အင်္ဂလန်စတားဂျက်ဂရဲလ်လစ်ရှ်ဟာချစ်သူဆာရှာအက်ဝုဒ်နှင့်သူမရဲ့မိသားစုဝင်များကို
တစ်ညလျှင်ပေါင်၅၀၀၀တန် Lodge သို့ခေါ်ဆောင်အပန်းဖြေစေပြီး
၎င်းတို့အကြားချစ်ကြည်မှုကိုတည်ဆောက်ခဲ့ပါတယ်။
ယင်း ကြယ်ငါးပွင့်အဆင့်ရှိ Lodge တွင် အိပ်ခန်းငါးခန်းပါဝင်ပြီး
ရေချိုးခန်း ၆ခန်းအထိပါဝင်ကာ သီးသန့်ကျွန်းတွင်တည်ရှိသလို
ကိုယ်တိုင်ကမ်းခြေဧရိယာပါဝင်ပါတယ်။
လူ၁၄ဦးအထိဆန့်ပြီးမီးဖို၊ကနူးကယက်၊မော်တော်ပါဝင်ပြီးကန်အနီးအနားသို့
လှည့်လည်သွားလာနိုင်ပါမယ်။ဂျက်ဂရဲလ်လစ်ရှ်ဟာ
ချစ်သူဆာရှာအက်ဝုဒ်ရဲ့ဖခင်မွေးနေ့အထိမ်းအမှတ်အဖြစ်
The Lakes ရဲ့ခေါ်ဆောင်ကာအပန်းဖြေစေခဲ့တာလည်းဖြစ်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာမင်းသမီးအီမီလီအတက်ခ်၊အလှမယ်အမ်ဘာဂီးလ်တို့နဲ့
ဇာတ်လမ်းများထွက်ပေါ်ခဲ့ပြီးနောက်ငယ်ချစ်ဆာရှာအက်ဝုဒ်နှင့်
ခိုင်မာတဲ့ချစ်ခင်ရင်းနှီးမှုပြန်လည်ရရှိရန်တည်ဆောက်နေတာလည်းဖြစ်ပါတယ်။
zawgyi
ငယ်ချစ်နဲ့ ခိုင်မာတဲ့ချစ်ခင်ရင်းနှီးမှုပြန်လည်ရရှိရန်တည်ဆောက်နေတဲ့ ဂရဲလ်လစ်ရှ်