ဂျူဗင်တပ်ဂန္ထဝင်ဂိုးသမားဂီယန်လူဂီဘူဖွန်ကခရစ္စတီယာနိုရော်နယ်ဒိုကြောင့်
ဂျူဗင်တပ်ရဲ့ချန်ပီယံလိဂ်ဖလားရနိုင်ခြေအခွင့်အရေးပျက်စီးသွားခဲ့ကြောင်
ဝေဖန်ပြောကြားလိုက်ပါတယ်။
အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်
ဗိုလ်လုပွဲသို့တက်ရောက်ပြီးတစ်နှစ်အကြာ၂၀၁၈ခုနှစ်တွင်ဂျူဗင်တပ်သို့ရောက်
လာခဲ့သူဖြစ်ပါတယ်။
တူရင်သို့ ရော်နယ်ဒိုရောက်လာချိန်တွင်ဘူဖွန်မှာပီအက်စ်ဂျီတွင်ကစားနေခဲ့ပါ
တယ်။ဘူဖွန်ဟာ၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်သို့ပြန်လည်ရောက်လာချိန်မှာ
ကလပ်မှာများစွာပြောင်းလဲနေပြီဖြစ်ပါတယ်။
ရော်နယ်ဒိုရှိနေတဲ့ကာလတွင်ဂျူဗင်တပ်ဟာချန်ပီယံလိဂ်ပြိုင်ပွဲတွင်ရုန်းကန်နေ
ခဲ့ရပါတယ်။
ဘူဖွန်က “သူရောက်တဲ့ပထမနှစ်မှာဂျူဗင်တပ်မှာချန်ပီယံလိဂ်ဖလားရဖို့အခွင့်
အရေးရှိခဲ့တယ်။အဲဒီတုန်းကကျွန်တော် ပီအက်စ်ဂျီမှာပါ။ကျွန်တော်ပြန်ရောက်
လာခဲ့တယ်။CR7 နဲ့နှစ်နှစ်ကစားခဲ့တယ်။ကျွန်တော်တို့အတူတူလုပ်ခဲ့ကြတယ်။
ဒါပေမဲ့ဂျူဗင်တပ်ဟာအသင်းတစ်သင်းရဲ့ DNA ပျောက်ဆုံးနေတယ်။ကျွန်တော်
တို့မှာအတွေ့အကြုံအများကြီးလို့၂၀၁၇ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ခဲ့တယ်။
တစ်စုတစ်စည်းတည်းရှိခဲ့တယ်။အသင်းအတွင်းနေရာလုတိုက်ပွဲပြင်းထန်တယ်။
ရော်နယ်ဒိုရောက်လာတော့ဒါမရှိတော့ဘူး”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့နွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒို ယူနိုက်တက်သို့ ပြန်ပြောင်းသွားပြီး
နောက်ဂျူဗင်တပ်ရဲ့အခြေအနေကပိုမိုဆိုးရွားနေတာတွေ့ရပါတယ်။
ရော်နယ်ဒိုမရှိတော့တဲ့ဂျူဗင်တပ်ဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာမှာ
ရပ်တည်နေပြီးထိပ်ဆုံးမှအင်တာမီလန်နှင့်ရမှတ်၁၂မှတ်အထိကွာဟနေပါတယ်။
ရော်နယ်ဒိုကတော့ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၈ပွဲကစားပြီး၁၃ဂိုး
သွင်းယူကာထိပ်တန်းခြေစွမ်းကိုပြသနေဆဲဖြစ်ပါတယ်။
Zawgyi
ဂျူဗီက CR7 ကြောင့် ပျက်စီးခဲ့တယ်လို့ ပြစ်တင်လိုက်တဲ့ ဘူဖွန်
လာခဲ့သူဖြစ်ပါတယ်။
ခဲ့ရပါတယ်။