ဂျရတ်ရဲ့ရိန်းဂျားစ်အသင်း ဘယ်အချိန် အစောဆုံးစကော့တလန်အမှတ်ပေးချန်ပီယံဖြစ်နိုင်လဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းခေါင်းဆာင်ဟောင်း စတီဗင်ဂျရတ် ဦးဆောင်တဲ့ ရိန်းဂျားစ်အသင်းဟာ ၅၅ကြိမ်မြောက် အမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးစပ်နေပြီး အခါးသီးဆုံးပြိုင်ဘက်ကြီး ဆဲလ်တစ်အသင်းရဲ့ ၉နှစ်ဆက် လွှမ်းမိုးလာမှုကို အဆုံးသတ်နိုင်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

ရိန်းဂျားစ်ဟာ ၂၀၂၁ ရဲ့ ပထမဆုံးပွဲမှာ ဂလပ်စဂိုမြို့ခံပြိုင်ဘက် ဆဲလ်တစ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ ဒုတိယနေရာက ဆဲလ်တစ်ကို ၁၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

နည်းပြ နေးလ်လင်နွန်ဦးဆောင်တဲ့ ဆဲလ်တစ်အသင်းက လက်ထဲမှာ ကစားဖို့ ၃ပွဲကျန်သေးပေမယ့် အဲဒီ ၃ပွဲစလုံးအနိုင်ရမယ်ဆိုရင်တောင်မှ ရိန်းဂျားစ်ရဲ့နောက် ၁၀ မှတ်ကွာဟနေဦးမှာဖြစ်ပြီး ဒီရာသီမှာ နောက်ထပ် Old Firm ဒါဘီပွဲ ၂ပွဲ ထပ်ကစားရဦးမှာဖြစ်ပါတယ်။

ဆဲလ်တစ်အသင်း ၁၀ နှစ်ဆက်အမှတ်ပေးချန်ပီယံဖြစ်ဖို့က ရာခိုင်နှုန်းအတော်လေးနည်းနေပြီး ရိန်းဂျားစ်အသင်း အမှတ်ပေးချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။

ရိန်းဂျားစ်အနေနဲ့ အစောဆုံးအနေနဲ့ ဧပြီလ ၁၇ ရက်နေ့မှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေပြီး နောက် Old Firm ပွဲက မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ရာ ရိန်းဂျားစ်အသင်း ဘယ်အချိန်မှာ အမှတ်ပေးချန်ပီယံဖြစ်နိုင်မလဲဆိုတာ အဲဒီပွဲက အတော်လေးအဆုံးအဖြတ်ပေးနိုင်ပါတယ်။

ဒီရာသီမှာ ဆဲလ်တစ်အသင်း အမှတ်အများဆုံးရနိုင်တဲ့အရေအတွက်က အမှတ် ၁၀၀ ဖြစ်ပြီး ဒါကလည်း ကြားထဲမှာကစားရဦးမယ့် Old Firm ၂ပွဲစလုံးကို အနိုင်တွက်ထားတာပါ။ ဒါပေမဲ့ တကယ်လို့ ရိန်းဂျားစ်အသင်းဟာ လက်ရှိပုံစံကောင်းကို ဆက်ထိန်းပြီး ဒါဘီပွဲမှာ ၃ပွဲဆက်အနိုင်ရမယ်ဆိုရင် ဆဲလ်တစ်လည်း အများဆုံး ၉၇ မှတ်ပဲ ရတော့မှာဖြစ်ပြီး ရိန်းဂျားစ်က ၁၃ မှတ်အသာနဲ့ ဦးဆောင်နိုင်မှာပါ။

