
အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီဟာ မန်စီးတီးနဲ့ကစားမယ့်
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဘက်နည်းပြဂွါဒီယိုလာကို
စကားလုံးတိုက်ပွဲစတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ကွာတားဖိုင်နယ်ပထမအကျော့အဖြစ်
ဒီညမှာ မန်စီးတီးအသင်းနဲ့အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
အဲဒီပွဲမတိုင်ခင် ဆီမြွန်နီက ဂွါဒီယိုလာရဲ့နည်းပြဘဝတစ်လျှောက်မှာ
ကံကောင်းလို့ ထိပ်တန်းကစားသမားတွေကို,ကိုင်တွယ်ခွင့်ရခဲ့တာကြောင့်
အခုလိုအောင်မြင်တာဆိုပြီးတော့ Mind Game လုပ်ခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် မန်စီးတီးနဲ့အက်သလက်တီကိုအသင်းတို့
အခုမှ ပထမဆုံးအကြိမ်ဆုံတွေ့တာဖြစ်ပေမယ့် ဂွါဒီယိုလာနဲ့ဆီမြွန်နီတို့ကတော့
အရင်က(၃)ကြိမ်အထိဆုံတွေ့ခဲ့ဖူးပါတယ်။ အက်သလက်တီကိုနည်းပြအဖြစ်ခန့်အပ်ခံရပြီး
လပိုင်းအကြာ ၂၀၁၂၊ ဖေဖော်ဝါရီလ(၂၆)ရက်မှာ
ဆီမြွန်နီဟာ ဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်းနဲ့ဆုံတွေ့ခဲ့ပြီး (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၅-၁၆ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ်
ဘိုင်ယန်မြူးနစ်နဲ့အက်သလက်တီကိုတို့ဆုံတွေ့ခဲ့ချိန်မှာ
ပထမအကျော့အိမ်ကွင်းမှာ အက်သလက်တီကိုက(၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး
အဝေးကွင်းမှာ(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ
ဆီမြွန်နီဟာ ဂွါဒီယိုလာရဲ့ဘိုင်ယန်မြူးနစ်အသင်းကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။
ဒီညမှာတော့ ဆီမြွန်နီနဲ့ဂွါဒီယိုလာတို့ (၄)ကြိမ်မြောက်ဆုံတွေ့ကြမှာဖြစ်ပြီး
အဲဒီပွဲမတိုင်ခင် ဆီမြွန်နီက “ကျွန်တော့်ရဲ့နည်းပြဘဝမှာ
မက်ဆီ၊ ဇာဗီ၊ ဘူးစကွက်စ်၊ ပီကေး၊ အင်နီယေစတာတို့လို
ကမ္ဘာ့အဆင့်ကစားသမားတွေကို တစ်ခါမှနည်းပြလုပ်ခွင့်မရခဲ့ပါဘူး။
ဂွါဒီယိုလာရဲ့အရည်အချင်းထက် ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ခွင့်ရခဲ့တာက
သူ့အတွက် ကံကောင်းတယ်လို့ပဲသတ်မှတ်ရမှာပါ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ဂြါဒီယိုလာကို စကားလုံးတိုက္ပြဲစတင္ျပဳလုပ္လိုက္တဲ့ ဆီႁမြန္နီ
အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီဟာ မန္စီးတီးနဲ႔ကစားမယ့္
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲမတိုင္ခင္ ၿပိဳင္ဘက္နည္းျပဂြါဒီယိုလာကို
စကားလုံးတိုက္ပြဲစတင္ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။
အက္သလက္တီကိုအသင္းဟာ ကြာတားဖိုင္နယ္ပထမအေက်ာ့အျဖစ္
ဒီညမွာ မန္စီးတီးအသင္းနဲ႔အေဝးကြင္းပြဲယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး
အဲဒီပြဲမတိုင္ခင္ ဆီႁမြန္နီက ဂြါဒီယိုလာရဲ႕နည္းျပဘဝတစ္ေလွ်ာက္မွာ
ကံေကာင္းလို႔ ထိပ္တန္းကစားသမားေတြကို,ကိုင္တြယ္ခြင့္ရခဲ့တာေၾကာင့္
အခုလိုေအာင္ျမင္တာဆိုၿပီးေတာ့ Mind Game လုပ္ခဲ့တာပါ။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ မန္စီးတီးနဲ႔အက္သလက္တီကိုအသင္းတို႔
အခုမွ ပထမဆုံးအႀကိမ္ဆုံေတြ႕တာျဖစ္ေပမယ့္ ဂြါဒီယိုလာနဲ႔ဆီႁမြန္နီတို႔ကေတာ့
အရင္က(၃)ႀကိမ္အထိဆုံေတြ႕ခဲ့ဖူးပါတယ္။ အက္သလက္တီကိုနည္းျပအျဖစ္ခန႔္အပ္ခံရၿပီး
လပိုင္းအၾကာ ၂၀၁၂၊ ေဖေဖာ္ဝါရီလ(၂၆)ရက္မွာ
ဆီႁမြန္နီဟာ ဂြါဒီယိုလာရဲ႕ဘာစီလိုနာအသင္းနဲ႔ဆုံေတြ႕ခဲ့ၿပီး (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။
အဲဒီေနာက္ ၂၀၁၅-၁၆ ရာသီ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အျဖစ္
ဘိုင္ယန္ျမဴးနစ္နဲ႔အက္သလက္တီကိုတို႔ဆုံေတြ႕ခဲ့ခ်ိန္မွာ
ပထမအေက်ာ့အိမ္ကြင္းမွာ အက္သလက္တီကိုက(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး
အေဝးကြင္းမွာ(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ အေဝးဂိုးစည္းမ်ဥ္းအရ
ဆီႁမြန္နီဟာ ဂြါဒီယိုလာရဲ႕ဘိုင္ယန္ျမဴးနစ္အသင္းကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ပါတယ္။
ဒီညမွာေတာ့ ဆီႁမြန္နီနဲ႔ဂြါဒီယိုလာတို႔ (၄)ႀကိမ္ေျမာက္ဆုံေတြ႕ၾကမွာျဖစ္ၿပီး
အဲဒီပြဲမတိုင္ခင္ ဆီႁမြန္နီက “ကြၽန္ေတာ့္ရဲ႕နည္းျပဘဝမွာ
မက္ဆီ၊ ဇာဗီ၊ ဘူးစကြက္စ္၊ ပီေကး၊ အင္နီေယစတာတို႔လို
ကမာၻ႔အဆင့္ကစားသမားေတြကို တစ္ခါမွနည္းျပလုပ္ခြင့္မရခဲ့ပါဘူး။
ဂြါဒီယိုလာရဲ႕အရည္အခ်င္းထက္ ထိပ္တန္းကစားသမားေတြ ပိုင္ဆိုင္ခြင့္ရခဲ့တာက
သူ႔အတြက္ ကံေကာင္းတယ္လို႔ပဲသတ္မွတ္ရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။