ဂျာမနီနဲ့ ပွဲစဉ်မှာ ဂရေးလစ်အစား ရက်ဖို့ဒ်ကို အသုံးပြုဖို့ ရွန်းနီအကြံပေး

ဝိန်း ရွန်းနီက ဂျာမနီဟာ ယူရို ( ၂၀၂၀ ) ရှုံးထွက်အဆင့်ရဲ့ အဆိုးရွားဆုံးပြိုင်ဘက် ဖြစ်လာနိုင်တာကြောင့် ဂါရတ်ဆောက်ဂိတ် အနေနဲ့ ပွဲထွက် လူစာရင်းကို သတိထား ရွေးချယ်ဖို့ အကြံပြုပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ် ( ၃ )ခုမှာ ( ၂ )ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ပထမနေရာပိုင်ဆိုင်ခဲ့ပြီး ဂျာမနီအသင်းက ဂေါ်ရက်ဇကာရဲ့ နောက်ကျချေပဂိုးနဲ့အတူ ဟန်ဂေရီရဲ့ အထက် တတိယနေရာကနေ မရဏအုပ်စုကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်း အားသာချက်ရှိနေတဲ့ အင်္ဂလန်က အနိုင်ရရှိဖို့ ရေပန်းစားပေမယ့် ဂျာမနီရဲ့ အားနည်ချက်တွေကို အသုံးချခွင့်ရလိုပါက ဂါရတ် ဆောက်ဂိတ်အနေနဲ့ပွဲထွက် ကစားသမားစာရင်းမှာ အပြောင်းအလဲ ပြုလုပ်ရမယ်လို့ ရွန်းနီက ယုံကြည်လျက်ရှိပါတယ်။

ရွန်းနီက သူဟာ ဂရေးလစ်ရဲ့ ပရိသတ်ဆိုပေမယ့် ဆောက်ဂိတ်အနေနဲ့ အက်စတွန်ဗီလာကြယ်ပွင့်အစား တန်ပြန်တိုက်စစ်ကို အလျင်မြန်ဆုံး အကောင်အထည် ဖော်နိုင်တဲ့ အသင်းဖော်ဟောင်း မားကတ် ရက်ဖို့ဒ်ကို အသုံးပြုသင့်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။

ရွန်းနီက The Times အတွက် ‌ရေးသားရာမှာ “ ကျွန်တော် ဂျက် ဂရေးလစ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ထားပေမယ့် ဂျာမနီနဲ့ပွဲမှာတော့ ပွဲထွက်ကစားသမားအနေနဲ့ အသုံးမပြုစေချင်ပါဘူး။

ချက် ရီပက်ဘလစ်နဲ့ ပွဲစဉ်မှာ သူက ပိုကောင်းခဲ့တဲ့ကစားသမားပါ။”လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော် တွေးမိတာက ဂျာမနီရဲ့ ကစားဟန်ပါ။

မတူညီတဲ့ ပြိုင်ဘက်တွေအတွက် မတူညီတဲ့ ကစားဟန်လိုအပ်ပါတယ်။

အင်္ဂါနေ့ပွဲစဉ်က မားကတ် ရက်ဖို့ဒ်အတွက်ပါ။ ဂ‌ရေးလစ်အတွက် မဟုတ်ပါဘူး။”

“ ဘောလုံးကို ခြေထောက်ထဲမှာကြာကြာထားတဲ့ ကစားသမားတွေများလေ ဂျာမနီက ပိုပြီး ဖိအာပေးကစားလေပါပဲ။ ဂျက် ဂရေးလစ်အစား ဟယ်ရီကိန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ လျင်မြန်တဲ့ အပြေးသမားတွေကို မျှော်လင့်မိပါတယ်။”

“ ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကတော့ သူတို့ တိုက်စစ်ဆင်နေချိန် သူတို့ရဲ့ wing backs တွေနောက်က နေရာလွတ်တွေကို အသုံးချဖို့ပါ။

ဗဟိုခံစစ်ကစားသမားတွေရဲ့ဘေးကနေ ပြေးလွှားမှုတွေ ပြုလုပ်သင့်ပါတယ်။

အထူးသဖြင့် ဟမ်းမဲလ်က လျင်မြန်တဲ့ ကစားသမားတွေကို ထိန်းချုပ်ရာမှာ အားနည်းမှုရှိပါတယ်။”

