
ဗီလာဟာရလဒ်ဆိုးရွားနေမှုကြောင့်နည်းပြဒိန်းစမစ်ကိုရာထူးမှထုတ်ပယ်လိုက်ပြီ
ဖြစ်ပါတယ်။ဗီလာဟာသောကြာနေ့တုန်းကဆောက်သမ်တန်ကိုရှုံးနိမ့်ကာ
ငါးပွဲဆက်အရှုံးနှင့်ကြုံရပြီးနောက်တန်းဆင်းဇုန်နှင့်၂မှတ်အကွာသို့
ရောက်လာမှုနဲ့အတူနည်းပြဒိန်းစမစ်ကိုထုတ်ပယ်ရန်ဆုံးဖြတ်လိုက်တာလည်း
ဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ဗီလာနည်းပြရာထူးအတွက်ဒိန်းမတ်လက်ရွေးစင်အသင်း
နည်းပြကက်စ်ပါဟူမန်း၊ဗီလာလက်ထောက်နည်းပြဟောင်းဂျွန်တယ်ရီ၊
ချဲလ်ဆီးနည်းပြဟောင်းဖရန့်လမ်းပတ်နှင့်ရိုးမားနည်းပြဟောင်းဖွန်ဆီကာတို့က
ထိပ်ဆုံးမှရေပန်းစားနေပါတယ်။
ဗီလာအမာခံပရိသတ်ဒိန်းစမစ်ဟာ၂၀၁၈ခုနှစ်၊အောက်တိုဘာလတွင်ဗီလာနည်းပြ
ဖြစ်လာပြီးနောက်ပထမဆုံးရာသီတွင်ပလေးအော့ဖ်မှတစ်ဆင့်ပရီးမီးယားလိဂ်သို့
တက်ရောက်နိုင်အောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာပရီးမီးယားလိဂ်တွင်နှစ်ရာသီကြာရှင်သန်နိုင်အောင်ဦးဆောင်ခဲ့တဲ့အပြင်
ခါရာဘောင်ဖလားဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်ဒိန်းစမစ်ဟာနွေရာသီတုန်းကဂျက်ဂရဲလ်လစ်ရှ်ကိုမန်စီးတီးသို့
ပေါင်သန်း၁၀ဖြင့်ရောင်းချခဲ့ရပြီးနောက်ယခုရာသီတွင်ရလဒ်ကောင်းရယူနိုင်ရန်
ရုန်းကန်ခဲ့ရပါတယ်။
ဗီလာဟာဒိန်းစမစ်ကိုထုတ်ပယ်ချိန်တွင်နိုင်ငံတကာပွဲကာလသို့ရောက်နေမှုနဲ့တူ
နည်းပြသစ်ခန့်အပ်နိုင်ရေးအတွက်အချိန်နှစ်ပတ်အထိရရှိလာပါမယ်။
ဗီလာဟာလာမယ့်ပွဲလေးပွဲအဖြစ်ခရစ္စတယ်ပဲလေ့စ်၊မန်စီးတီး၊လက်စတာ၊
လီဗာပူးတို့နှင့်ရင်ဆိုင်ကစားရပါမယ်။
ဗီလာမတိုင်မီနော့ဝှစ်ချ်အသင်းဟာလည်းယနေ့အစောပိုင်းတုန်းကယခုရာသီ
ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူပေးပြီးနောက်နည်းပြဒါနီရယ်ဖာကီကို
ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
Zawgyi
ငါးပြဲဆက္အရႈံးႏွင့္ႀကဳံရၿပီးေနာက္ နည္းျပဒိန္းစမစ္ကို ဗီလာထုတ္ပယ္
ဗီလာဟာရလဒ္ဆိုး႐ြားေနမႈေၾကာင့္နည္းျပဒိန္းစမစ္ကိုရာထူးမွထုတ္ပယ္လိုက္ၿပီ
ျဖစ္ပါတယ္။ဗီလာဟာေသာၾကာေန႔တုန္းကေဆာက္သမ္တန္ကိုရႈံးနိမ့္ကာ
ငါးပြဲဆက္အရႈံးႏွင့္ႀကဳံရၿပီးေနာက္တန္းဆင္းဇုန္ႏွင့္၂မွတ္အကြာသို႔
ေရာက္လာမႈနဲ႔အတူနည္းျပဒိန္းစမစ္ကိုထုတ္ပယ္ရန္ဆုံးျဖတ္လိုက္တာလည္း
ျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ဗီလာနည္းျပရာထူးအတြက္ဒိန္းမတ္လက္ေ႐ြးစင္အသင္း
နည္းျပကက္စ္ပါဟူမန္း၊ဗီလာလက္ေထာက္နည္းျပေဟာင္းဂြၽန္တယ္ရီ၊
ခ်ဲလ္ဆီးနည္းျပေဟာင္းဖရန႔္လမ္းပတ္ႏွင့္႐ိုးမားနည္းျပေဟာင္းဖြန္ဆီကာတို႔က
ထိပ္ဆုံးမွေရပန္းစားေနပါတယ္။
ဗီလာအမာခံပရိသတ္ဒိန္းစမစ္ဟာ၂၀၁၈ခုႏွစ္၊ေအာက္တိုဘာလတြင္ဗီလာနည္းျပ
ျဖစ္လာၿပီးေနာက္ပထမဆုံးရာသီတြင္ပေလးေအာ့ဖ္မွတစ္ဆင့္ပရီးမီးယားလိဂ္သို႔
တက္ေရာက္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
သူဟာပရီးမီးယားလိဂ္တြင္ႏွစ္ရာသီၾကာရွင္သန္ႏိုင္ေအာင္ဦးေဆာင္ခဲ့တဲ့အျပင္
ခါရာေဘာင္ဖလားဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ဒိန္းစမစ္ဟာေႏြရာသီတုန္းကဂ်က္ဂရဲလ္လစ္ရွ္ကိုမန္စီးတီးသို႔
ေပါင္သန္း၁၀ျဖင့္ေရာင္းခ်ခဲ့ရၿပီးေနာက္ယခုရာသီတြင္ရလဒ္ေကာင္းရယူႏိုင္ရန္
႐ုန္းကန္ခဲ့ရပါတယ္။
ဗီလာဟာဒိန္းစမစ္ကိုထုတ္ပယ္ခ်ိန္တြင္ႏိုင္ငံတကာပြဲကာလသို႔ေရာက္ေနမႈနဲ႔တူ
နည္းျပသစ္ခန႔္အပ္ႏိုင္ေရးအတြက္အခ်ိန္ႏွစ္ပတ္အထိရရွိလာပါမယ္။
ဗီလာဟာလာမယ့္ပြဲေလးပြဲအျဖစ္ခရစၥတယ္ပဲေလ့စ္၊မန္စီးတီး၊လက္စတာ၊
လီဗာပူးတို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။
ဗီလာမတိုင္မီေနာ့ဝွစ္ခ်္အသင္းဟာလည္းယေန႔အေစာပိုင္းတုန္းကယခုရာသီ
ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရယူေပးၿပီးေနာက္နည္းျပဒါနီရယ္ဖာကီကို
ရာထူးမွထုတ္ပယ္ခဲ့ပါတယ္။