ဂျာစီပေါ်မှာ Virgil လို့ သတ်မှတ်ရတဲ့နောက်ကွယ်က ဗန်ဒိုက်ရဲ့ ဝမ်းနည်းစရာဇာတ်လမ်း (၁)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူတစ်ဦးတစ်ယောက်တိုင်းရဲ့ ဘဝမှာ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အတိတ်ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ကြဖူးမယ်။ လီဗာပူးလ်အသင်းရဲ့ နာမည်ကျော် နောက်ခံလူ ဗန်ဒိုက်ဟာလည်း လူသားထဲက လူတစ်ဦးဖြစ်တာကြောင့် သူ့မှာလည်း ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ခုရှိနေတယ်။ ဗန်ဒိုက်ဟာ သူ့ရဲ့ဂျာစီမှာ သူများတွေလို မိသားစုနာမည် (Surname)မတပ်ဘဲ ရှေ့နာမည် Virgil ကိုပဲ သတ်မှတ်ထားတာ ပရိသတ်တွေ အသိဖြစ်ပါလိမ့်မယ်။ ဒါက သူကိုယ်တိုင် နှစ်သက်လို့ Virgil လို့ပဲ သတ်မှတ်ခဲ့တာပါ။ ဘာကြောင့်များ ဗန်ဒိုက်ဟာ ဂျာစီပေါ်မှာ Virgil လို့ သတ်မှတ်ခဲ့တာလဲ . .

အထက်မှာ ပြောခဲ့သလိုပဲ အဲဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ဝမ်းနည်းစရာကောင်းတဲ့ Sad Story တစ်ခုရှိနေတာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ နယ်သာလန်အသင်းဖော် ဒီပိုင်းလိုပဲ ဖခင်ရဲ့ စွန့်ပစ်တာကို ခံခဲ့ရသူပါ။ ဗန်ဒိုက်ရဲ့ ဖခင် ရွန်ဗန်ဒိုက်ဟာ သူငယ်ငယ်လေးကတည်းက မိသားစုကို စွန့်ခွာခဲ့တာကြောင့် သူ့မိခင်ဟာ ကလေး(၃)ယောက်နဲ့အတူ ဘဝခရီးလမ်းကို ကြမ်းကြမ်းတမ်းတမ်း ဆက်လျှောက်ခဲ့ရတယ်။

အဲဒီအတွက် ဗန်ဒိုက်ဟာ သူ့အဖေကို ဘယ်တော့မှ ခွင့်မလွှတ်ခဲ့သလို အဲဒီအချိန်က စလို့ အခုအချိန်အထိ အဖေနဲ့ လုံးဝအဆက်အသွယ် မလုပ်ခဲ့ပါဘူး။ ဖခင်စွန့်ခွာခံရတဲ့ ကလေးငယ်တစ်ဦးရဲ့ ရင်ထဲက နာကြည်းမှုတွေဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အကောင်းဆုံးတွန်းအားတစ်ခုဖြစ်ခဲ့တယ်။ ဗန်ဒိုက်ရဲ့ ဦးလေးဖြစ်တဲ့ Steven ကတော့ သူတူတော်မောင်အတွက် အရမ်းကို ဂုဏ်ယူနေတာပါ။

“ဗန်ဒိုက်ဟာ သူ့ဘဝမှာ အနိမ့်အမြင့်တွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တယ်။ သူ့ မိဘတွေ သဘောထားချင်း မတိုက်ဆိုလို့ လမ်းခွဲလိုက်ချိန်မှာ ဗန်ဒိုက်ရဲ့ အမေ ဟယ်လန်က ကလေး(၃)ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ရတယ်။ ဒီလို ကြမ်းတမ်းတဲ့ဘဝအတွေ့အကြုံတွေကို ဘယ်သူက လွယ်လွယ်နဲ့ မေ့ပစ်နိုင်မှာလဲ။

အမှန်အတိုင်းပြောရရင် ဗန်ဒိုက်ဘဝရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ သူ့အဖေ မရှိတော့ပါဘူး။ အကြောင်းပြချက် မရှိဘဲနဲ့တော့ ဘယ်သူမှ ကိုယ့်အဖေနာမည် ဖော်ပြရမှာကို ငြင်းဆန်ကြမှာ မဟုတ်ပါဘူး”

