ဂျူဗင်တပ်အတွက် ပွဲ ၁၀၀ ပြည့်မှာ ၂ ဂိုးသွင်းခဲ့တဲ့ စီရော်နယ်ဒိုက ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ပွဲ ၄၀၀အထိ နိုင်ပွဲရယူထားနိုင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုကတော့ အရင်က တည်းက စံချိန်မှတ်တမ်းတွေရေးထိုးလေ့ရှိတဲ့သူဖြစ်သလို ပြီးခဲ့တဲ့ဂျီနိုအာနဲ့ပွဲမှာ လည်း အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုး ၂ ဂိုးကို ပင်နယ်တီကနေ သွင်းယူ ပေးပြီး ကစားသမားဘဝအတွက် စံချိန်မှတ်တမ်းသစ်တွေ ထပ်ပြီးလုပ်နိုင်ခဲ့ပါ တယ်။

ပွဲအပြီးမှာ စီရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဒီနိုင်ပွဲနဲ့ မှတ်တမ်းအတွက် “ကျွန်တော့်အတွက် ဒီထက်ပိုမိုပြည့်စုံတဲ့ အောင်ပွဲမျိုးဘယ်မှာရှိနိုင်ပါတော့မလဲ၊ အသင်းမှာကစားတဲ့ ပွဲ (၁၀၀)ပြည့်ပွဲမှာ အသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့နိုင်တာ အရမ်းပျော်ရွှင်မိပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ အိုးလေဒီ (Vecchia Signora)ဂျာစီကိုဝတ်ဆင်ပြီး ဒီလို မှတ်တမ်းရရှိခဲ့တဲ့အပေါ်မှာ အလွန်ဂုဏ်ယူပါတယ်။ နောက်ထပ် ဂျူဗီမှာ ကျွန်တော် သွင်းဂိုး (၁၀၀) သွင်းနိုင်ဖို့ကို စိတ်မှာ ရည်မှန်းထားပါတယ်။ ဆက်လက်သွားကြပါစို့!” လို့ ဂုဏ်ယူစွာနဲ့ရေးသားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ဒီနှစ်စီးရီးအေဘောလုံးရာသီမှာ အဝေးကွင်း ရုန်းကန်နေရ တဲ့အသင်းဖြစ်ပြီး ရှုံးပွဲမရှိသေးပေမယ့် သရေပွဲတွေများနေတာပါ။ ဒါကြောင့် ဒီနေ့ ပွဲမှာလည်း ဂျူဗင်တပ်ရဲ့ခြေစွမ်းက ရုန်းကန်ခဲ့ရပြီး ဂျီနိုအာကို စီရော်နယ်ဒိုရဲ့ဂိုး တွေမရခင်အထိ သရေကျနေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအစ ပထမပိုင်းမှာ ဂျူဗင် တပ်ဟာ ထောင့်ကန်ဘော ၈ ကြိမ်အထိ အသာစီးရခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဒိုင်ဘာလာရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် အိမ်ရှင်ဂျီနိုအာက သိပ် မကြာခင်မှာပင် ချေပဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်ရဲ့အဝေးကွင်း သရေ ပွဲတစ်ပွဲထပ်တိုးလာမလားဆိုတာ အားလုံးက စိုးရိမ်နေကြတာပါ။

ဒါပေမဲ့ ၇၈ မိနစ် မှာ ကွာဒရာဒိုကြောင့်ရတဲ့ပင်နယ်တီကို စီရော်နယ်ဒိုက အမှားအယွင်းမရှိ ကန် သွင်းခဲ့သလို ပွဲပြီးခါနီးမှာ မိုရာတာကြောင့်ရတဲ့ပင်နယ်တီကိုလည်း ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ဂျူဗင်တပ်အသင်းအတွက် စီရော်နယ်ဒိုရဲ့ ပွဲ ၁၀၀ ပြည့်ဖြစ်ခဲ့ပြီး ၂ ဂိုးလည်း သွင်းယူနိုင်ခဲ့တာကြောင့် ကျေနပ်စရာပါပဲ။

