
စပါးစ်စတားဒီလီအယ်လီဟာမန်စီးတီးနည်းပြဂွါဒီယိုလာနှင့်တွဲသလိုလုပ်ပြီးမှ
အခြားတစ်ယောက်နဲ့တွဲလိုက်ပါတယ်။ စပါးစ်စတားဟာပြီးခဲ့တဲ့လများအတွင်းမှာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့သမီးဖြစ်သူမာရီယာနှင့်နှစ်ကြိမ်တိုင်တိုင်
လူပုံအလယ်မှာတွဲကာတွေ့ခဲ့ရပါတယ်။၎င်းတို့နှစ်ဦးပထမဆုံးတွေ့ခဲ့ရတာ
မေလတုန်းက Rooftop Bar တစ်ခုမှာဖြစ်ပြီးအတူတွဲထိုင်ရင်းနမ်းနေခဲ့ကြပါတယ်။
ယင်းနောက်မကြာသေးမီတုန်းက၎င်းတို့နှစ်ဦးကိုအတူထပ်မံတွေ့ခဲ့ရပါတယ်။
ဒါပေမယ့်အယ်လီဟာဂွါဒီယိုလာသမီးကိုပစ်ပယ်ပြီး Made in Chelsea ရဲ့
မျက်နှာသစ်နီကိုလီဘာရီနှင့်လက်တွဲလိုက်ပါတယ်။
အယ်လီဟာအသက်၂၄နှစ်ရှိကနေဒါမော်ဒယ်နီကိုလီနှင့်ဆိုရှယ်မီဒီယာမှတဆင့်
သိကျွမ်းခဲ့တာဖြစ်ပြီးချစ်သူတွေဖြစ်သွားခဲ့ကြတာဖြစ်ပါတယ်။
အသက်၂၅နှစ်ရှိအယ်လီဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Fortnite ဂိမ်းအလွန်အကျွံ
ကစားမှုကြောင့်ချစ်သူရူဘီမဲရဲ့စွန့်ပယ်ခြင်းခံခဲ့ရပြီးနောက်တကိုယ်တည်းနေလာခဲ့တာပါ။
အယ်လီရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကတော့စပါးစ်ကွင်းလယ်ကစားသမားဟာ
ယခုတိုင် Single အဖြစ်ရှိနေဆဲဖြစ်ပြီးနီကိုလီနှင့်တွဲနေခြင်းမရှိကြောင်းဆိုထားပါတယ်။
zawgyi
ဂွါဒီယိုလာသမီးကိုပစ်ပယ်ပြီး Made in Chelsea ရဲ့မျက်နှာသစ်နီကိုလီဘာရီနှင့်လက်တွဲလိုက်တဲ့ စပါးစ်တားအယ်လီ