ဂျာမနီလူငယ်အသင်းက ကစားသမားကို ကင်မရွန်းကစားသမားဖြစ်ဖို့ ကြိုးစားနေတဲ့ အီတိုး

မကြာသေးမီတုန်းက ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့

ဆင်မြူရယ်အီတိုးဟာဥရောပရဲ့အလားအလာအကောင်းဆုံး

လူငယ်တိုက်စစ်မှူးများထဲမှတစ်ဦးကို ကင်မရွန်းအသင်းအတွက်

ကစားရန်ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌသစ်ဆင်မြူရယ်အီတိုးအတွက်

ပထမဆုံးကြုံနေရတဲ့စိန်ခေါ်မှုက ဇန်နဝါရီလတွင်ကင်မရွန်းကအိမ်ရှင်အဖြစ်

ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲတွင်အောင်မြင်မှုရရှိရေး ဖြစ်နေပါတယ်။

Journal du Cameroun ရဲ့ဖော်ပြချက်အရ ဘာစီလိုနာနှင့်အင်တာမီလန်

တိုက်စစ်မှူးဟောင်းဆင်မြူရယ်အီတိုးဟာ ဒေါ့မွန်တိုက်စစ်မှူးယူဆွတ်ဖာမူကိုကိုကို

ကင်မရွန်းအတွက်ပြောင်းကစားစေလိုနေကြောင်း သိရပါတယ်။

အသက်၁၇နှစ်ရှိယူဆွတ်ဖာမူကိုကိုဟာအလားအလာကောင်းတဲ့

လူငယ်တိုက်စစ်မှူးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး ဒေါ့မွန်စီနီယာအသင်းအတွက်

ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။သူဟာဂျာမနီလူငယ်အသင်းများတွင်

ပုံမှန်ကစားနေသူဖြစ်ပါတယ်။သူဟာကင်မရွန်းနိုင်ငံ၊ Yaonde တွင်

မွေးဖွားသူဖြစ်ပြီး သူ့အနေဖြင့် ကင်မရွန်းအတွက်ကစားခွင့်ရှိနေပါတယ်။

အီတိုးဟာယခုရက်ပိုင်းအတွင်းတွင် မူကိုကိုနှင့်တွေ့ဆုံမှုပြုလုပ်ကာ

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကင်မရွန်းအတွက်ကစားရေးအတွက်

ဆွေးနွေးမှုပြုလုပ်သွားပါမယ်။

မူကိုကိုဟာပြီးခဲ့တဲ့နှစ်တုန်းကယူနီယံဘာလင်နှင့်ပွဲတွင်ဒေါ့မွန်အတွက်

ဂိုးသွင်းကာ၁၆နှစ်နှင့်၂၈ရက်ဖြင့်

ဘွန်ဒက်စ်လီဂါသမိုင်းတွင်အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ် စံချိန်ရေးထိုးခဲ့ပါတယ်။

သူဟာယခုရာသီမှာဒေါ့မွန်အတွက်၆ပွဲကစားခွင့်ရရှိထားရာမှာ၁ပွဲတည်းသာ

ပွဲထွက်ခွင့်ရထားပြီးဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမဲ့သူဟာဒေါ့မွန်ရဲ့အနာဂတ်တွင်အရေးပါတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့

