ဂျာစီပေါ်မှာ Virgil လို့ သတ်မှတ်ရတဲ့နောက်ကွယ်က ဗန်ဒိုက်ရဲ့ ဝမ်းနည်းစရာဇာတ်လမ်း (၂)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဒီအချိန်တုန်းက ဗန်ဒိုက်ဟာ ကလေးသာသာပဲရှိသေးပေမယ့် သူရင်ဆိုင်ရတဲ့ အဖြစ်အပျက်က ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလိုပါပဲ။ ပိုဆိုးတာက ရွန်ဗန်ဒိုက်ဟာ ဇနီးနဲ့ လမ်းခွဲခဲ့ပြီးကတည်းက မိသားစုကို တစ်ခါမှ ပြန်လှည့် မကြည့်တော့ပါဘူး။

“ရွန်ဟာ လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူက ဖခင်ကောင်းတစ်ဦးတော့ မဖြစ်ခဲ့ဘူး။ ကိုယ့်သားသမီးတွေအတွက် ကိုယ်တည်ထောင်ခဲ့တဲ့ မိသားစုကို ပြန်ကြည့်ဖို့ လိုပါတယ်။ ရွန်ဟာ နောက်အိမ်ထောင်ပြုခဲ့ပြီး ဒုတိယဇနီးက သူ့ကို ချုပ်ကိုင်ခြယ်လှယ်ထားတာကြောင့် သူ့သားသမီးတွေကို ပြန်တွေ့ဖို့ ခက်ခဲခဲ့တာလည်းဖြစ်ပါတယ်”။

ဖခင်ဆိုတဲ့ နေတစ်စင်း ပျောက်ကွယ်သွားချိန်မှာ မိခင်ရဲ့ အေးမြတဲ့ လရိပ်အောက်မှာ ရှင်သန်ရင်း အမေဆိုတာက ဗန်ဒိုက်အတွက် အားကိုးစရာ အထင်ကြီးလေးစားဖို့ကောင်းတဲ့ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တယ်။ “ဗန်ဒိုက်ရဲ့ ဘဝမှာ သူ့အမေက Idol ဖြစ်ခဲ့တာဗျ။ ဟယ်လန်က အလုပ်တစ်ခုမှာ Full Time လုပ်ရင်း ကလေး(၃)ယောက်ကို ပြုစုပြိုးထောင်ခဲ့ရတယ်။ အဲဒီအတွက် တစ်ယောက်တည်း အေးဆေးနားချိန်ဆိုတာ ဘယ်ရှိမှာလဲ။ နေ့တိုင်း အလုပ်သွား၊ ပြီးရင် အိမ်ပြန်လာ ကလေးတွေကို ဂရုစိုက်ရ၊ ချက်ရပြုတ်ရနဲ့ပေါ့”။

