ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ထားမွန်မြတ်ပြီး ကောင်းကျိုးဆောင်ရွက်နေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အစားအသောက်အခမဲ့အစီအစဉ်ကို ဝန်းရံသူ သိန်းချီရှိလာခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့သလို ပင်နယ်တီကန်သွင်းခွင့်ကိုလည်း ဂိုးမရခဲ့တဲ့ အသင်ဖော် မာရှယ်ကို ပေးကန်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိသူလုပ်ဆောင်နေတဲ့ ဗြိတိန်ကလေးတွေရဲ့ အစီအစဉ်အတွက်လည်း ချီးကျူးခံနေရပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ် ဟာ အင်္ဂလန်မှာ ရှိတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေကို ၂၀၂၁ ခုနှစ် Easter holiday အထိ အစားအသောက်ထောက်ပံ့ပေးဖို့ အင်္ဂလန် အစိုးရကိုတောင်းဆိုတဲ့ ကမ်ပိန်းတခုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန် အစိုးရက ဒီ တောင်းဆိုချက်ကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ရလဒ်မပြည့်မီခဲ့တာကြောင့် ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ အဆိုပါတောင်းဆိုချက်ပယ်ချခံရပြီးနောက်မှာတော့ အင်္ဂလန် တဝှမ်းမှာရှိတဲ့ စားသောက်ဆိုင်တွေက ရက်ရှ်ဖို့ဒ် နှင့်အတူရပ်တည်ခဲ့ပြီး ကလေးငယ်တွေကို အခမဲ့အစားအသောက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေငြာချက်အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

ရက်ရှ်ဖို့ဒ် ရဲ့ twitter အကောင့်မှာလည်း မြောက်များစွာသော စားသောက်ဆိုင်စာရင်း တွေကို တခုခြင်းစီ retweet ပြန်လုပ်ပေးထားပြီး ရက်ရှ်ဖို့ဒ် ကိုလည်း အင်္ဂလန် တဝှမ်းလုံးက စားသောက်ဆိုင်တွေက ဂုဏ်ယူစွာနဲ့ ချီးကျူးထောက်ခံနေကြပြီး အတူတကွရပ်တည်ပေးနေကြတာကို တွေ့ရပါတယ်။

တစ်ကမ္ဘာ လုံးကို ရိုက်ခိုက်နေတဲ့ ကိုဗစ်ကာလမှာ ရက်ရှ်ဖို့ဒ်ဟာ ကျောင်းတွေမှာ ကလေးငယ်တွေအတွက် အစားအသောက်အခမဲ့အစီအစဉ်ကို ဦးဆောင်လှုပ်ရှား နေတာဖြစ်ပြီး ဗြိတိန်အစိုးရပိုင်းက ဒါကို အထောင်အထည်ဖော်ဖို့ လွှတ်တော်နဲ့ အစိုးရအကြား ဘော်လီဘောပုတ်နေကြတာကြောင့် အခုဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ အစီ အစဉ်ဟာ ကမ့်ပိန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒီကမ့်ပိန်းအတွက် ဗြိတိန် နိုင်ငံတစ်ဝှမ်းမှာ အစိုးရဆီကို လက်မှတ်ရေးထိုးတောင်းဆိုသူအရေအတွက် သိန်းချီဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။

ဘောလုံးလောကထဲက လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေးတို့ကလည်း မီဒီယာတွေကို ရက်ရှ်ဖို့ဒ်ဘက်က ထောက်ခံစကားတွေ လူသိရှင်ကြား ပြောကြားထားပါတယ်။ လိဒ်ယူနိုက်တက်ကလည်း သူတို့ အသင်းက ကစားသမားတွေက ရက်ရှ်ဖို့ဒ်ဘက်က ထောက်ခံခဲ့ပြီး ပေါင် ၂၅၀၀၀လှူဒါန်းထားပါသေးတယ်။

လီဗာပူးနည်းပြ ကလော့ပ်က “သူ့ရဲ့ အမေကတော့ သူ့သားရဲ့ လုပ်ရပ်တွေအတွက် အရမ်းကို ဂုဏ်ယူနေမှာပါပဲ။ ကျွန် တော့်အနေနဲ့ သူ့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုမရှိသလို လူချင်းလည်းမသိပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကိုတော့သိနေပြီး ကောင်းမွန်တဲ့လုပ် ဆောင်မှုတွေဆိုတာ လက်ခံပါတယ်”လို့ ပြောကြားခဲ့တာပါ။

