ဂျူဗင်တပ် ထပ်မံ ရင်ဆိုင်နေရပြန်တဲ့ ဘဏ်ဏာရေးအရှုပ်အရှင်း

စီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ

ဘဏ္ဍစာရင်း လိမ်လည်မှုကြောင့် အီတလီ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို

ခံနေရပြီး စီရော်နာလ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်လည်

ရောင်းချခဲ့တဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အစစ်ဆေး

ခံနေရတယ်လို့ အသင်းတာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ (၂၀၁၉) မှ (၂၀၂၁) ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း

သံသယဖြစ်ဖွယ် ငွေကြေးဖောင်းပွခဲ့တဲ့ ယူရို (၂၈၂) သန်းတန်ဖိုးရှိ

ကစားသမားအပြောင်းအရွှေ့များကို အီတလီ အာဏာပိုင်တွေက အောက်တိုဘာလမှာ

စတင်စစ်ဆေးခဲ့တာဖြစ်ပြီး အီတလီဘဏ္ဍာရေးရဲတပ်ဖွဲ့ (Guardia di Finanza) က

တူရင် နဲ့ မီလန်မြို့မှာတည်ရှိတဲ့ ဂျူဗင်တပ်စ်အသင်း၏ရုံးခန်းတွေကို နိုဝင်ဘာ

(၂၅) ရက် (၂၆) ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်းရှာဖွေမှုများ

ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးစာရင်းကိစ္စအတွက်

ကစားသမားများရဲ့တန်ဖိုးကို မြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်လို့

အာဏာပိုင်တွေက သံသယဖြစ်ခဲ့ပြီး ၊ ဘဏ္ဍာရေးမျှခြေဖြစ်စေရန်အတွက်လည်း

ကစားသမားများ အလဲအလှယ်ပြုလုပ်ခဲ့တယ်လို့လည်း သံသယရှိတာကြောင့်

စစ်ဆေးခံနေရခြင်းဖြစ်ပြီး အဲ့ဒီလို စစ်ဆေးရာမှာ စီရော်နယ်လ်ဒိုရဲ့

အပြောင်းအရွှေ့လည်း ပါဝင်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ (၂၀၁၈) ခုနှစ် နွေရာသီမှာ စီရော်နယ်လ်ဒို ကို

ရီးယဲလ်မက်ဒရစ်အသင်းထံကနေ Add-ons ကြေး ယူရို (၁၂) သန်းအပါအဝင်

ယူရိုသန်း (၁၀၀) နဲ့ခေါ်ယူခဲ့ပြီး သုံးနှစ်အကြာ ယခုနှစ်နွေရာသီမှာတော့ အသင်းဟောင်း

မန်ချက်စတာယူနိုက်တက်ကို ယူရို (၁၄ ) သန်း၊ Add-ons ကြေး ယူရို (၈)သန်းနဲ့

ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဘဏ္ဍရေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီ အပြစ်

ရှိကြောင်းတွေ့ရှိပါက ကြီးလေးတဲ့ဒဏ်ကြေးအပြင် တန်းဆင်းပြစ်ဒဏ် နဲ့

နိုင်ငံတကာပြိုင်ပွဲများမှ ထုတ်ပယ်ခံရတဲ့ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း

သိရပါတယ်။

zawgyi

ဂ်ဴဗင္တပ္ ထပ္မံ ရင္ဆိုင္ေနရျပန္တဲ့ ဘဏ္ဏာေရးအရႈပ္အရွင္း

စီးရီးေအ ထိပ္သီးကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ

ဘ႑စာရင္း လိမ္လည္မႈေၾကာင့္ အီတလီ အာဏာပိုင္ေတြရဲ႕ စုံစမ္းစစ္ေဆးမႈကို

ခံေနရၿပီး စီေရာ္နာလ္ဒိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းထံ ျပန္လည္

ေရာင္းခ်ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း အစစ္ေဆး

ခံေနရတယ္လို႔ အသင္းတာဝန္ရွိသူေတြက တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ (၂၀၁၉) မွ (၂၀၂၁) ခုႏွစ္အထိ သုံးႏွစ္တာကာလအတြင္း

သံသယျဖစ္ဖြယ္ ေငြေၾကးေဖာင္းပြခဲ့တဲ့ ယူ႐ို (၂၈၂) သန္းတန္ဖိုးရွိ

ကစားသမားအေျပာင္းအေ႐ႊ႕မ်ားကို အီတလီ အာဏာပိုင္ေတြက ေအာက္တိုဘာလမွာ

စတင္စစ္ေဆးခဲ့တာျဖစ္ၿပီး အီတလီဘ႑ာေရးရဲတပ္ဖြဲ႕ (Guardia di Finanza) က

တူရင္ နဲ႔ မီလန္ၿမိဳ႕မွာတည္ရွိတဲ့ ဂ်ဴဗင္တပ္စ္အသင္း၏႐ုံးခန္းေတြကို ႏိုဝင္ဘာ

(၂၅) ရက္ (၂၆) ရက္ေန႔ေတြမွာ ႏွစ္ရက္ဆက္တိုက္ ဝင္ေရာက္စီးနင္းရွာေဖြမႈမ်ား

ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဘ႑ာေရးစာရင္းကိစၥအတြက္

ကစားသမားမ်ားရဲ႕တန္ဖိုးကို ျမႇင့္တင္ရန္ ရည္႐ြယ္ခ်က္ရွိရွိ ျပဳလုပ္ခဲ့တယ္လို႔

အာဏာပိုင္ေတြက သံသယျဖစ္ခဲ့ၿပီး ၊ ဘ႑ာေရးမွ်ေျချဖစ္ေစရန္အတြက္လည္း

ကစားသမားမ်ား အလဲအလွယ္ျပဳလုပ္ခဲ့တယ္လို႔လည္း သံသယရွိတာေၾကာင့္

စစ္ေဆးခံေနရျခင္းျဖစ္ၿပီး အဲ့ဒီလို စစ္ေဆးရာမွာ စီေရာ္နယ္လ္ဒိုရဲ႕

အေျပာင္းအေ႐ႊ႕လည္း ပါဝင္ေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ (၂၀၁၈) ခုႏွစ္ ေႏြရာသီမွာ စီေရာ္နယ္လ္ဒို ကို

ရီးယဲလ္မက္ဒရစ္အသင္းထံကေန Add-ons ေၾကး ယူ႐ို (၁၂) သန္းအပါအဝင္

ယူ႐ိုသန္း (၁၀၀) နဲ႔ေခၚယူခဲ့ၿပီး သုံးႏွစ္အၾကာ ယခုႏွစ္ေႏြရာသီမွာေတာ့ အသင္းေဟာင္း

မန္ခ်က္စတာယူႏိုက္တက္ကို ယူ႐ို (၁၄ ) သန္း၊ Add-ons ေၾကး ယူ႐ို (၈)သန္းနဲ႔

ျပန္လည္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဘ႑ေရးလိမ္လည္မႈမ်ားနဲ႔ ပတ္သက္ၿပီ အျပစ္

ရွိေၾကာင္းေတြ႕ရွိပါက ႀကီးေလးတဲ့ဒဏ္ေၾကးအျပင္ တန္းဆင္းျပစ္ဒဏ္ နဲ႔

ႏိုင္ငံတကာၿပိဳင္ပြဲမ်ားမွ ထုတ္ပယ္ခံရတဲ့ျပစ္ဒဏ္အထိ ခ်မွတ္ခံရႏိုင္ေၾကာင္း

သိရပါတယ္။