ဂျူဗင်တပ်ကိုအမှတ်ဆုံးရှုံးစေခဲ့တဲ့ စီရော်နယ်ဒိုရဲ့ပင်နယ်တီလွဲမှု

အတ္တလန္တာနဲ့မနေ့ညပွဲမှာ စီရော်နယ်ဒိုရဲ့ပင်နယ်တီလွဲမှုကြောင့် ဂျူဗင်တပ်ဟာ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ မီလန်အသင်းတွေနဲ့ အမှတ်ကွာဟမှုလျှော့ချနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ အတ္တလန္တာကို ၁-၁ သရေသာကစားနိုင်မှုကြောင့် နောက်ဆုံး ၁၂ ပွဲမှာ သူတို့ရဲ့ ၆ ပွဲမြောက်သရေရလဒ်ဖြစ်လာခဲ့ပြီး ထိပ်ဆုံး အေစီနဲ့ ၄ မှတ်အကွာ၊ ဒုတိယနေရာက အင်တာနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီပွဲမှာ ၂၉ မိနစ်အရောက် ချီယေဆာက ဂျူဗင်တပ်အတွက် စတင်ဦးဆောင်နိုင်စေခဲ့ပေမယ့် ဒုတိယပိုင်း ၅၇ အရောက်မှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

 


ချေပဂိုးပေးရပြီး ၄ မိနစ်အကြာမှာ ချီယေဆာကြောင့် ဂျူဗင်တပ်ပင်နယ်တီကန်ခွင့်ရခဲ့ပြီး အဲဒီပင်နယ်တီကို စီရော်နယ်ဒိုကန်သွင်းရာမှာ အတ္တလန္တာဂိုးသမားက အလွယ်တကူပဲ ကာကွယ်သွားနိုင်ခဲ့တာပါ။

အဲဒီပင်နယ်တီလွဲချော်မှုဟာ ဂျူဗင်တပ်အတွက်တင်မဟုတ်ဘဲ သူ့အတွက်လည်း နစ်နာခဲ့ရပြီး စီရော်နယ်ဒိုဟာ လက်ရှိစီးရီးအေဂိုးအများဆုံးသွင်းသူစာရင်းမှာ အေစီက မိုဗစ်နဲ့ ၁၀ ဂိုးစီသွင်းပြီး ပူးတွဲဦးဆောင်နေတာပါ။

အတ္တလန္တာဂိုးသမားဂိုလီနီကတော့”သူ့ဆီက ပင်နယ်တီကို ကာကွယ်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်အတွက် အခုလိုမျိုးပင်နယ်တီလွဲတာဟာ စီရော်နယ်ဒိုအတွက် ကြုံတောင်ကြုံခဲလည်းဖြစ်ပြီး သူဟာ ဒီရာသီစီးရီးအေမှာ ပင်နယ်တီ ၄ လုံးသွင်းယူပေးထားတာပါ။

စီရော်နယ်ဒိုဟာ သူ့ရဲ့စီးရီးအေကစားသမားဘဝမှာ တတိယမြောက်ပင်နယ်တီလွဲချော်မှုသာဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ပင်နယ်တီ ၂၄ လုံးကန်ခဲ့ရာမှာ ၂၁ လုံးဝင်ခဲ့တာပါ။

Zawgyi

ဂ်ဴဗင္တပ္ကိုအမွတ္ဆုံးရႈံးေစခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕ပင္နယ္တီလြဲမႈ

အတၱလႏၱာနဲ႔မေန႔ညပြဲမွာ စီေရာ္နယ္ဒိုရဲ႕ပင္နယ္တီလြဲမႈေၾကာင့္ ဂ်ဴဗင္တပ္ဟာ ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ မီလန္အသင္းေတြနဲ႔ အမွတ္ကြာဟမႈေလွ်ာ့ခ်ႏိုင္မယ့္အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။

အိမ္ကြင္းမွာ အတၱလႏၱာကို ၁-၁ သေရသာကစားႏို္င္မႈေၾကာင့္ ေနာက္ဆုံး ၁၂ ပြဲမွာ သူတို႔ရဲ႕ ၆ ပြဲေျမာက္သေရရလဒ္ျဖစ္လာခဲ့ၿပီး ထိပ္ဆုံး ေအစီနဲ႔ ၄ မွတ္အကြာ၊ ဒုတိယေနရာက အင္တာနဲ႔ ၃ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။

အဲဒီပြဲမွာ ၂၉ မိနစ္အေရာက္ ခ်ီေယဆာက ဂ်ဴဗင္တပ္အတြက္ စတင္ဦးေဆာင္ႏိုင္ေစခဲ့ေပမယ့္ ဒုတိယပိုင္း ၅၇ အေရာက္မွာ ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။

ေခ်ပဂိုးေပးရၿပီး ၄ မိနစ္အၾကာမွာ ခ်ီေယဆာေၾကာင့္ ဂ်ဴဗင္တပ္ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး အဲဒီပင္နယ္တီကို စီေရာ္နယ္ဒိုကန္သြင္းရာမွာ အတၱလႏၱာဂိုးသမားက အလြယ္တကူပဲ ကာကြယ္သြားႏိုင္ခဲ့တာပါ။

အဲဒီပင္နယ္တီလြဲေခ်ာ္မႈဟာ ဂ်ဴဗင္တပ္အတြက္တင္မဟုတ္ဘဲ သူ႔အတြက္လည္း နစ္နာခဲ့ရၿပီး စီေရာ္နယ္ဒိုဟာ လက္ရွိစီးရီးေအဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ေအစီက မုိဗစ္နဲ႔ ၁၀ ဂိုးစီသြင္းၿပီး ပူးတြဲဦးေဆာင္ေနတာပါ။

အတၱလႏၱာဂိုးသမားဂိုလီနီကေတာ့”သူ႔ဆီက ပင္နယ္တီကို ကာကြယ္ႏုိင္ခဲ့လုိ႔ ေက်နပ္မိပါတယ္။ စီေရာ္နယ္ဒိုဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားပါ”လုိ႔ ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။

ဂ်ဴဗင္တပ္အတြက္ အခုလိုမ်ိဳးပင္နယ္တီလြဲတာဟာ စီေရာ္နယ္ဒိုအတြက္ ႀကံဳေတာင္ႀကဳံခဲလည္းျဖစ္ၿပီး သူဟာ ဒီရာသီစီးရီးေအမွာ ပင္နယ္တီ ၄ လုံးသြင္းယူေပးထားတာပါ။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕စီးရီးေအကစားသမားဘ၀မွာ တတိယေျမာက္ပင္နယ္တီလြဲေခ်ာ္မႈသာျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ ပင္နယ္တီ ၂၄ လုံးကန္ခဲ့ရာမွာ ၂၁ လုံး၀င္ခဲ့တာပါ။