အသက်(၂၂)နှစ်ပဲ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ဗြိတိန်အစိုးရက နှစ်စဉ်ချီးမြင့်ပေးအပ်တဲ့ သူကောင်းပြုဘွဲ့တစ်ခုဖြစ်တဲ့ MBE ဘွဲ့ကို ရရှိထားခဲ့တဲ့သူပါ။

ဗြိတိန်တော်ဝင်မိသားစုက ပေးအပ်ချီးမြင့်မယ့် အခမ်းအနားကို သူ့ရဲ့ မိခင်ဖြစ်သူကိုပါ ခေါ်သွားခွင့်ရမှာဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ်တစ်ယောက် ပျော်ရွှင်ကျေနပ်နေတယ်လို့လည်း သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ တုန်းကလည်း ဗြိတိန်တစ်ဝှမ်းမှာရှိတဲ့ အိမ်ခြေယာမဲ့သူတွေအတွက် အစားအသောက် သေတ္တာပုံး(၃၀၀)လှူဒါန်းခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ငယ္ငယ္ရြယ္ရြယ္နဲ႔ စိတ္ထားမြန္ျမတ္ၿပီး ေကာင္းက်ဳိးေဆာင္ရြက္ေနတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ အစားအေသာက္အခမဲ့အစီအစဥ္ကို ၀န္းရံသူ သိန္းခ်ီရွိလာခဲ့

ၿပီးခဲ့တဲ့ လိုက္ပ္ဇစ္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့သလို ပင္နယ္တီကန္သြင္းခြင့္ကိုလည္း ဂိုးမရခဲ့တဲ့ အသင္ေဖာ္ မာရွယ္ကို ေပးကန္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ လက္ရွိသူလုပ္ေဆာင္ေနတဲ့ ၿဗိတိန္ကေလးေတြရဲ႕ အစီအစဥ္အတြက္လည္း ခ်ီးက်ဴးခံေနရပါတယ္။

မားကပ္စ္ရက္ရွ္ဖို႔ဒ္ ဟာ အဂၤလန္မွာ ရွိတဲ့ ေက်ာင္းေနအရြယ္ ကေလးငယ္ေတြကို ၂၀၂၁ ခုႏွစ္ Easter holiday အထိ အစားအေသာက္ေထာက္ပံ့ေပးဖို႕ အဂၤလန္ အစိုးရကိုေတာင္းဆိုတဲ့ ကမ္ပိန္းတခုျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အဂၤလန္ အစိုးရက ဒီ ေတာင္းဆိုခ်က္ကို မဲခြဲဆုံးျဖတ္ခဲ့ရာမွာ ရလဒ္မျပည့္မီခဲ့တာေၾကာင့္ ပယ္ခ်ခဲ့ပါတယ္။

ဒါေပမယ့္ လႊတ္ေတာ္မွာ အဆိုပါေတာင္းဆိုခ်က္ပယ္ခ်ခံရၿပီးေနာက္မွာေတာ့ အဂၤလန္ တဝွမ္းမွာရွိတဲ့ စားေသာက္ဆိုင္ေတြက ရက္ရွ္ဖို႔ဒ္ ႏွင့္အတူရပ္တည္ခဲ့ၿပီး ကေလးငယ္ေတြကို အခမဲ့အစားအေသာက္ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း ေၾကျငာခ်က္အသီးသီးထုတ္ျပန္ခဲ့ၾကပါတယ္။

ရက္ရွ္ဖို႔ဒ္ ရဲ႕ twitter အေကာင့္မွာလည္း ေျမာက္မ်ားစြာေသာ စားေသာက္ဆိုင္စာရင္း ေတြကို တခုျခင္းစီ retweet ျပန္လုပ္ေပးထားၿပီး ရက္ရွ္ဖို႔ဒ္ ကိုလည္း အဂၤလန္ တဝွမ္းလုံးက စားေသာက္ဆိုင္ေတြက ဂုဏ္ယူစြာနဲ႔ ခ်ီးက်ဴးေထာက္ခံေနၾကၿပီး အတူတကြရပ္တည္ေပးေနၾကတာကို ေတြ႕ရပါတယ္။