Zawgyi

ဂ်ာမနီနဲ႔ ပြဲစဥ္မွာ ဂေရးလစ္အစား ရက္ဖို႔ဒ္ကို အသုံးျပဳဖို႔ ႐ြန္းနီအႀကံေပး

ဝိန္း ႐ြန္းနီက ဂ်ာမနီဟာ ယူ႐ို ( ၂၀၂၀ ) ရႈံးထြက္အဆင့္ရဲ႕ အဆိုး႐ြားဆုံးၿပိဳင္ဘက္ ျဖစ္လာႏိုင္တာေၾကာင့္ ဂါရတ္ေဆာက္ဂိတ္ အေနနဲ႔ ပြဲထြက္ လူစာရင္းကို သတိထား ေ႐ြးခ်ယ္ဖို႔ အႀကံျပဳေျပာၾကားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ အုပ္စုပြဲစဥ္ ( ၃ )ခုမွာ ( ၂ )ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ပထမေနရာပိုင္ဆိုင္ခဲ့ၿပီး ဂ်ာမနီအသင္းက ေဂၚရက္ဇကာရဲ႕ ေနာက္က်ေခ်ပဂိုးနဲ႔အတူ ဟန္ေဂရီရဲ႕ အထက္ တတိယေနရာကေန မရဏအုပ္စုကို ျဖတ္ေက်ာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ကြင္း အားသာခ်က္ရွိေနတဲ့ အဂၤလန္က အႏိုင္ရရွိဖို႔ ေရပန္းစားေပမယ့္ ဂ်ာမနီရဲ႕ အားနည္ခ်က္ေတြကို အသုံးခ်ခြင့္ရလိုပါက ဂါရတ္ ေဆာက္ဂိတ္အေနနဲ႔ပြဲထြက္ ကစားသမားစာရင္းမွာ အေျပာင္းအလဲ ျပဳလုပ္ရမယ္လို႔ ႐ြန္းနီက ယုံၾကည္လ်က္ရွိပါတယ္။

႐ြန္းနီက သူဟာ ဂေရးလစ္ရဲ႕ ပရိသတ္ဆိုေပမယ့္ ေဆာက္ဂိတ္အေနနဲ႔ အက္စတြန္ဗီလာၾကယ္ပြင့္အစား တန္ျပန္တိုက္စစ္ကို အလ်င္ျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္တဲ့ အသင္းေဖာ္ေဟာင္း မားကတ္ ရက္ဖို႔ဒ္ကို အသုံးျပဳသင့္တယ္လို႔ ခုခံေျပာဆိုခဲ့ပါတယ္။

႐ြန္းနီက The Times အတြက္ ‌ေရးသားရာမွာ “ ကြၽန္ေတာ္ ဂ်က္ ဂေရးလစ္ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ထားေပမယ့္ ဂ်ာမနီနဲ႔ပြဲမွာေတာ့ ပြဲထြက္ကစားသမားအေနနဲ႔ အသုံးမျပဳေစခ်င္ပါဘူး ။ခ်က္ ရီပက္ဘလစ္နဲ႔ ပြဲစဥ္မွာ သူက ပိုေကာင္းခဲ့တဲ့ကစားသမားပါ ။”လို႔ ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္ ေတြးမိတာက ဂ်ာမနီရဲ႕ ကစားဟန္ပါ ။ မတူညီတဲ့ ၿပိဳင္ဘက္ေတြအတြက္ မတူညီတဲ့ ကစားဟန္လိုအပ္ပါတယ္ ။ အဂၤါေန႔ပြဲစဥ္က မားကတ္ ရက္ဖို႔ဒ္အတြက္ပါ ။ ဂ‌ေရးလစ္အတြက္ မဟုတ္ပါဘူး။  ေဘာလုံးကို ေျခေထာက္ထဲမွာၾကာၾကာထားတဲ့ ကစားသမားေတြမ်ားေလ ဂ်ာမနီက ပိုၿပီး ဖိအာေပးကစားေလပါပဲ။ ဂ်က္ ဂေရးလစ္အစား ဟယ္ရီကိန္းရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ လ်င္ျမန္တဲ့ အေျပးသမားေတြကို ေမွ်ာ္လင့္မိပါတယ္။”

“ ကြၽန္ေတာ့္ရဲ႕ ၫႊန္ၾကားခ်က္ကေတာ့ သူတို႔ တိုက္စစ္ဆင္ေနခ်ိန္ သူတို႔ရဲ႕ wing backs ေတြေနာက္က ေနရာလြတ္ေတြကို အသုံးခ်ဖို႔ပါ ။ ဗဟိုခံစစ္ကစားသမားေတြရဲ႕ေဘးကေန ေျပးလႊားမႈေတြ ျပဳလုပ္သင့္ပါတယ္၊ အထူးသျဖင့္ ဟမ္းမဲလ္က လ်င္ျမန္တဲ့ ကစားသမားေတြကို ထိန္းခ်ဳပ္ရာမွာ အားနည္းမႈရွိပါတယ္။”