ဂျာမနီက ယူရိုမှာ အလွယ်ဆုံးပြိုင်ဘက်နဲ့ လာတွေ့နေတာပဲလို့ အက်ဖင်ဘတ် သုံးသပ်

အင်္ဂါနေ့၊ ဝင်ဘလေကွင်းမှာ ကစားမယ့် ၁၆သင်းအဆင့်ပွဲစဉ်မတိုင်ခင် ဂျာမနီအနေနဲ့ ယူရို ၂၀၂၀ မှာ အလွယ်ကူဆုံးပြိုင်ဘက်နဲ့ လာတွေ့နေတာပဲလို့ ဂျာမနီဂန္ထဝင် အက်ဖင်ဘတ်က သုံးသပ်ပါတယ်။
ဒါ့အပြင် ဘိုင်ယန်ကစားသမားဟောင်းကြီးက ဂျာမနီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အားလုံးရဲ့အထင်သေးလျှော့တွက်ခြင်း ခံနေရတယ်လို့ ပြောပါတယ်။


ဂျာမနီဟာ အုပ်စုအဖွင့်ပွဲမှာ ပြင်သစ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယမြောက်ပွဲမှာတော့ လက်ရှိချန်ပီယံ ပေါ်တူဂီကို ၄-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
အဲဒီနောက် ဂျာမနီဟာ အုပ်စုနောက်ဆုံးပွဲမှာ ဟန်ဂေရီနဲ့ ၂-၂ ဂိုးသရေကျခဲ့ပြီးနောက် ပြင်သစ်အသင်းရဲ့နောက် အုပ်စုဒုတိယရကာ ဒီအဆင့်ကို တက်ရောက်လာတာပါ။


”အင်္ဂလန်က ယူရို ၂၀၂၀ မှာ ကျွန်တော်တို့အသင်း ရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေအနက် အလွယ်ဆုံးပဲလို့ ထင်ပါတယ်”
”အုပ်စုတွင်းမှာဆိုရင် ကျွန်တော်တို့ဟာ ကမ္ဘာ့ချန်ပီယံ၊ ယူရိုချန်ပီယံ၊ ကစားရခက်တဲ့ဟန်ဂေရီတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်”လို့ အက်ဖင်ဘတ်က ပြောပါတယ်။


အင်္ဂလန်ဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဒုတိယပွဲမှာ စကော့တလန်နဲ့ စိတ်ပျက်ဖွယ် ဂိုးမရှိသရေကျခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂလန်ဟာ အုပ်စုနောက်ဆုံးပွဲမှာ ချက်ကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုပထမရခဲ့ပါတယ်။


စီးတီးကြယ်ပွင့် စတာလင်းက ယခုပြိုင်ပွဲမှာ ၂ဂိုးသွင်းယူထားပေမယ့် ကျန်အင်္ဂလန်ကစားသမားတွေကတော့ အခုချိန်အထိ ဂိုးပေါက်ပျောက်နေပါတယ်။
ဆက်လက်ပြီး အက်ဖင်ဘတ်က ”ဟယ်ရီကိန်းကို အတည်ထားတဲ့အင်္ဂလန်တိုက်စစ်က အလုပ်မဖြစ်ပါဘူး။ ဒါကြောင့်လည်း ဒီပွဲမှာ ကျွန်တော်တို့အသင်း သေချာပေါက်အနိုင်ရမယ်လို့ထင်ပါတယ်”


”ဖိအားက အင်္ဂလိပ်တွေအပေါ်မှာ ကျရောက်နေပါတယ်။ သူတို့ဟာ အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ဖိအားဝင်နေပါတယ်”လို့ ပြောပါတယ်။

