ငါးခုမြောက် ဟိုတယ်ကို ဖွင့်လှစ်ပြီး ငွေတိုက်ကို ချဲ့လိုက်ပြန်ပြီဖြစ်တဲ့ ရော်နယ်ဒို

ထိပ်တန်းကစားသမားရော်နယ်ဒိုကတော့ ကွင်းအတွင်း ခြေစွမ်းပြဖို့ ကြိုးစားသလို၊

ကွင်းပြင်ပ စီးပွားရေး လုပ်ငန်း အောင်မြင်ဖို့လည်း လုံ့လ စိုက်ပါတယ်။

အခုဆိုရင် ဒိုလေးဟာ ငါးခုမြောက် ဟိုတယ်ကို ဖွင့်လှစ်ပြီး

ငွေတိုက်ကို ချဲ့လိုက်ပြန်ပါပြီ။ ကစားသမားဘဝကနေ အနားယူချိန်မှာ

မတောင့်မတ ဖြစ်စေဖို့စီးပွားရေးခြေလှမ်းတွေ ထပ်လှမ်းထားတာပါ။

ရော်နယ်ဒိုဟာ မော်ရိုကိုနိုင်ငံ မြို့တော် မာရာကက်ချ်မှာ

Pestana CR7 Lifestyle ဟိုတယ်ကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး၊

ရော်နယ်ဒိုရဲ့ အဆင့်မြင့်ဟိုတယ်မှာ အခန်းပေါင်း ၁၇၄ ခန်း၊ spa၊

စီးပွားရေးစင်တာ၊ ရေကူးကန်နဲ့ အားကစားရုံတို့ ပါဝင်ပြီး

အခန်းတစ်ခန်းကို တစ်ည မြန်မာငွေ ၄ သိန်းကနေ

၉ သိန်းဝန်းကျင်အထိ ကျသင့်မှာဖြစ်ပါတယ်။

ဟိုတယ်ခေါင်မိုးပေါ်က ရေကူးကန်ဟာ Atlas တောင်ရှုခင်းတွေကို

မြင်ကွင်းကျယ် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဘဝကို ချည်းကပ်ခြင်း လို့ ဆိုရမယ့်

အထူးစားသောက်ဖွယ်စာရင်းလည်း ပါဝင်ပါတယ်။

အဲ့ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ သောက်စရာတွေပဲ ဖြစ်ပါတယ်။

ဟိုတယ်အတွက် တည်းခိုနိုင်ဖို့ကို အွန်လိုင်းကနေစာရင်းသွင်းနိုင်နေပြီလည်း ဖြစ်ပါတယ်။

“ကျွန်တော် ပါစ်တာနာအုပ်စုနဲ့ လက်တွဲပြီး ၂၀၁၆ ခုနှစ်က ပထမဆုံး

ဟိုတယ်ဖွင့်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ

နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်အောင် တည်ဆောက်ဖို့ပါ။”

“လစ္စဘွန်းမှာ ပထမဆုံးဟိုတယ်ဖွင့်ပြီး ၊ ကျွန်တော်မြို့ မက်ဒီရာမှာ

ဒုတိယဟိုတယ်ဖွင့်တယ် ပြီးတော့ နယူးရောက် ၊ မက်ဒရစ် မှာ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

အခု တစ်ခုက ငါးခုမြောက်ဟိုတယ်ပါ။ ဒါပေမယ့် ဒါက ကိန်းဂဏန်းတစ်ခုပါပဲ။

ကျွန်တော့်ရဲ့ ကော်နက်ရှင်ကို နိုင်ငံတစ်ခုကို ဖြန့်ကျက်ပြီး

အားလုံးကို ကြိုဆိုတယ်ဆိုတာ ခံစားရစေချင်တဲ့

ကျွန်တော့်စိတ်ရင်းကို ပြချင်တာပါ။ “လို့ ရော်နယ်ဒိုက ဆိုပါတယ်။

zawgyi

ငါးခုေျမာက္ ဟိုတယ္ကို ဖြင့္လွစ္ၿပီး ေငြတိုက္ကို ခ်ဲ႕လိုက္ျပန္ၿပီျဖစ္တဲ့ ေရာ္နယ္ဒို

