ဂျူဗင်တပ်အဝတ်အစားလဲခန်းရဲ့အထူးအလေးအမြတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အသင်းတွင်ကစားစဉ်တုန်းက

ဂျူဗင်တပ်အဝတ်အစားလဲခန်းရဲ့အထူးအလေးအမြတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများကို

ရိုက်ချိုးဖျက်စီးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ပေါ်တူဂီစူပါစတားဟာ ဂျူဗင်တပ်

အဝတ်အစားလဲခန်းတွင်အစဉ်အဆက်ကမ္ဘာကျော်ကစားသမားများအားလုံး

အလေးအမြတ်ထားလိုက်နာခဲ့ကြတဲ့ တန်းတူမျှတရေး၊စည်းလုံးမှုရှိရေးနှင့်

နှိမ့်ချနိုင်ရေးစတဲ့စည်းမျဉ်းတို့ကို ဖျက်စီးခဲ့တာဖြစ်ပါတယ်။

Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ

၂၀၁၈ခုနှစ်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်မှဂျူဗင်တပ်သို့ပေါင်သန်း၁၀၀ဖြင့်

ပြောင်းပြီးနောက်၁၃၄ပွဲကစားခဲ့ရာမှာ၁၀၁ဂိုးသွင်းယူခဲ့ပြီးစီးရီးအေဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မကြာသေးမီတုန်းကဂျူဗင်တပ်နောက်ခံလူဘိုနုချီကရော်နယ်ဒိုမရှိတဲ့နောက်ပိုင်းတွင်

ဂျူဗင်တပ်မှာတစ်သင်းလုံးစည်းစည်းလုံးလုံးဖြင့်ကစားနေကြောင်းပြောကြားခဲ့သလို

ဂျော်ဂျီယိုချီရယ်လီနီကလည်းရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ဈေးကွက်တွင်နှောင်းပိုင်းတွင်

ထွက်ခွာမှုကြောင့်ဂျူဗင်တပ်မှာရာသီအစရလဒ်ဆိုးရွားနေခြင်းဖြစ်ကြောင်းအပြစ်တင်ခဲ့ကြပါတယ်။

ယခုအခါ အီတလီထိပ်သီးသတင်းစာ Tuttosports ကလည်းဂျူဗင်တပ်တွင်

ကစားစဉ်အတွင်းခရစ္စတီယာနိုရော်နယ်ဒိုမှာအခြားကစားသမားများကဲ့သို့မဟုတ်ဘဲ

အဝတ်အစားလဲခန်းရဲ့အလေးအမြတ်ထားတဲ့စည်းမျဉ်းအားလုံးကိုဖျက်စီးခဲ့ကြောင်း

ဖော်ပြလာပါတယ်။ ဒါ့အပြင် Tuttosports ကယခင်တုန်းကတီဗက်ဇ်၊ပေါလ်ပေါ့ဘာ၊

အင်ဒရေပီယာလို၊ဟီဂူယင်စတဲ့ကစားသမားများဟာအသင်းအနိုင်ရရှိရေးအတွက်

တိုက်စစ်တွင်သာမကခံစစ်ကိုပါဆင်းကူကာကြိုးပမ်းခဲ့ကြသော်လည်း

ရော်နယ်ဒိုမှာမူခံစစ်ကိုမကူကြောင်းလည်းဆိုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နွေရာသီတွင်အသင်းဟောင်းမန်ယူသို့

ပြောင်းလာပြီးနောက်၈ပွဲကစားထားရာမှာ၆ဂိုးသွင်းယူထားပါတယ်။

သူဟာမန်ယူသို့ပြန်ရောက်လာပြီးနောက်အသင်းရဲ့ခံစစ်ကိုလိုက်ပါကူညီခြင်းမရှိမှု

အတွက်ဝေဖန်မှုများနှင့်ကြုံခဲ့ရပါတယ်။ ဒါပေမယ့်မန်ယူနည်းပြဆိုးလ်ရှားက

အတ္တလန္တာနှင့်ပွဲအပြီးတွင်ရော်နယ်ဒိုအားဝေဖန်သူများအနေဖြင့်ယင်းပွဲကို

ကြည့်သင့်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။အဆိုပါပွဲစဉ်တွင်ရော်နယ်ဒိုဟာမန်ယူအတွက်

အဖိုးတန်အနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူပြီးနောက်ခံစစ်ကိုလိုက်ပါဆင်းကူခဲ့တာတွေ့ရပါတယ်။

zawgyi

ဂ်ဴဗင္တပ္အဝတ္အစားလဲခန္းရဲ႕အထူးအေလးအျမတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ခဲ့တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္အသင္းတြင္ကစားစဥ္တုန္းက