Zawgyi

လူတစ္ဦးတစ္ေယာက္တိုင္းရဲ႕ ဘဝမွာ ဝမ္းနည္းေၾကကြဲစရာေကာင္းတဲ့ အတိတ္ဇာတ္လမ္းတစ္ပုဒ္ ရွိခဲ့ၾကဖူးမယ္။ လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ ေနာက္ခံလူ ဗန္ဒိုက္ဟာလည္း လူသားထဲက လူတစ္ဦးျဖစ္တာေၾကာင့္ သူ႔မွာလည္း ဝမ္းနည္းစရာ ဇာတ္လမ္းေလးတစ္ခုရွိေနတယ္။ ဗန္ဒိုက္ဟာ သူ႔ရဲ႕ဂ်ာစီမွာ သူမ်ားေတြလို မိသားစုနာမည္ (Surname)မတပ္ဘဲ ေရွ႕နာမည္ Virgil ကိုပဲ သတ္မွတ္ထားတာ ပရိသတ္ေတြ အသိျဖစ္ပါလိမ့္မယ္။ ဒါက သူကိုယ္တိုင္ ႏွစ္သက္လို႔ Virgil လို႔ပဲ သတ္မွတ္ခဲ့တာပါ။ ဘာေၾကာင့္မ်ား ဗန္ဒိုက္ဟာ ဂ်ာစီေပၚမွာ Virgil လို႔ သတ္မွတ္ခဲ့တာလဲ . . .

အထက္မွာ ေျပာခဲ့သလိုပဲ အဲဒီလုပ္ရပ္ရဲ႕ေနာက္ကြယ္မွာ ဝမ္းနည္းစရာေကာင္းတဲ့ Sad Story တစ္ခုရွိေနတာျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ နယ္သာလန္အသင္းေဖာ္ ဒီပိုင္းလိုပဲ ဖခင္ရဲ႕ စြန႔္ပစ္တာကို ခံခဲ့ရသူပါ။ ဗန္ဒိုက္ရဲ႕ ဖခင္ ႐ြန္ဗန္ဒိုက္ဟာ သူငယ္ငယ္ေလးကတည္းက မိသားစုကို စြန႔္ခြာခဲ့တာေၾကာင့္ သူ႔မိခင္ဟာ ကေလး(၃)ေယာက္နဲ႔အတူ ဘဝခရီးလမ္းကို ၾကမ္းၾကမ္းတမ္းတမ္း ဆက္ေလွ်ာက္ခဲ့ရတယ္။ အဲဒီအတြက္ ဗန္ဒိုက္ဟာ သူ႔အေဖကို ဘယ္ေတာ့မွ ခြင့္မလႊတ္ခဲ့သလို အဲဒီအခ်ိန္က စလို႔ အခုအခ်ိန္အထိ အေဖနဲ႔ လုံးဝအဆက္အသြယ္ မလုပ္ခဲ့ပါဘူး။

ဖခင္စြန႔္ခြာခံရတဲ့ ကေလးငယ္တစ္ဦးရဲ႕ ရင္ထဲက နာၾကည္းမႈေတြဟာ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ အေကာင္းဆုံးတြန္းအားတစ္ခုျဖစ္ခဲ့တယ္။ ဗန္ဒိုက္ရဲ႕ ဦးေလးျဖစ္တဲ့ Steven ကေတာ့ သူတူေတာ္ေမာင္အတြက္ အရမ္းကို ဂုဏ္ယူေနတာပါ။ “ဗန္ဒိုက္ဟာ သူ႔ဘဝမွာ အနိမ့္အျမင့္ေတြ အမ်ားႀကီးနဲ႔ ႀကဳံေတြ႕ခဲ့ရေပမယ့္ အေကာင္းဆုံး ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။ သူ႔ မိဘေတြ သေဘာထားခ်င္း မတိုက္ဆိုလို႔ လမ္းခြဲလိုက္ခ်ိန္မွာ ဗန္ဒိုက္ရဲ႕ အေမ ဟယ္လန္က ကေလး(၃)ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့ရတယ္။ ဒီလို ၾကမ္းတမ္းတဲ့ဘဝအေတြ႕အႀကဳံေတြကို ဘယ္သူက လြယ္လြယ္နဲ႔ ေမ့ပစ္ႏိုင္မွာလဲ။ အမွန္အတိုင္းေျပာရရင္ ဗန္ဒိုက္ဘဝရဲ႕ အေရးပါတဲ့ အခိုက္အတန႔္ေတြမွာ သူ႔အေဖ မရွိေတာ့ပါဘူး။ အေၾကာင္းျပခ်က္ မရွိဘဲနဲ႔ေတာ့ ဘယ္သူမွ ကိုယ့္အေဖနာမည္ ေဖာ္ျပရမွာကို ျငင္းဆန္ၾကမွာ မဟုတ္ပါဘူး”