အခုဆိုရင် သူဟာ ထိပ်ဆုံးက ဂိုးအများဆုံးသွင်းထားတဲ့ အီဘရာဟီမိုဗစ်ရဲ့ ၁၀ ဂိုးနဲ့ တူညီသွားခဲ့ပါပြီ။

ဒါ့အပြင် နောက်ထပ် စံချိန်သစ်တစ်ခုကတော့ ဥရောပထိပ်တန်းလိဂ် ၅ လိဂ်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပွဲ ၄၀၀ အထိ အနိုင်ရတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့နောက်မှာ မက်ဆီက ရှိနေပြီး ၃၆၅ ပွဲ အနိုင်ရထားပါတယ်။ စီရော်နယ်ဒိုနဲ့ယှဉ်လိုက်ရင် မက်ဆီဟာ ၃၅ ပွဲ ပိုနည်းတာကိုတွေ့ရမှာပါ။ ဒီ ၂ ယောက်ရဲ့နောက်မှာတော့ အသက် ၄၀ ကျော် ထိ ဂိုးဖမ်းနေဆဲဖြစ်တဲ့ ဘတ်ဖွန်က ပွဲပေါင်း ၃၅၀ နဲ့ တတိယနေရာမှာရှိနေပါ တယ်။

စီရော်နယ်ဒိုအတွက်ကတော့ ဂျူဗင်တပ်အတွက် ပွဲ ၁၀၀ ပြည့်မှာ စံချိန် မှတ်တမ်းတွေထပ်ပြီး ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ဴဗင္တပ္အတြက္ ပြဲ ၁၀၀ ျပည့္မွာ ၂ ဂိုးသြင္းခဲ့တဲ့ စီေရာ္နယ္ဒိုက ဥေရာပ ထိပ္တန္းလိဂ္ ၅ ခုမွာ ပြဲ ၄၀၀အထိ ႏိုင္ပြဲရယူထားႏိုင္ခဲ့