ထိပ္တန္းကစားသမားေရာ္နယ္ဒိုကေတာ့ ကြင္းအတြင္း ေျခစြမ္းျပဖို႔ ႀကိဳးစားသလို၊

ကြင္းျပင္ပ စီးပြားေရး လုပ္ငန္း ေအာင္ျမင္ဖို႔လည္း လုံ႔လ စိုက္ပါတယ္။

အခုဆိုရင္ ဒိုေလးဟာ ငါးခုေျမာက္ ဟိုတယ္ကို ဖြင့္လွစ္ၿပီး

ေငြတိုက္ကို ခ်ဲ႕လိုက္ျပန္ပါၿပီ။ ကစားသမားဘဝကေန အနားယူခ်ိန္မွာ

မေတာင့္မတ ျဖစ္ေစဖို႔စီးပြားေရးေျခလွမ္းေတြ ထပ္လွမ္းထားတာပါ။

ေရာ္နယ္ဒိုဟာ ေမာ္႐ိုကိုႏိုင္ငံ ၿမိဳ႕ေတာ္ မာရာကက္ခ်္မွာ

Pestana CR7 Lifestyle ဟိုတယ္ကို ဖြင့္လွစ္လိုက္တာျဖစ္ၿပီး၊

ေရာ္နယ္ဒိုရဲ႕ အဆင့္ျမင့္ဟိုတယ္မွာ အခန္းေပါင္း ၁၇၄ ခန္း၊ spa၊

စီးပြားေရးစင္တာ၊ ေရကူးကန္နဲ႔ အားကစား႐ုံတို႔ ပါဝင္ၿပီး

အခန္းတစ္ခန္းကို တစ္ည ျမန္မာေငြ ၄ သိန္းကေန

၉ သိန္းဝန္းက်င္အထိ က်သင့္မွာျဖစ္ပါတယ္။

ဟိုတယ္ေခါင္မိုးေပၚက ေရကူးကန္ဟာ Atlas ေတာင္ရႈခင္းေတြကို

ျမင္ကြင္းက်ယ္ ၾကည့္ရႈခံစားႏိုင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုရဲ႕ ဘဝကို ခ်ည္းကပ္ျခင္း လို႔ ဆိုရမယ့္

အထူးစားေသာက္ဖြယ္စာရင္းလည္း ပါဝင္ပါတယ္။

အဲ့ဒါကေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာနဲ႔ ေသာက္စရာေတြပဲ ျဖစ္ပါတယ္။

ဟိုတယ္အတြက္ တည္းခိုႏိုင္ဖို႔ကို အြန္လိုင္းကေနစာရင္းသြင္းႏိုင္ေနၿပီလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပါစ္တာနာအုပ္စုနဲ႔ လက္တြဲၿပီး ၂၀၁၆ ခုႏွစ္က ပထမဆုံး

ဟိုတယ္ဖြင့္စဥ္ကတည္းက ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ဟာ

ႏိုင္ငံတကာအမွတ္တံဆိပ္တစ္ခုျဖစ္ေအာင္ တည္ေဆာက္ဖို႔ပါ။”

“လစၥဘြန္းမွာ ပထမဆုံးဟိုတယ္ဖြင့္ၿပီး ၊ ကြၽန္ေတာ္ၿမိဳ႕ မက္ဒီရာမွာ

ဒုတိယဟိုတယ္ဖြင့္တယ္ ၿပီးေတာ့ နယူးေရာက္ ၊ မက္ဒရစ္ မွာ တိုးခ်ဲ႕ဖြင့္လွစ္ခဲ့ပါတယ္။

အခု တစ္ခုက ငါးခုေျမာက္ဟိုတယ္ပါ။ ဒါေပမယ့္ ဒါက ကိန္းဂဏန္းတစ္ခုပါပဲ။

ကြၽန္ေတာ့္ရဲ႕ ေကာ္နက္ရွင္ကို ႏိုင္ငံတစ္ခုကို ျဖန႔္က်က္ၿပီး

အားလုံးကို ႀကိဳဆိုတယ္ဆိုတာ ခံစားရေစခ်င္တဲ့

ကြၽန္ေတာ့္စိတ္ရင္းကို ျပခ်င္တာပါ။ “လို႔ ေရာ္နယ္ဒိုက ဆိုပါတယ္။