တစ္ကမၻာ လံုးကို ရိုက္ခိုက္ေနတဲ့ ကိုဗစ္ကာလမွာ ရက္ရွ္ဖို႔ဒ္ဟာ ေက်ာင္းေတြမွာ ကေလးငယ္ေတြအတြက္ အစားအေသာက္အခမဲ့အစီအစဥ္ကို ဦးေဆာင္လႈပ္ရွား ေနတာျဖစ္ၿပီး ၿဗိတိန္အစိုးရပိုင္းက ဒါကို အေထာင္အထည္ေဖာ္ဖို႔ လႊတ္ေတာ္နဲ႔ အစိုးရအၾကား ေဘာ္လီေဘာပုတ္ေနၾကတာေၾကာင့္ အခုဆိုရင္ ရက္ရွ္ဖို႔ဒ္ရဲ႕ အစီ အစဥ္ဟာ ကမ့္ပိန္းတစ္ခုအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

ဒီကမ့္ပိန္းအတြက္ ၿဗိတိန္ ႏိုင္ငံတစ္၀ွမ္းမွာ အစိုးရဆီကို လက္မွတ္ေရးထိုးေတာင္းဆိုသူအေရအတြက္ သိန္းခ်ီျဖစ္လာခဲ့ၿပီပဲျဖစ္ပါတယ္။

ေဘာလံုးေလာကထဲက လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္နဲ႔ ၀က္ဖို႔ဒ္တိုက္စစ္မွဴး ဒီေနးတို႔ကလည္း မီဒီယာေတြကို ရက္ရွ္ဖို႔ဒ္ဘက္က ေထာက္ခံစကားေတြ လူသိရွင္ၾကား ေျပာၾကားထားပါတယ္။ လိဒ္ယူႏိုက္တက္ကလည္း သူတို႕ အသင္းက ကစားသမားေတြက ရက္ရွ္ဖို႔ဒ္ဘက္က ေထာက္ခံခဲ့ၿပီး ေပါင္ ၂၅၀၀၀လွဴဒါန္းထားပါေသးတယ္။

လီဗာပူးနည္းျပ ကေလာ့ပ္က “သူ႕ရဲ႕ အေမကေတာ့ သူ႔သားရဲ႕ လုပ္ရပ္ေတြအတြက္ အရမ္းကို ဂုဏ္ယူေနမွာပါပဲ။ ကၽြန္ ေတာ့္အေနနဲ႔ သူ႔ကို ပုဂၢိဳလ္ေရးဆိုင္ရာ ရင္းႏွီးမႈမရွိသလို လူခ်င္းလည္းမသိေပမယ့္ သူ႕ရဲ႕ လုပ္ရပ္ေတြကိုေတာ့သိေနၿပီး ေကာင္းမြန္တဲ့လုပ္ ေဆာင္မႈေတြဆိုတာ လက္ခံပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။

အသက္(၂၂)ႏွစ္ပဲ ရွိေသးတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းကပဲ ၿဗိတိန္အစိုးရက ႏွစ္စဥ္ခ်ီးျမင့္ေပးအပ္တဲ့ သူေကာင္းျပဳဘြဲ႕တစ္ခုျဖစ္တဲ့ MBE ဘြဲ႕ကို ရရွိထားခဲ့တဲ့သူပါ။

ၿဗိတိန္ေတာ္၀င္မိသားစုက ေပးအပ္ခ်ီးျမင့္မယ့္ အခမ္းအနားကို သူ႕ရဲ႕ မိခင္ျဖစ္သူကိုပါ ေခၚသြားခြင့္ရမွာျဖစ္တာေၾကာင့္ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ေပ်ာ္ရႊင္ေက်နပ္ေနတယ္လို႔လည္း သိရပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ တုန္းကလည္း ၿဗိတိန္တစ္၀ွမ္းမွာရွိတဲ့ အိမ္ေျခယာမဲ့သူေတြအတြက္ အစားအေသာက္ ေသတၱာပံုး(၃၀၀)လွဴဒါန္းခဲ့ပါေသးတယ္။