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ အရင္က တည္းက စံခ်ိန္မွတ္တမ္းေတြေရးထိုးေလ့ရွိတဲ့သူျဖစ္သလို ၿပီးခဲ့တဲ့ဂ်ီႏိုအာနဲ႔ပြဲမွာ လည္း အသင္းအတြက္ အေရးပါတဲ့အႏိုင္ဂိုး ၂ ဂိုးကို ပင္နယ္တီကေန သြင္းယူ ေပးၿပီး ကစားသမားဘဝအတြက္ စံခ်ိန္မွတ္တမ္းသစ္ေတြ ထပ္ၿပီးလုပ္ႏိုင္ခဲ့ပါ တယ္။ ပြဲအၿပီးမွာ စီေရာ္နယ္ဒိုက သူ႔ရဲ႕ အင္စတာဂရမ္ေပၚမွာ ဒီႏိုင္ပြဲနဲ႕ မွတ္တမ္းအတြက္ “ကြၽန္ေတာ့္အတြက္ ဒီထက္ပိုမိုျပည့္စုံတဲ့ ေအာင္ပြဲမ်ိဳးဘယ္မွာရွိႏိုင္ပါေတာ့မလဲ၊ အသင္းမွာကစားတဲ့ ပြဲ (၁၀၀)ျပည့္ပြဲမွာ အသင္းအတြက္ သြင္းဂိုး (၂)ဂိုးသြင္းယူေပးခဲ့ႏိုင္တာ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ အိုးေလဒီ (Vecchia Signora)ဂ်ာစီကိုဝတ္ဆင္ၿပီး ဒီလို မွတ္တမ္းရရွိခဲ့တဲ့အေပၚမွာ အလြန္ဂုဏ္ယူပါတယ္။ ေနာက္ထပ္ ဂ်ဴဗီမွာ ကြၽန္ေတာ္ သြင္းဂိုး (၁၀၀) သြင္းႏိုင္ဖို႔ကို စိတ္မွာ ရည္မွန္းထားပါတယ္။ ဆက္လက္သြားၾကပါစို႔!” လို႕ ဂုဏ္ယူစြာနဲ႕ေရးသားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာ ဒီႏွစ္စီးရီးေအေဘာလုံးရာသီမွာ အေဝးကြင္း ႐ုန္းကန္ေနရ တဲ့အသင္းျဖစ္ၿပီး ရႈံးပြဲမရွိေသးေပမယ့္ သေရပြဲေတြမ်ားေနတာပါ။ ဒါေၾကာင့္ ဒီေန႔ ပြဲမွာလည္း ဂ်ဴဗင္တပ္ရဲ႕ေျခစြမ္းက ႐ုန္းကန္ခဲ့ရၿပီး ဂ်ီႏိုအာကို စီေရာ္နယ္ဒိုရဲ႕ဂိုး ေတြမရခင္အထိ သေရက်ေနခဲ့တာလည္း ျဖစ္ပါတယ္။ ပြဲအစ ပထမပိုင္းမွာ ဂ်ဴဗင္ တပ္ဟာ ေထာင့္ကန္ေဘာ ၈ ႀကိမ္အထိ အသာစီးရခဲ့ေပမယ့္ ဂိုးေတာ့မရခဲ့ပါဘူး။ ဒုတိယပိုင္းမွာ ဒိုင္ဘာလာရဲ႕သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ အိမ္ရွင္ဂ်ီႏိုအာက သိပ္ မၾကာခင္မွာပင္ ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ရဲ႕အေဝးကြင္း သေရ ပြဲတစ္ပြဲထပ္တိုးလာမလားဆိုတာ အားလုံးက စိုးရိမ္ေနၾကတာပါ။ ဒါေပမဲ့ ၇၈ မိနစ္ မွာ ကြာဒရာဒိုေၾကာင့္ရတဲ့ပင္နယ္တီကို စီေရာ္နယ္ဒိုက အမွားအယြင္းမရွိ ကန္ သြင္းခဲ့သလို ပြဲၿပီးခါနီးမွာ မိုရာတာေၾကာင့္ရတဲ့ပင္နယ္တီကိုလည္း ဂိုးဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ပါတယ္။ ဒီပြဲဟာ ဂ်ဴဗင္တပ္အသင္းအတြက္ စီေရာ္နယ္ဒိုရဲ႕ ပြဲ ၁၀၀ ျပည့္ျဖစ္ခဲ့ၿပီး ၂ ဂိုးလည္း သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေက်နပ္စရာပါပဲ။

အခုဆိုရင္ သူဟာ ထိပ္ဆုံးက ဂိုးအမ်ားဆုံးသြင္းထားတဲ့ အီဘရာဟီမိုဗစ္ရဲ႕ ၁၀ ဂိုးနဲ႔ တူညီသြားခဲ့ပါၿပီ။ ဒါ့အျပင္ ေနာက္ထပ္ စံခ်ိန္သစ္တစ္ခုကေတာ့ ဥေရာပထိပ္တန္းလိဂ္ ၅ လိဂ္မွာ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ပြဲ ၄၀၀ အထိ အႏိုင္ရတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ေနာက္မွာ မက္ဆီက ရွိေနၿပီး ၃၆၅ ပြဲ အႏိုင္ရထားပါတယ္။ စီေရာ္နယ္ဒိုနဲ႔ယွဥ္လိုက္ရင္ မက္ဆီဟာ ၃၅ ပြဲ ပိုနည္းတာကိုေတြ႕ရမွာပါ။ ဒီ ၂ ေယာက္ရဲ႕ေနာက္မွာေတာ့ အသက္ ၄၀ ေက်ာ္ ထိ ဂိုးဖမ္းေနဆဲျဖစ္တဲ့ ဘတ္ဖြန္က ပြဲေပါင္း ၃၅၀ နဲ႔ တတိယေနရာမွာရွိေနပါ တယ္။ စီေရာ္နယ္ဒိုအတြက္ကေတာ့ ဂ်ဴဗင္တပ္အတြက္ ပြဲ ၁၀၀ ျပည့္မွာ စံခ်ိန္ မွတ္တမ္းေတြထပ္ၿပီး ေရးထိုးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။