ဗန်ဒိုက်ဟာ သူ့အဖေကို နာကြည်းရတဲ့ နောက်တစ်ချက်က ရွန်ဗန်ဒိုက်ဟာ မိသားစုအတွက် ထောက်ပံ့ခဲ့ရတဲ့ ငွေတွေကို ပြန်လိုချင်တယ်လို့ တောင်းဆိုခဲ့တာကြောင့်ပါပဲ။ ရွန်ဟာ ဗန်ဒိုက်ကို ဘောလုံးလမ်းကြောင်းပေါ်ရောက်အောင် အစပျိုးပေးခဲ့သူဖြစ်ပြီး သူက”ဒီနေ့ဒီအချိန်မှာ ဗန်ဒိုက်ဆိုပြီး နာမည်ကျော်ဘောလုံးသမားဖြစ်အောင် ဘယ်သူ လုပ်ပေးခဲ့တာလဲဆိုတာ ကျွန်တော်အသိဆုံးပါပဲ။ ဗန်ဒိုက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် မရပ်တည်နိုင်ခင် အချိန်အထိ သူ့အမေဘက်က တစ်ယောက်ကမှ သူ့ကို ဒီလောက်အထိ ဂရုမစိုက်ကြပါဘူး”လို့ ပြောခဲ့ဖူးပါတယ်။ ရွန်တစ်ယောက် သူ့သား စိတ်ပြန်လည်လာအောင် ဘယ်လိုပဲပြောပြော ဗန်ဒိုက်ကတော့ သူ့အဖေကို နာကြည်းနေဆဲပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲဒီအခ်ိန္တုန္းက ဗန္ဒိုက္ဟာ ကေလးသာသာပဲရွိေသးေပမယ့္ သူရင္ဆိုင္ရတဲ့ အျဖစ္အပ်က္က ကမာၻႀကီးတစ္ခုလုံး ပ်က္စီးသြားလိုပါပဲ။ ပိုဆိုးတာက ႐ြန္ဗန္ဒိုက္ဟာ ဇနီးနဲ႔ လမ္းခြဲခဲ့ၿပီးကတည္းက မိသားစုကို တစ္ခါမွ ျပန္လွည့္ မၾကည့္ေတာ့ပါဘူး။ “႐ြန္ဟာ လူေကာင္းတစ္ေယာက္ပါ။ ဒါေပမဲ့ သူက ဖခင္ေကာင္းတစ္ဦးေတာ့ မျဖစ္ခဲ့ဘူး။ ကိုယ့္သားသမီးေတြအတြက္ ကိုယ္တည္ေထာင္ခဲ့တဲ့ မိသားစုကို ျပန္ၾကည့္ဖို႔ လိုပါတယ္။ ႐ြန္ဟာ ေနာက္အိမ္ေထာင္ျပဳခဲ့ၿပီး ဒုတိယဇနီးက သူ႔ကို ခ်ဳပ္ကိုင္ျခယ္လွယ္ထားတာေၾကာင့္ သူ႔သားသမီးေတြကို ျပန္ေတြ႕ဖို႔ ခက္ခဲခဲ့တာလည္းျဖစ္ပါတယ္”။ ဖခင္ဆိုတဲ့ ေနတစ္စင္း ေပ်ာက္ကြယ္သြားခ်ိန္မွာ မိခင္ရဲ႕ ေအးျမတဲ့ လရိပ္ေအာက္မွာ ရွင္သန္ရင္း အေမဆိုတာက ဗန္ဒိုက္အတြက္ အားကိုးစရာ အထင္ႀကီးေလးစားဖို႔ေကာင္းတဲ့ သူရဲေကာင္းတစ္ဦးျဖစ္လာခဲ့တယ္။

“ဗန္ဒိုက္ရဲ႕ ဘဝမွာ သူ႔အေမက Idol ျဖစ္ခဲ့တာဗ်။ ဟယ္လန္က အလုပ္တစ္ခုမွာ Full Time လုပ္ရင္း ကေလး(၃)ေယာက္ကို ျပဳစုၿပိဳးေထာင္ခဲ့ရတယ္။ အဲဒီအတြက္ တစ္ေယာက္တည္း ေအးေဆးနားခ်ိန္ဆိုတာ ဘယ္ရွိမွာလဲ။ ေန႔တိုင္း အလုပ္သြား၊ ၿပီးရင္ အိမ္ျပန္လာ ကေလးေတြကို ဂ႐ုစိုက္ရ၊ ခ်က္ရျပဳတ္ရနဲ႔ေပါ့”။ ဗန္ဒိုက္ဟာ သူ႔အေဖကို နာၾကည္းရတဲ့ ေနာက္တစ္ခ်က္က ႐ြန္ဗန္ဒိုက္ဟာ မိသားစုအတြက္ ေထာက္ပံ့ခဲ့ရတဲ့ ေငြေတြကို ျပန္လိုခ်င္တယ္လို႔ ေတာင္းဆိုခဲ့တာေၾကာင့္ပါပဲ။

႐ြန္ဟာ ဗန္ဒိုက္ကို ေဘာလုံးလမ္းေၾကာင္းေပၚေရာက္ေအာင္ အစပ်ိဳးေပးခဲ့သူျဖစ္ၿပီး သူက”ဒီေန႔ဒီအခ်ိန္မွာ ဗန္ဒိုက္ဆိုၿပီး နာမည္ေက်ာ္ေဘာလုံးသမားျဖစ္ေအာင္ ဘယ္သူ လုပ္ေပးခဲ့တာလဲဆိုတာ ကြၽန္ေတာ္အသိဆုံးပါပဲ။ ဗန္ဒိုက္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားအျဖစ္ မရပ္တည္ႏိုင္ခင္ အခ်ိန္အထိ သူ႔အေမဘက္က တစ္ေယာက္ကမွ သူ႔ကို ဒီေလာက္အထိ ဂ႐ုမစိုက္ၾကပါဘူး”လို႔ ေျပာခဲ့ဖူးပါတယ္။ ႐ြန္တစ္ေယာက္ သူ႔သား စိတ္ျပန္လည္လာေအာင္ ဘယ္လိုပဲေျပာေျပာ ဗန္ဒိုက္ကေတာ့ သူ႔အေဖကို နာၾကည္းေနဆဲပါပဲ။