
အီတလီရေဒီယိုဌာနတစ်ခုဟာ ဂျာနယ်လစ်တစ်ဦးကို စိတ်မချမ်းသာဖွယ်
မသင့်မလျော်ဆက်ဆံခဲ့တဲ့ဟိုဆေးမော်ရင်ဟိုကိုသပိတ်မှောက်လာပါတယ်။
ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုဟာမကြာသေးမီတုန်းကသတင်းစာရှင်းလင်းပွဲတွင်
Retesport မှသတင်းထောက်ရဲ့မေးခွန်းမှာပညာသားမပါကြောင်း
တိုက်ခိုက်ပြောဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျာနယ်လစ်မာကိုဂျူရစ်က
“ခင်ဗျား ရိုးမားသို့ရောက်လာတာခြောက်လရှိပါပြီ။
ဒီကာလအတွင်းမှာ ခင်ဗျားရွေးချယ်လုပ်ဆောင်ခဲ့တာတွေ၊ကြေညာချက်တွေ၊
တောင်းဆိုမှုတွေ၊ခင်ဗျားလုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး
ပြောင်းလဲသွားပြီလား”လို့မေးမြန်းခဲ့ပါတယ်။
ထိုအခါမော်ရင်ဟိုက “ခင်ဗျားကိုသတင်းစာရှင်းလင်းပွဲတိုင်းမှာတွေ့ရတယ်။
ဒါပေမယ့်ခင်ဗျားတော်လည်းမတော်သလိုခင်ဗျားကိုလည်းတော်တယ်လို့
ဘယ်သူကမှလည်းအသိအမှတ်ပြုမှာမဟုတ်ဘူး။ကျုပ်ကတော့ခင်ဗျားကို
တော်တယ်လို့တွေးချင်တယ်၊ဒါပေမယ့်ခင်ဗျားကခင်ဗျားနေရာမှာဘဲလေ”လို့
ပြောကြားပြီးသတင်းစာရှင်းလင်းပွဲမှထွက်ခွာသွားခဲ့ပါတယ်။
ယခုအခါ Retesport ကနောင်တွင်မော်ရင်ဟိုရဲ့သတင်းများကိုဖော်ပြမှု
ပြုလုပ်တော့မှာမဟုတ်တော့ဘဲသပိတ်မှောက်သွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။
တကယ်တော့မော်ရင်ဟိုဟာဂျာနယ်လစ်နှင့်ပြဿနာတက်တာပထမဆုံးအကြိမ်
မဟုတ်ပါဘူး။သူဟာအင်္ဂလန်တွင်နည်းပြအဖြစ်ကျင်လည်စဉ်တုန်းကလည်း
ဂျာနယ်လစ်များနှင့်အကြိမ်ကြိမ်ပြဿနာတက်ခဲ့ဖူးပါတယ်။
သူဟာပြီးခဲ့တဲ့အပတ်ကယူရိုပါကွန်ဖရင့်လိဂ်မှာဘိုဒို/ဂလမ့်နှင့်၂ဂိုးစီ
သရေကျတဲ့ပွဲအပြီးမှာလည် းနော်ဝေဂျာနယ်လစ်ဂျန်အေဂီဖော်တော့ဖ်အား
ဝေဖန်မှုပြုလုပ်ခဲ့ဖူးပါတယ်။
zawgyi
ဂ်ာနယ္လစ္ကို မေခ်မငံဆက္ဆံခဲ့လို႔ ေမာ္ရင္ဟိုကို အီတလီေရဒီယိုဌာနက သပိတ္ေမွာက္
အီတလီေရဒီယိုဌာနတစ္ခုဟာ ဂ်ာနယ္လစ္တစ္ဦးကို စိတ္မခ်မ္းသာဖြယ္
မသင့္မေလ်ာ္ဆက္ဆံခဲ့တဲ့ဟိုေဆးေမာ္ရင္ဟိုကိုသပိတ္ေမွာက္လာပါတယ္။
႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုဟာမၾကာေသးမီတုန္းကသတင္းစာရွင္းလင္းပြဲတြင္
Retesport မွသတင္းေထာက္ရဲ႕ေမးခြန္းမွာပညာသားမပါေၾကာင္း
တိုက္ခိုက္ေျပာဆိုမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဂ်ာနယ္လစ္မာကိုဂ်ဴရစ္က
“ခင္ဗ်ား ႐ိုးမားသို႔ေရာက္လာတာေျခာက္လရွိပါၿပီ။ဒီကာလအတြင္းမွ
ာခင္ဗ်ားေ႐ြးခ်ယ္လုပ္ေဆာင္ခဲ့တာေတြ၊ေၾကညာခ်က္ေတြ၊
ေတာင္းဆိုမႈေတြ၊ခင္ဗ်ားလုပ္ေဆာင္ခဲ့တာေတြနဲ႔ပတ္သက္ၿပီ
းေျပာင္းလဲသြားၿပီလား”လို႔ေမးျမန္းခဲ့ပါတယ္။
ထိုအခါေမာ္ရင္ဟိုက “ခင္ဗ်ားကိုသတင္းစာရွင္းလင္းပြဲတိုင္းမွာေတြ႕ရတယ္။
ဒါေပမယ့္ခင္ဗ်ားေတာ္လည္းမေတာ္သလိုခင္ဗ်ားကိုလည္းေတာ္တယ္လို႔
ဘယ္သူကမွလည္းအသိအမွတ္ျပဳမွာမဟုတ္ဘူး။က်ဳပ္ကေတာ့ခင္ဗ်ားကို
ေတာ္တယ္လို႔ေတြးခ်င္တယ္၊ဒါေပမယ့္ခင္ဗ်ားကခင္ဗ်ားေနရာမွာဘဲေလ”လို႔
ေျပာၾကားၿပီးသတင္းစာရွင္းလင္းပြဲမွထြက္ခြာသြားခဲ့ပါတယ္။
ယခုအခါ Retesport ကေနာင္တြင္ေမာ္ရင္ဟိုရဲ႕သတင္းမ်ားကိုေဖာ္ျပမႈ
ျပဳလုပ္ေတာ့မွာမဟုတ္ေတာ့ဘဲသပိတ္ေမွာက္သြားမည္ျဖစ္ေၾကာင္း ေၾကညာလာပါတယ္။
တကယ္ေတာ့ေမာ္ရင္ဟိုဟာဂ်ာနယ္လစ္ႏွင့္ျပႆနာတက္တာပထမဆုံးအႀကိမ္
မဟုတ္ပါဘူး။သူဟာအဂၤလန္တြင္နည္းျပအျဖစ္က်င္လည္စဥ္တုန္းကလည္း
ဂ်ာနယ္လစ္မ်ားႏွင့္အႀကိမ္ႀကိမ္ျပႆနာတက္ခဲ့ဖူးပါတယ္။
သူဟာၿပီးခဲ့တဲ့အပတ္ကယူ႐ိုပါကြန္ဖရင့္လိဂ္မွာဘိုဒို/ဂလမ့္ႏွင့္၂ဂိုးစီ
သေရက်တဲ့ပြဲအၿပီးမွာလည္း ေနာ္ေဝဂ်ာနယ္လစ္ဂ်န္ေအဂီေဖာ္ေတာ့ဖ္အား
ေဝဖန္မႈျပဳလုပ္ခဲ့ဖူးပါတယ္။