ဂျာမန်ညီနောင်အတွက် ဂျာမန်ဘာသာစကားတတ်တဲ့ နည်းပြတစ်ဦး ရှာဖွေနေတဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ နည်းပြ လမ်းပတ်ရဲ့နေရာမှာ အစားထိုးဖို့ ဂျာမန်ဘာသာစကား ပြောတတ်တဲ့ နည်းပြတစ်ဦး ရှာဖွေနေကြောင်း သိရပါတယ်။

နွေရာသီတုန်းက ပေါင် သန်း၂၃၀ သုံးထားပေမဲ့ ယမန်နေ့ညက လက်စတာကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချဲလ်ဆီးတို့ အဆင့် ၈နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် တာဝန်ရှိသူတွေက လမ်းပတ်အပေါ် သည်းခံစိတ် ကုန်လာခဲ့တာပါ။

တာဝန်ရှိသူတွေဟာ ဘွန်ဒက်စ်လီဂါကနေ ပြောင်းလာတဲ့ ကစားသမားတွေကို ထိန်းကြောင်းနိုင်ဖို့ ဂျာမန်ဘာသာစကား ပြောတတ်တဲ့ နည်းတစ်ဦး ရှာဖွေလျက် ရှိနေပါတယ်။

ကိုင်ဟာဗက်ဇ်နဲ့ တီမို ဝါနာတို့ဟာ နွေရာသီတုန်းက ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်လာခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေခဲ့ရပါတယ်။

ဝါနာဟာ လိုက်ပ်ဇစ်ကနေ ပေါင် ၅၃သန်း၊ ဟာဗက်ဇ်က လေဗာကူဆင်ကနေ ပေါင် ၈၉သန်းနဲ့ အသီးသီး ပြောင်းလာခဲ့တာ ဖြစ်ပြီး အဆိုပါ ကစားသမားတွေအတွက် အဆင်ပြေစေဖို့ ဂျာမန်လူမျိုး နည်းပြတစ်ဦး ရှာဖွေနေခဲ့တာပါ။

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ်ကို ချဲလ်ဆီး ဘုတ်အဖွဲ့က စဉ်းစားနေသလို ရန်းနစ်နဲ့ နာဂယ်စ်မန်းတို့ကိုလည်း သဘောကျနေကြပါတယ်။ လီဗာပူးမှာ အောင်မြင်ခဲ့တဲ့ ကလော့ပ်ကြောင့် ဘွန်ဒက်စ်လီဂါကနေ လာတဲ့ နည်းပြတွေကို ချဲလ်ဆီး အားကစား ဒါရိုက်တာအပြင် ဘုတ်အဖွဲ့ကပါ သဘောကျနေကြတာပါ။

လက်စတာကတော့ ယမန်နေ့ည ပွဲစဉ်အတွင်း အန်ဒီဒီ၊ မက်ဒီဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပြီး ချဲလ်ဆီးရဲ့အထက် ၉မှတ်အကွာ ဇယားထိပ်မှာ ရပ်တည်လျက် ရှိနေပါတယ်။

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ရလဒ်မကောင်းအောင် စိတ်မရှည်တတ်သူဖြစ်ပြီး နည်းပြတွေကို သည်းမခံတတ်သူ ဖြစ်တာကြောင့် လမ်းပတ်တစ်ယောက် ရာထူး အန္တရာယ် ရှိနေပြီဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ာမန္ညီေနာင္အတြက္ ဂ်ာမန္ဘာသာစကားတတ္တဲ့ နည္းျပတစ္ဦး ရွာေဖြေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ နည္းျပ လမ္းပတ္ရဲ႕ေနရာမွာ အစားထိုးဖို႔ ဂ်ာမန္ဘာသာစကား ေျပာတတ္တဲ့ နည္းျပတစ္ဦး ရွာေဖြေနေၾကာင္း သိရပါတယ္။ ေႏြရာသီတုန္းက ေပါင္ သန္း၂၃၀ သံုးထားေပမဲ့ ယမန္ေန႔ညက လက္စတာကို ရႈံးနိမ့္ခဲ့ျပီးတဲ့ေနာက္ ခ်ဲလ္ဆီးတို႔ အဆင့္ ၈ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ တာ၀န္ရွိသူေတြက လမ္းပတ္အေပၚ သည္းခံစိတ္ ကုန္လာခဲ့တာပါ။ တာ၀န္ရွိသူေတြဟာ ဘြန္ဒက္စ္လီဂါကေန ေျပာင္းလာတဲ့ ကစားသမားေတြကို ထိိန္းေၾကာင္းႏိုင္ဖို႔ ဂ်ာမန္ဘာသာစကား ေျပာတတ္တဲ့ နည္းတစ္ဦး ရွာေဖြလ်က္ ရွိေနပါတယ္။

ကိုင္ဟာဗက္ဇ္နဲ႔ တီမို ၀ါနာတို႔ဟာ ေႏြရာသီတုန္းက ၾကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေရာက္လာခဲ့ေပမဲ့ ပရီးမီးယားလိဂ္မွာ ေျခစြမ္းမျပႏို္င္ပဲ ရုန္းကန္ေနခဲ့ရပါတယ္။ ၀ါနာဟာ လိုက္ပ္ဇစ္ကေန ေပါင္ ၅၃သန္း၊ ဟာဗက္ဇ္က ေလဗာကူဆင္ကေန ေပါင္ ၈၉သန္းနဲ႔ အသီးသီး ေျပာင္းလာခဲ့တာ ျဖစ္ျပီး အဆုိပါ ကစားသမားေတြအတြက္ အဆင္ေျပေစဖို႔ ဂ်ာမန္လူမ်ိဳး နည္းျပတစ္ဦး ရွာေဖြေနခဲ့တာပါ။ ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟက္တဲလ္ကို ခ်ဲလ္ဆီး ဘုတ္အဖြဲ႕က စဥ္းစားေနသလို ရန္းနစ္နဲ႔ နာဂယ္စ္မန္းတို႔ကိုလည္း သေဘာက်ေနၾကပါတယ္။

လီဗာပူးမွာ ေအာင္ျမင္ခဲ့တဲ့ ကေလာ့ပ္ေၾကာင့္ ဘြန္ဒက္စ္လီဂါကေန လာတဲ့ နည္းျပေတြကို ခ်ဲလ္ဆီး အားကစား ဒါရိုက္တာအျပင္ ဘုတ္အဖြဲ႕ကပါ သေဘာက်ေနၾကတာပါ။ လက္စတာကေတာ့ ယမန္ေန႔ည ပဲြစဥ္အတြင္း အန္ဒီဒီ၊ မက္ဒီဆင္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ အႏိုင္ရခဲ့ျပီး ခ်ဲလ္ဆီးရဲ႕အထက္ ၉မွတ္အကြာ ဇယားထိပ္မွာ ရပ္တည္လ်က္ ရွိေနပါတယ္။ ခ်ဲလ္ဆီးပုိင္ရွင္ ေအဘရာမုိဗစ္ခ်္ဟာ ရလဒ္မေကာင္းေအာင္ စိတ္မရွည္တတ္သူျဖစ္ျပီး နည္းျပေတြကို သည္းမခံတတ္သူ ျဖစ္တာေၾကာင့္ လမ္းပတ္တစ္ေယာက္ ရာထူး အႏၱရာယ္ ရွိေနျပီဆုိတာ ေသခ်ာေနျပီ ျဖစ္ပါတယ္။