Zawgyi
ဂ်ာမနီက ယူ႐ိုမွာ အလြယ္ဆုံးၿပိဳင္ဘက္နဲ႔ လာေတြ႕ေနတာပဲလို႔ အက္ဖင္ဘတ္ သုံးသပ္
အဂၤါေန႔၊ ဝင္ဘေလကြင္းမွာ ကစားမယ့္ ၁၆သင္းအဆင့္ပြဲစဥ္မတိုင္ခင္ ဂ်ာမနီအေနနဲ႔ ယူ႐ို ၂၀၂၀ မွာ အလြယ္ကူဆုံးၿပိဳင္ဘက္နဲ႔ လာေတြ႕ေနတာပဲလို႔ ဂ်ာမနီဂႏၴဝင္ အက္ဖင္ဘတ္က သုံးသပ္ပါတယ္။
ဒါ့အျပင္ ဘိုင္ယန္ကစားသမားေဟာင္းႀကီးက ဂ်ာမနီအသင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အားလုံးရဲ႕အထင္ေသးေလွ်ာ့တြက္ျခင္း ခံေနရတယ္လို႔ ေျပာပါတယ္။
ဂ်ာမနီဟာ အုပ္စုအဖြင့္ပြဲမွာ ျပင္သစ္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယေျမာက္ပြဲမွာေတာ့ လက္ရွိခ်န္ပီယံ ေပၚတူဂီကို ၄-၂ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။
အဲဒီေနာက္ ဂ်ာမနီဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဟန္ေဂရီနဲ႔ ၂-၂ ဂိုးသေရက်ခဲ့ၿပီးေနာက္ ျပင္သစ္အသင္းရဲ႕ေနာက္ အုပ္စုဒုတိယရကာ ဒီအဆင့္ကို တက္ေရာက္လာတာပါ။
”အဂၤလန္က ယူ႐ို ၂၀၂၀ မွာ ကြၽန္ေတာ္တို႔အသင္း ရင္ဆိုင္ရတဲ့ၿပိဳင္ဘက္ေတြအနက္ အလြယ္ဆုံးပဲလို႔ ထင္ပါတယ္”
”အုပ္စုတြင္းမွာဆိုရင္ ကြၽန္ေတာ္တို႔ဟာ ကမာၻ႔ခ်န္ပီယံ၊ ယူ႐ိုခ်န္ပီယံ၊ ကစားရခက္တဲ့ဟန္ေဂရီတို႔နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္”လို႔ အက္ဖင္ဘတ္က ေျပာပါတယ္။
အဂၤလန္ဟာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ခ႐ိုေအးရွားကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယပြဲမွာ စေကာ့တလန္နဲ႔ စိတ္ပ်က္ဖြယ္ ဂိုးမရွိသေရက်ခဲ့ပါတယ္။
ဒါေပမဲ့ အဂၤလန္ဟာ အုပ္စုေနာက္ဆုံးပြဲမွာ ခ်က္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး အုပ္စုပထမရခဲ့ပါတယ္။
စီးတီးၾကယ္ပြင့္ စတာလင္းက ယခုၿပိဳင္ပြဲမွာ ၂ဂိုးသြင္းယူထားေပမယ့္ က်န္အဂၤလန္ကစားသမားေတြကေတာ့ အခုခ်ိန္အထိ ဂိုးေပါက္ေပ်ာက္ေနပါတယ္။
ဆက္လက္ၿပီး အက္ဖင္ဘတ္က ”ဟယ္ရီကိန္းကို အတည္ထားတဲ့အဂၤလန္တိုက္စစ္က အလုပ္မျဖစ္ပါဘူး။ ဒါေၾကာင့္လည္း ဒီပြဲမွာ ကြၽန္ေတာ္တို႔အသင္း ေသခ်ာေပါက္အႏိုင္ရမယ္လို႔ထင္ပါတယ္”
”ဖိအားက အဂၤလိပ္ေတြအေပၚမွာ က်ေရာက္ေနပါတယ္။ သူတို႔ဟာ အိမ္ကြင္းမွာကစားရမွာျဖစ္လို႔ ဖိအားဝင္ေနပါတယ္”လို႔ ေျပာပါတယ္။