ဧပြီလ ၃ ရက်နေ့မှာ ကစားရမယ့် ဒန်ဒီးနဲ့ပွဲမှာ ရိန်းဂျားစ်အသင်း အနိုင်ရမယ်ဆိုရင် ရာသီကုန်ဖို့ ၄ပွဲအလို ပွဲစဉ် ၃၄ မှာ ချန်ပီယံဖြစ်ဖို့ ၃ မှတ်ပဲ လိုတော့မှာဖြစ်ပြီး ဆောင်းဦးရာသီမတိုင်ခင် ဆဲလ်တစ်အသင်း ၆ မှတ်လျော့ကျခဲ့ရင် ရိန်းဂျားစ်လည်း ဆဲလ်တစ်ကွင်းမှာ အမှတ်ပေးချန်ပီယံဖြစ်နိုင်တဲ့အခွင့်အရေးရလာနိုင်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကိုရိုနာဗိုင်းရပ်စ်ကြောင့် စကော့တလန်အမှတ်ပေးပြိုင်ပွဲကို ပြီးဆုံးအောင်မကျင်းပနိုင်ခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီမှာတော့ ဆဲလ်တစ်အသင်းက မေလ ၄ ရက်နေ့မှာ အဘာဒင်းကို ၃-၀ ဂိုးနဲ့အနိုင်ရပြီးနောက် ရာသီကုန်ဖို့ ၂ပွဲအလိုမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲဒီရာသီမတိုင်ခင် တစ်ရာသီတုန်းကလည်း ဆဲလ်တစ်ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဒါဘီပြိင်ဘက် ရိန်းဂျားစ်ကို ၅ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သလို အဲဒီရာသီမှာ ၁၀၆ မှတ်အထိ ရရှိခဲ့တဲ့အနက် ဒီရာသီမှာ ရိန်းဂျားစ်လည်း အဲဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ရတ္ရဲ႕ရိန္းဂ်ားစ္အသင္း ဘယ္အခ်ိန္ အေစာဆုံးစေကာ့တလန္အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္လဲ

လီဗာပူးအသင္းေခါင္းဆာင္ေဟာင္း စတီဗင္ဂ်ရတ္ ဦးေဆာင္တဲ့ ရိန္းဂ်ားစ္အသင္းဟာ ၅၅ႀကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ နီးစပ္ေနၿပီး အခါးသီးဆုံးၿပိဳင္ဘက္ႀကီး ဆဲလ္တစ္အသင္းရဲ႕ ၉ႏွစ္ဆက္ လႊမ္းမုိးလာမႈကုိ အဆုံးသတ္ႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။ ရိန္းဂ်ားစ္ဟာ ၂၀၂၁ ရဲ႕ ပထမဆုံးပြဲမွာ ဂလပ္စဂိုၿမိဳ႕ခံၿပိဳင္ဘက္ ဆဲလ္တစ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားမွာ ဒုတိယေနရာက ဆဲလ္တစ္ကို ၁၉ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ နည္းျပ ေနးလ္လင္ႏြန္ဦးေဆာင္တဲ့ ဆဲလ္တစ္အသင္းက လက္ထဲမွာ ကစားဖို႔ ၃ပဲြက်န္ေသးေပမယ့္ အဲဒီ ၃ပြဲစလုံးအႏိုင္ရမယ္ဆုိရင္ေတာင္မွ ရိန္းဂ်ားစ္ရဲ႕ေနာက္ ၁၀ မွတ္ကြာဟေနဦးမွာျဖစ္ၿပီး ဒီရာသီမွာ ေနာက္ထပ္ Old Firm ဒါဘီပဲြ ၂ပဲြ ထပ္ကစားရဦးမွာျဖစ္ပါတယ္။

