စီးရီးအေထိပ်သီးကလပ်ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်
အသင်းမှာရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမားမာစီယဲလ်ကို
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့
သတင်းထွက်နေပါတယ်။ မာစီယဲလ်ဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ
ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေပြီး ပြိုင်ပွဲစုံ(၇)ပွဲကစား၊ (၁)ဂိုးသာသွင်းယူခဲ့ပေမယ့်
ဂျူဗင်တပ်စ်အသင်းနည်းပြအယ်လီဂရီကတော့ အသင်းတိုက်စစ်အတွက်
မာစီယဲလ်နဲ့အားဖြည့်ဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာလာမယ့်ဇန်နဝါရီကျရင် ဦးစားပေးပစ်မှတ်အဖြစ်
ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ကြိုးပမ်းသွားမှာဖြစ်ပြီး
အဆင်မပြေဖြစ်ခဲ့ရင် အပြောင်းအလဲအဖြစ်
မာစီယဲလ်၊ အီကာဒီ၊ လာကာဇက်စတဲ့တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့
စီစဉ်နေတာဖြစ်တယ်လို့ Calciomercato သတင်းဌာနကဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေတည်ငြိမ်မှုမရှိဘဲ အခုလောလောဆယ်
အဆင့်(၈)နေရာရောက်ရှိနေပြီး စုစုပေါင်း(၁၆)ဂိုးသာသွင်းယူထားတဲ့အပြင်
တိုက်စစ်ပိုင်းက မိုရာတာ၊ မွိုက်စ်ကိန်း၊ ကိုင်အိုဂျော့ချ်တို့က ပုံမှန်ခြေစွမ်း
မရှိတဲ့အတွက် တိုက်စစ်က ရုန်းကန်နေရတာကြောင့် လာမယ့်ဇန်နဝါရီမှာ
တိုက်စစ်ကိုအင်အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
zawgyi
ဂျူဗင်တပ်စ်အသင်းဟာ မာစီယဲလ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စိတ်ဝင်စားနေ
တိုက်စစ်ပိုင်းက မိုရာတာ၊ မွိုက်စ်ကိန်း၊ ကိုင်အိုဂျော့ခ်ျတို့က ပုံမှန်ခြေစွမ်း