ဂျူဗီကစားသမားတစ်ဦးကို ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာဂျူဗင်တပ်ကွင်းလယ်ကစားသမားအာသာကို

ခေါ်ယူရေးဆက်သွယ်မှုများပြုလုပ်လာပါတယ်။

အက်ဒီဟိုဝီရဲ့နယူးကာဆယ်ဟာပြီးခဲ့တဲ့စနေနေ့တုန်းကဘန်လေကိုအနိုင်ရရှိကာ

ယခုရာသီပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာတန်းဆင်းဇုန်အတွင်းမှာ

ကျရောက်နေဆဲဖြစ်ပြီးအဆင့်၁၇မှဝက်ဖို့ဒ်နှင့်ရမှတ်၃မှတ်ကွာဟနေပါတယ်။

နယူးကာဆယ်ဟာတန်းဆင်းဇုန်မှလွတ်မြောက်ရေးအတွက်

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားများ

ခေါ်ယူအားဖြည့်သွားပါမယ်။Calciomercato ကနယူးကာဆယ်ရဲ့

အဝယ်စာရင်းထဲမှာဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား

အာသာလည်းပါဝင်ကြောင်းဖော်ပြလာပါတယ်။

အသက်၂၅နှစ်ရှိဘာစီလိုနာကွင်းလယ်ကစားသမားဟာယခုရာသီတွင်

နည်းပြအယ်လီဂရီလက်အောက်မှာပုံမှန်ပွဲကစားခွင့်ရရှိရန်ရုန်းကန်နေရသူဖြစ်ပါတယ်။

ဒါ့အပြင်သူဟာဒဏ်ရာပြဿနာကြောင့်ယခုရာသီတွင်၇ပွဲတည်းသာ

ကစားထားနိုင်တဲ့အပြင်စုစုပေါင်း၁၆၆မိနစ်သာကစားရပါသေးတယ်။

ဆီဗီလာကလည်းအာသာကိုခေါ်ယူရန်စိတ်ဝင်စားနေကာ

လာမယ့်ဇန်နဝါရီမှာနယူးကာဆယ်နှင့်အပြိုင်ကြိုးပမ်းလာပါမယ်။

ဂျူဗင်တပ်ဟာ၂၀၂၀ခုနှစ်နွေရာသီတုန်းကအာသာကို ငွေသားအပြင်

ပီယာနစ်ကိုပါအလိုက်ပေးပြီးခေါ်ယူခဲ့တာပါ။

နည်းစနစ်ပိုင်းကြွယ်ဝတဲ့ဘရာဇီးလက်ရွေးစင်ဟာကမ္ဘာ့အကောင်းဆုံး

ကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်လာမယ့်သူအဖြစ်

ဟောကိန်းထုတ်ခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တုန်းကဘာစီလိုနာသို့မပြောင်းမီဂရီမီယိုနှင့်အတူ

ကိုပါလီဘာတာဒို့စ်ဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဘရာဇီးနှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးထားနိုင်သလို

ဂျူဗင်တပ်နှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးထားနိုင်ပါတယ်။

သူဟာဂျူဗင်တပ်အတွက်နောက်ဆုံးစီးရီးအေပွဲကစားခွင့်ရခဲ့တာ

အောက်တိုဘာလ၃၀ရက်တုန်းကဖြစ်ပြီးစီးရီးအေငါးပွဲဆက်တိုက်

အရန်ခုံတွင်သာထိုင်နေခဲ့ရပါတယ်။

zawgyi

ဂ်ဴဗီကစားသမားတစ္ဦးကို ကမ္းလွမ္းလိုက္တဲ့ နယူးကာဆယ္

နယူးကာဆယ္ဟာဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားအာသာကို

ေခၚယူေရးဆက္သြယ္မႈမ်ားျပဳလုပ္လာပါတယ္။

အက္ဒီဟိုဝီရဲ႕နယူးကာဆယ္ဟာၿပီးခဲ့တဲ့စေနေန႔တုန္းကဘန္ေလကိုအႏိုင္ရရွိကာ

ယခုရာသီပထမဆုံးႏိုင္ပြဲရရွိခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာတန္းဆင္းဇုန္အတြင္းမွာ

က်ေရာက္ေနဆဲျဖစ္ၿပီးအဆင့္၁၇မွဝက္ဖို႔ဒ္ႏွင့္ရမွတ္၃မွတ္ကြာဟေနပါတယ္။

နယူးကာဆယ္ဟာတန္းဆင္းဇုန္မွလြတ္ေျမာက္ေရးအတြက္

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားမ်ား

ေခၚယူအားျဖည့္သြားပါမယ္။Calciomercato ကနယူးကာဆယ္ရဲ႕

အဝယ္စာရင္းထဲမွာဘရာဇီးလက္ေ႐ြးစင္ကြင္းလယ္ကစားသမား

အာသာလည္းပါဝင္ေၾကာင္းေဖာ္ျပလာပါတယ္။

အသက္၂၅ႏွစ္ရွိဘာစီလိုနာကြင္းလယ္ကစားသမားဟာယခုရာသီတြင္

နည္းျပအယ္လီဂရီလက္ေအာက္မွာပုံမွန္ပြဲကစားခြင့္ရရွိရန္႐ုန္းကန္ေနရသူျဖစ္ပါတယ္။

ဒါ့အျပင္သူဟာဒဏ္ရာျပႆနာေၾကာင့္ယခုရာသီတြင္၇ပြဲတည္းသာ

ကစားထားႏိုင္တဲ့အျပင္စုစုေပါင္း၁၆၆မိနစ္သာကစားရပါေသးတယ္။

ဆီဗီလာကလည္းအာသာကိုေခၚယူရန္စိတ္ဝင္စားေနကာ

လာမယ့္ဇန္နဝါရီမွာနယူးကာဆယ္ႏွင့္အၿပိဳင္ႀကိဳးပမ္းလာပါမယ္။

ဂ်ဴဗင္တပ္ဟာ၂၀၂၀ခုႏွစ္ေႏြရာသီတုန္းကအာသာကို ေငြသားအျပင္

ပီယာနစ္ကိုပါအလိုက္ေပးၿပီးေခၚယူခဲ့တာပါ။

နည္းစနစ္ပိုင္းႂကြယ္ဝတဲ့ဘရာဇီးလက္ေ႐ြးစင္ဟာကမာၻ႔အေကာင္းဆုံး

ကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာမယ့္သူအျဖစ္

ေဟာကိန္းထုတ္ခံခဲ့ရဖူးသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္တုန္းကဘာစီလိုနာသို႔မေျပာင္းမီဂရီမီယိုႏွင့္အတူ

ကိုပါလီဘာတာဒို႔စ္ဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဘရာဇီးႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးထားႏိုင္သလို

ဂ်ဴဗင္တပ္ႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာဂ်ဴဗင္တပ္အတြက္ေနာက္ဆုံးစီးရီးေအပြဲကစားခြင့္ရခဲ့တာ

ေအာက္တိုဘာလ၃၀ရက္တုန္းကျဖစ္ၿပီးစီးရီးေအငါးပြဲဆက္တိုက္

အရန္ခုံတြင္သာထိုင္ေနခဲ့ရပါတယ္။