ဆဲလ္တစ္အသင္း ၁၀ ႏွစ္ဆက္အမွတ္ေပးခ်န္ပီယံျဖစ္ဖုိ႔က ရာခုိင္ႏႈန္းအေတာ္ေလးနည္းေနၿပီး ရိန္းဂ်ားစ္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္ဖုိ႔ ေသခ်ာသေလာက္ရွိေနပါတယ္။ ရိန္းဂ်ားစ္အေနနဲ႔ အေစာဆုံးအေနနဲ႔ ဧၿပီလ ၁၇ ရက္ေန႔မွာ အမွတ္ေပးခ်န္ပီယံျဖစ္ဖုိ႔ အခြင့္အေရးရွိေနၿပီး ေနာက္ Old Firm ပြဲက မတ္လ ၂၀ ရက္ေန႔မွာ က်င္းပမွာျဖစ္ရာ ရိန္းဂ်ားစ္အသင္း ဘယ္အခ်ိန္မွာ အမွတ္ေပးခ်န္ပီယံျဖစ္ႏုိင္မလဲဆုိတာ အဲဒီပြဲက အေတာ္ေလးအဆုံးအျဖတ္ေပးႏိုင္ပါတယ္။ ဒီရာသီမွာ ဆဲလ္တစ္အသင္း အမွတ္အမ်ားဆုံးရႏိုင္တဲ့အေရအတြက္က အမွတ္ ၁၀၀ ျဖစ္ၿပီး ဒါကလည္း ၾကားထဲမွာကစားရဦးမယ့္ Old Firm ၂ပြဲစလုံးကို အႏိုင္တြက္ထားတာပါ။

ဒါေပမ့ဲ တကယ္လုိ႔ ရိန္းဂ်ားစ္အသင္းဟာ လက္ရွိပံုစံေကာင္းကို ဆက္ထိန္းၿပီး ဒါဘီပြဲမွာ ၃ပြဲဆက္အႏိုင္ရမယ္ဆုိရင္ ဆဲလ္တစ္လည္း အမ်ားဆုံး ၉၇ မွတ္ပဲ ရေတာ့မွာျဖစ္ၿပီး ရိန္းဂ်ားစ္က ၁၃ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္မွာပါ။ ဧၿပီလ ၃ ရက္ေန႔မွာ ကစားရမယ့္ ဒန္ဒီးနဲ႔ပဲြမွာ ရိန္းဂ်ားစ္အသင္း အႏိုင္ရမယ္ဆုိရင္ ရာသီကုန္ဖို႔ ၄ပဲြအလုိ ပြဲစဥ္ ၃၄ မွာ ခ်န္ပီယံျဖစ္ဖို႔ ၃ မွတ္ပဲ လိုေတာ့မွာျဖစ္ၿပီး ေဆာင္းဦးရာသီမတိုင္ခင္ ဆဲလ္တစ္အသင္း ၆ မွတ္ေလ်ာ့က်ခဲ့ရင္ ရိန္းဂ်ားစ္လည္း ဆဲလ္တစ္ကြင္းမွာ အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္တဲ့အခြြင့္အေရးရလာႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စေကာ့တလန္အမွတ္ေပးၿပိဳင္ပဲြကို ၿပီးဆုံးေအာင္မက်င္းပႏုိင္ခဲ့ေပမယ့္ ၂၀၁၈-၁၉ ရာသီမွာေတာ့ ဆဲလ္တစ္အသင္းက ေမလ ၄ ရက္ေန႔မွာ အဘာဒင္းကို ၃-၀ ဂိုးနဲ႔အႏုိင္ရၿပီးေနာက္ ရာသီကုန္ဖို႔ ၂ပြဲအလုိမွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အဲဒီရာသီမတိုင္ခင္ တစ္ရာသီတုန္းကလည္း ဆဲလ္တစ္ဟာ ဧၿပီလ ၂၉ ရက္ေန႔မွာ ဒါဘီၿပိင္ဘက္ ရိန္းဂ်ားစ္ကို ၅ဂိုးျပတ္အႏိုင္ရၿပီး ခ်န္ပီယံျဖစ္ခဲ့သလုိ အဲဒီရာသီမွာ ၁၀၆ မွတ္အထိ ရရွိခဲ့တဲ့အနက္ ဒီရာသီမွာ ရိန္းဂ်ားစ္လည္း အဲဒီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖုိ႔ အခြင့္အေရးရွိေနပါတယ္။