ဂ်ဴဗင္တပ္အဝတ္အစားလဲခန္းရဲ႕အထူးအေလးအျမတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းမ်ားကို

႐ိုက္ခ်ိဳးဖ်က္စီးမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။ ေပၚတူဂီစူပါစတားဟာ ဂ်ဴဗင္တပ္

အဝတ္အစားလဲခန္းတြင္အစဥ္အဆက္ကမာၻေက်ာ္ကစားသမားမ်ားအားလုံး

အေလးအျမတ္ထားလိုက္နာခဲ့ၾကတဲ့ တန္းတူမွ်တေရး၊စည္းလုံးမႈရွိေရးႏွင့္

ႏွိမ့္ခ်ႏိုင္ေရးစတဲ့စည္းမ်ဥ္းတို႔ကို ဖ်က္စီးခဲ့တာျဖစ္ပါတယ္။

Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

၂၀၁၈ခုႏွစ္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္မွဂ်ဴဗင္တပ္သို႔ေပါင္သန္း၁၀၀ျဖင့္

ေျပာင္းၿပီးေနာက္၁၃၄ပြဲကစားခဲ့ရာမွာ၁၀၁ဂိုးသြင္းယူခဲ့ၿပီးစီးရီးေအဖလား၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မၾကာေသးမီတုန္းကဂ်ဴဗင္တပ္ေနာက္ခံလူဘိုႏုခ်ီကေရာ္နယ္ဒိုမရွိတဲ့ေနာက္ပိုင္းတြင္

ဂ်ဴဗင္တပ္မွာတစ္သင္းလုံးစည္းစည္းလုံးလုံးျဖင့္ကစားေနေၾကာင္းေျပာၾကားခဲ့သလို

ေဂ်ာ္ဂ်ီယိုခ်ီရယ္လီနီကလည္းေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေႏွာင္းပိုင္းတြင္

ထြက္ခြာမႈေၾကာင့္ဂ်ဴဗင္တပ္မွာရာသီအစရလဒ္ဆိုး႐ြားေနျခင္းျဖစ္ေၾကာင္းအျပစ္တင္ခဲ့ၾကပါတယ္။

ယခုအခါ အီတလီထိပ္သီးသတင္းစာ Tuttosports ကလည္းဂ်ဴဗင္တပ္တြင္

ကစားစဥ္အတြင္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာအျခားကစားသမားမ်ားကဲ့သို႔မဟုတ္ဘဲ

အဝတ္အစားလဲခန္းရဲ႕အေလးအျမတ္ထားတဲ့စည္းမ်ဥ္းအားလုံးကိုဖ်က္စီးခဲ့ေၾကာင္း

ေဖာ္ျပလာပါတယ္။ ဒါ့အျပင္ Tuttosports ကယခင္တုန္းကတီဗက္ဇ္၊ေပါလ္ေပါ့ဘာ၊

အင္ဒေရပီယာလို၊ဟီဂူယင္စတဲ့ကစားသမားမ်ားဟာအသင္းအႏိုင္ရရွိေရးအတြက္

တိုက္စစ္တြင္သာမကခံစစ္ကိုပါဆင္းကူကာႀကိဳးပမ္းခဲ့ၾကေသာ္လည္း

ေရာ္နယ္ဒိုမွာမူခံစစ္ကိုမကူေၾကာင္းလည္းဆိုသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေႏြရာသီတြင္အသင္းေဟာင္းမန္ယူသို႔

ေျပာင္းလာၿပီးေနာက္၈ပြဲကစားထားရာမွာ၆ဂိုးသြင္းယူထားပါတယ္။

သူဟာမန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္အသင္းရဲ႕ခံစစ္ကိုလိုက္ပါကူညီျခင္းမရွိမႈ

အတြက္ေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။ ဒါေပမယ့္မန္ယူနည္းျပဆိုးလ္ရွားက

အတၱလႏၲာႏွင့္ပြဲအၿပီးတြင္ေရာ္နယ္ဒိုအားေဝဖန္သူမ်ားအေနျဖင့္ယင္းပြဲကို

ၾကည့္သင့္ေၾကာင္းတုံ႔ျပန္ခဲ့ပါတယ္။အဆိုပါပြဲစဥ္တြင္ေရာ္နယ္ဒိုဟာမန္ယူအတြက္

အဖိုးတန္အႏိုင္ဂိုးကိုေခါင္းတိုက္သြင္းယူၿပီးေနာက္ခံစစ္ကိုလိုက္ပါဆင္းကူခဲ့တာေတြ႕ရပါတယ္။