ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ရစ်ချာလီဆန်တို့မပါနိုင်တဲ့ အဲဗာတန်ကို သတိထားပါ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းမှာ တောက်လျှောက်ခြေစွမ်းပြကစားနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အရင်တုန်းကဖြစ်ခဲ့ဖူးသလို ခြေစွမ်းပြနေပြီဆိုရင် ဒဏ်ရာရတတ်တာမျိုး ထပ်ဖြစ်လာပါတယ်။ သူဟာ အဲဗာတန်အသင်းရဲ့ ဒီရာသီရလဒ်ကောင်းတွေရဲ့နောက်မှာ တိုက်စစ် မှူး ကဲလ်ဗက်လီဝင်နဲ့အတူ အကောင်းဆုံးကစားနေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ထိခိုက်မိပြီး ဒဏ်ရာရခဲ့တယ်လို့ နည်းပြ အန်ဆလော့တီက ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီက “ဂျိမ်းစ်ဟာ အသင်းရဲ့အားကိုး ရတဲ့ ကစားကွက်ဖန်တီးရှင်ပါပဲ။ ဒါပေမဲ့ လီဗာပူးနဲ့ပွဲမှာ ဗန်ဒိုက်နဲ့ထိခိုက်မိပြီး ခြေချင်း ဝတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့မရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်ဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့အတူ အသင်းခေါင်းဆောင် ကိုးမန်းလည်း လွဲချော်ဖို့ရှိနေပြီး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရစ်ချာလီဆန်က မာဆေးဆိုဒ်ဒါဘီပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကစားနိုင်ဦး မှာ မဟုတ်ပါဘူး။

အဲလက်စ်၊ ဘားနတ်နဲ့ ဂျိုးအလန်ကတော့ ပြန် လည်ပါဝင်လာဖို့ရှိပါတယ်။ အဲဗာတန်ဟာ အက်စ်တွန်ဗီလာပြီးရင် ပရီးမီးယားလိဂ်မှာ ရလဒ်အကောင်းဆုံးအသင်းဖြစ်နေပြီး စိတ်လှုပ်ရှားစရာပေးစွမ်းနေတာကြောင့် အခုလို အဓိကကစားသမားအချို့မပါဝင်နိုင်တဲ့အပေါ် ပရိသတ်တွေက ရလဒ်မကောင်းဖြစ်မှာ စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့ နည်းပြအန်ဆလော့တီကတော့ ဒါဟာ ပြဿနာတစ်ရပ်မ ဟုတ်ဘဲ အသင်းမှာကစားသမားကောင်းတွေ အများကြီးရှိတဲ့အတွက် အကောင်းဆုံးလူ စာရင်းကိုရွေးထုတ်ပြီး ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲဗာတန်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဓိကကစားသမားဖြစ်နေပြီး ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ၅ ပွဲ မှာ ဂိုးဖန်တီးမှုအခွင့်အရေး ၁၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွက်ဇ်မပါခဲ့ရင် အဲဗာတန်အတွက် ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ် ပထမဆုံး သူမပါနိုင် တဲ့ပွဲဖြစ်သွားဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္နဲ႔ ရစ္ခ်ာလီဆန္တို႔မပါႏိုင္တဲ့ အဲဗာတန္ကို သတိထားပါ…

အဲဗာတန္အသင္းမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပကစားေနတဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ အရင္တုန္းကျဖစ္ခဲ့ဖူးသလို ေျခစြမ္းျပေနၿပီဆုိရင္ ဒဏ္ရာရတတ္တာမ်ဳိး ထပ္ျဖစ္လာပါတယ္။ သူဟာ အဲဗာတန္အသင္းရဲ႕ ဒီရာသီရလဒ္ေကာင္းေတြရဲ႕ေနာက္မွာ တိုက္စစ္ မွဴး ကဲလ္ဗက္လီ၀င္နဲ႔အတူ အေကာင္းဆံုးကစားေနတာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ မာေဆးဆိုဒ္ ဒါဘီမွာ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္နဲ႔ထိခိုက္မိၿပီး ဒဏ္ရာရခဲ့တယ္လုိ႔ နည္းျပ အန္ဆေလာ့တီက ေျပာၾကားသြားခဲ့ပါတယ္။

အန္ဆေလာ့တီက “ဂ်ိမ္းစ္ဟာ အသင္းရဲ႕အားကိုး ရတဲ့ ကစားကြက္ဖန္တီးရွင္ပါပဲ။ ဒါေပမဲ့ လီဗာပူးနဲ႔ပြဲမွာ ဗန္ဒိုက္နဲ႔ထိခိုက္မိၿပီး ေျခခ်င္း ၀တ္ဒဏ္ရာရသြားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္ကစားမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါ၀င္ႏိုင္ဖို႔မရွိေတာ့ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ အဲဗာတန္ဟာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ နဲ႔အတူ အသင္းေခါင္းေဆာင္ ကိုးမန္းလည္း လြဲေခ်ာ္ဖုိ႔ရွိေနၿပီး တုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ရစ္ခ်ာလီဆန္က မာေဆးဆိုဒ္ဒါဘီပြဲက အနီကတ္ျပစ္ဒဏ္ေၾကာင့္ ဒီပြဲကို ကစားႏိုင္ဦး မွာ မဟုတ္ပါဘူး။

အဲလက္စ္၊ ဘားနတ္နဲ႔ ဂ်ဳိးအလန္ကေတာ့ ျပန္ လည္ပါ၀င္လာဖုိ႔ရွိပါတယ္။ အဲဗာတန္ဟာ အက္စ္တြန္ဗီလာၿပီးရင္ ပရီးမီးယားလိဂ္မွာ ရလဒ္အေကာင္းဆံုးအသင္းျဖစ္ေနၿပီး စိတ္လႈပ္ရွားစရာေပးစြမ္းေနတာေၾကာင့္ အခုလို အဓိကကစားသမားအခ်ဳိ႕မပါ၀င္ႏိုင္တဲ့အေပၚ ပရိသတ္ေတြက ရလဒ္မေကာင္းျဖစ္မွာ စိုးရိမ္ေနၾကပါတယ္။

ဒါေပမဲ့ နည္းျပအန္ဆေလာ့တီကေတာ့ ဒါဟာ ျပႆနာတစ္ရပ္မ ဟုတ္ဘဲ အသင္းမွာကစားသမားေကာင္းေတြ အမ်ားႀကီးရွိတဲ့အတြက္ အေကာင္းဆံုးလူ စာရင္းကိုေရြးထုတ္ၿပီး ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္တယ္လုိ႔ ေျပာဆိုထားပါတယ္။

အဲဗာတန္မွာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ အဓိကကစားသမားျဖစ္ေနၿပီး ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ ၅ ပြဲ မွာ ဂိုးဖန္တီးမႈအခြင့္အေရး ၁၅ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္သူလည္း ျဖစ္ပါတယ္။ ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္မပါခဲ့ရင္ အဲဗာတန္အတြက္ ဒီရာသီမွာ ၿပိဳင္ပြဲအရပ္ရပ္ ပထမဆံုး သူမပါႏိုင္ တဲ့ပြဲျဖစ္သြားဖို႔ရွိေနပါတယ္။