သေချာနေပါတယ်။ဒေါ့မွန်ဟာလာမယ့်နွေရာသီမှာအာလင်းဟာလန်းကို

ရောင်းချမှာဖြစ်လို့ မူကိုကိုအားအားပြုကစားလာတော့မှာဖြစ်ပါတယ်။

zawgyi

ဂ်ာမနီလူငယ္အသင္းက ကစားသမားကို ကင္မ႐ြန္းကစားသမားျဖစ္ဖို႔ ႀကိဳးစားေနတဲ့ အီတိုး

မၾကာေသးမီတုန္းက ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရတဲ့

ဆင္ျမဴရယ္အီတိုးဟာဥေရာပရဲ႕အလားအလာအေကာင္းဆုံး

လူငယ္တိုက္စစ္မႉးမ်ားထဲမွတစ္ဦးကို ကင္မ႐ြန္းအသင္းအတြက္

ကစားရန္ႀကိဳးပမ္းေနၿပီျဖစ္ပါတယ္။

ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌသစ္ဆင္ျမဴရယ္အီတိုးအတြက္

ပထမဆုံးႀကဳံေနရတဲ့စိန္ေခၚမႈက ဇန္နဝါရီလတြင္ကင္မ႐ြန္းကအိမ္ရွင္အျဖစ္

က်င္းပမယ့္ အာဖရိကဖလားၿပိဳင္ပြဲတြင္ေအာင္ျမင္မႈရရွိေရး ျဖစ္ေနပါတယ္။

Journal du Cameroun ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာႏွင့္အင္တာမီလန္

တိုက္စစ္မႉးေဟာင္းဆင္ျမဴရယ္အီတိုးဟာ ေဒါ့မြန္တိုက္စစ္မႉးယူဆြတ္ဖာမူကိုကိုကို

ကင္မ႐ြန္းအတြက္ေျပာင္းကစားေစလိုေနေၾကာင္း သိရပါတယ္။

အသက္၁၇ႏွစ္ရွိယူဆြတ္ဖာမူကိုကိုဟာအလားအလာေကာင္းတဲ့

လူငယ္တိုက္စစ္မႉးအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီး ေဒါ့မြန္စီနီယာအသင္းအတြက္

ကစားခြင့္ရရွိေနသူလည္းျဖစ္ပါတယ္။သူဟာဂ်ာမနီလူငယ္အသင္းမ်ားတြင္

ပုံမွန္ကစားေနသူျဖစ္ပါတယ္။သူဟာကင္မ႐ြန္းႏိုင္ငံ၊ Yaonde တြင္

ေမြးဖြားသူျဖစ္ၿပီး သူ႔အေနျဖင့္ ကင္မ႐ြန္းအတြက္ကစားခြင့္ရွိေနပါတယ္။

အီတိုးဟာယခုရက္ပိုင္းအတြင္းတြင္ မူကိုကိုႏွင့္ေတြ႕ဆုံမႈျပဳလုပ္ကာ

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ကင္မ႐ြန္းအတြက္ကစားေရးအတြက္

ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။မူကိုကိုဟာၿပီးခဲ့တဲ့ႏွစ္တုန္းက

ယူနီယံဘာလင္ႏွင့္ပြဲတြင္ေဒါ့မြန္အတြက္ဂိုးသြင္းကာ၁၆ႏွစ္ႏွင့္၂၈ရက္ျဖင့္

ဘြန္ဒက္စ္လီဂါသမိုင္းတြင္အသက္အငယ္ဆုံးဂိုးသြင္းရွင္အျဖစ္ စံခ်ိန္ေရးထိုးခဲ့ပါတယ္။

သူဟာယခုရာသီမွာေဒါ့မြန္အတြက္၆ပြဲကစားခြင့္ရရွိထားရာမွာ၁ပြဲတည္းသာ

ပြဲထြက္ခြင့္ရထားၿပီးဂိုးသြင္းႏိုင္ျခင္းမရွိေသးပါဘူး။

ဒါေပမဲ့သူဟာေဒါ့မြန္ရဲ႕အနာဂတ္တြင္အေရးပါတဲ့တိုက္စစ္မႉးတစ္ဦးျဖစ္လာဖို႔

ေသခ်ာေနပါတယ္။ေဒါ့မြန္ဟာလာမယ့္ေႏြရာသီမွာအာလင္းဟာလန္းကို

ေရာင္းခ်မွာျဖစ္လို႔ မူကိုကိုအားအားျပဳကစားလာေတာ့မွာျဖစ္ပါတယ္။