌ ဒန်နီရယ် လေဗိုင်းက ပေါင်သန်း ( ၁၅၀ ) ကျော် အလိုရှိနေတာဖြစ်ပါတယ်။

Zawgyi

ဂ်က္ ဂေရးလစ္ မန္စီးတီးကို ေရာက္ရွိဖို႔ နီးစပ္ေန

မန္ခ်က္စတာ စီးတီးအသင္းဟာ ဂ်က္ ဂေရးလစ္အတြက္ အက္စတြန္ဗီလာအသင္းနဲ႔ သေဘာတူညီမႈရရွိဖို႔ နီးစပ္ေနတယ္လို႔ ESPN သတင္းဌာနအရ သိရပါတယ္။ ေနာက္ၿပီး မန္စီးတီးက ကြင္းလယ္ကစားသမားအတြက္ ေပါင္သန္း ( ၁၀၀ ) ဝန္းက်င္ ေပးေခ်ဖို႔ အသင့္ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

အက္စတြန္ဗီလာအသင္းက စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေပမယ့္ အဂၤလန္ၾကယ္ပြင့္ ဂ်က္ ဂေရးလစ္ရဲ႕ ကိုယ္စားလွယ္ေတြက ကစားသမားကို ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ ကစားသမားဟာ သူ႔ရဲ႕ boyhood club အက္စတြန္ဗီလာအသင္းအတြက္ ( ၂၀၁၄ ) ခုႏွစ္ကေန လက္ရွိအခ်ိန္ထိ ( ၂၁၃ ) ပြဲကစားေပးထားၿပီး ( ၃၂ ) ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဂေရးလစ္ဟာ လက္ရွိ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲဝင္ အဂၤလန္လက္‌ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံထားရၿပီး ဂ်ာမနီနဲ႔ ကစားရမယ့္ ( ၁၆) သင္းအဆင့္ ပြဲစဥ္မွာ ပြဲထြက္ခြင့္ရဖို႔ ေရပန္းစားေနပါတယ္။

ေနာက္ၿပီး အဆိုပါ သတင္းအရ မန္စီးတီးအသင္းဟာ ဂ်က္ ဂေရးလစ္ကို ေခၚယူဖို႔ နီးစပ္ေနေပမယ့္ ဟယ္ရီကိန္းကိုလည္း ဆက္လက္စိတ္ဝင္စားေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ ကိန္းက စပါးနဲ႔ စာခ်ဳပ္သက္တမ္း ( ၃ ) ႏွစ္ က်န္ရွိေနၿပီး ေတာ့တင္ဟမ္ ဥကၠဌ ဒန္နီရယ္ ေလဗိုင္းက ေပါင္သန္း ( ၁၅၀ ) ေက်ာ္ အလိုရွိေနတာျဖစ္ပါတယ္။