ဂျော်ဂျင်ညိုကို ခေါ်ယူဖို့ ထိပ်တန်းအသင်းအများအပြား စိတ်ဝင်စားနေတယ်လို့ အေးဂျင့်ဖြစ်သူ အတည်ပြု

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းအများအပြားက အပြိုင်စိတ်ဝင်စားနေပေမယ့် ကစားသမားဖြစ်သူအနေနဲ့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ မဖြစ်နိုင်ကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပါတယ်။
ဂျော်ဂျင်ညိုဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ယူရို ၂၀၂၀ မှာလည်း အီတလီနဲ့အတူ ၁၆သင်းအဆင့်ကို စောစောစီးစီးတက်ရောက်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဂျော်ဂျင်ညိုဟာ ကလပ်နဲ့လက်ရွေးစင်အသင်းတို့မှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေရ ဥရောပထိပ်တန်းအသင်းတွေရဲ့စိတ်ဝင်စားခြင်း ခံနေရတာပါ။


ဂျော်ဂျင်ညိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ အေးဂျင့်ဖြစ်သူ ယာအိုဆန်းတို့စ်က ကစားသမားကို ခေါ်ယူဖို့ ဆက်သွယ်ချဉ်းကပ်လာတဲ့အသင်းကြီးတွေရှိတယ်လို့ အတည်ပြုပေမယ့် ဂျော်ဂျင်ညိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ အသင်းပြောင်းရွှေ့ဖွယ်မရှိဘူးလို့ ပြောပါတယ်။


”ဂျော်ဂျင်ညိုက ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပြီးနောက် အခုလည်း ယူရိုမှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားပါတယ်”
”သူက ချန်ပီယံဖြစ်ဖို့ပဲ အာရုံစိုက်ထားပြီး ယူရိုမှာ ပွဲအပြည့်ကစားခွင့်ရဖို့လည်း ဆန္ဒပြင်းပြနေပါတယ်”

”ဂျော်ဂျင်ညိုဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေက ဆက်သွယ်ချဉ်းကပ်လာပါတယ်”
”ကျွန်တော့်အမြင်အရဆိုရင်တော့ ချဲလ်ဆီးမှာ သူဆက်ကစားဖို့ များပါတယ်။ သူ့ရဲ့နောက်ထပ်ပစ်မှတ်က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနဲ့အတူ ပါဝင်ကစားခွင့်ရရေးဖြစ်ပြီး ချဲလ်ဆီးမှာဆက်ကစားရင် ဒီအိပ်မက်ဖြစ်လာဖို့ များပါလိမ့်မယ်”လို့ ဆန်းတို့စ်က ပြောပါတယ်။
ဂျော်ဂျင်ညိုရဲ့လက်ရှိစာချုပ်သက်တမ်းက ကုန်ဆုံးဖို့ ၂နှစ်ကျန်နေသေးပါတယ်။

Zawgyi
ေဂ်ာ္ဂ်င္ညိဳကို ေခၚယူဖို႔ ထိပ္တန္းအသင္းအမ်ားအျပား စိတ္၀င္စားေနတယ္လို႔ ေအးဂ်င့္ျဖစ္သူ အတည္ျပဳ
ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကိုေခၚယူဖို႔ ဥေရာပထိပ္တန္းအသင္းအမ်ားအျပားက အၿပိဳင္စိတ္၀င္စားေနေပမယ့္ ကစားသမားျဖစ္သူအေနနဲ႔ ခ်ဲလ္ဆီးကေန ထြက္ခြာဖို႔ မျဖစ္ႏိုင္ေၾကာင္း သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူက ေျပာပါတယ္။
ေဂ်ာ္ဂ်င္ညိဳဟာ ၿပီးခဲ့တဲ့ရာသီအကုန္မွာ ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့သလို ယူ႐ို ၂၀၂၀ မွာလည္း အီတလီနဲ႔အတူ ၁၆သင္းအဆင့္ကို ေစာေစာစီးစီးတက္ေရာက္ထားပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိ ေဂ်ာ္ဂ်င္ညိဳဟာ ကလပ္နဲ႔လက္ေရြးစင္အသင္းတို႔မွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ေနရ ဥေရာပထိပ္တန္းအသင္းေတြရဲ႕စိတ္၀င္စားျခင္း ခံေနရတာပါ။
ေဂ်ာ္ဂ်င္ညိဳရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ ေအးဂ်င့္ျဖစ္သူ ယာအိုဆန္းတို႔စ္က ကစားသမားကို ေခၚယူဖို႔ ဆက္သြယ္ခ်ဥ္းကပ္လာတဲ့အသင္းႀကီးေတြရွိတယ္လို႔ အတည္ျပဳေပမယ့္ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ကမၻာ့ဖလားၿပိဳင္ပြဲက်င္းပဖို႔ နီးကပ္လာခ်ိန္မွာ အသင္းေျပာင္းေရႊ႕ဖြယ္မရွိဘူးလို႔ ေျပာပါတယ္။
”ေဂ်ာ္ဂ်င္ညိဳက ယူ႐ိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ခဲ့ၿပီးေနာက္ အခုလည္း ယူ႐ိုမွာ ခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းထားပါတယ္”
”သူက ခ်န္ပီယံျဖစ္ဖို႔ပဲ အာ႐ုံစိုက္ထားၿပီး ယူ႐ိုမွာ ပြဲအျပည့္ကစားခြင့္ရဖို႔လည္း ဆႏၵျပင္းျပေနပါတယ္”
”ေဂ်ာ္ဂ်င္ညိဳဟာ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီးေနာက္ ဥေရာပအသင္းႀကီးေတြက ဆက္သြယ္ခ်ဥ္းကပ္လာပါတယ္”

”ကၽြန္ေတာ့္အျမင္အရဆိုရင္ေတာ့ ခ်ဲလ္ဆီးမွာ သူဆက္ကစားဖို႔ မ်ားပါတယ္။ သူ႕ရဲ႕ေနာက္ထပ္ပစ္မွတ္က ကာတာကမၻာ့ဖလားၿပိဳင္ပြဲမွာ အီတလီနဲ႔အတူ ပါ၀င္ကစားခြင့္ရေရးျဖစ္ၿပီး ခ်ဲလ္ဆီးမွာဆက္ကစားရင္ ဒီအိပ္မက္ျဖစ္လာဖို႔ မ်ားပါလိမ့္မယ္”လို႔ ဆန္းတို႔စ္က ေျပာပါတယ္။
ေဂ်ာ္ဂ်င္ညိဳရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ကုန္ဆုံးဖို႔ ၂ႏွစ္က်န္ေနေသးပါတယ္။