
မန်စီးတီးစတားဂျက်ဂရဲလ်လစ်ရှ်ဟာအီမီလီအတက်ခ်နှင့်
ဆာရှာအက်ဝုဒ်တို့အကြားမည်သူ့ကိုမျှပြတ်ပြတ်သားသားရွေးချယ်မှု
မပြုလုပ်ဘဲနှစ်ဦးလုံးနှင့် တပြိုင်တည်းဆက်တွဲသွားပါဦးမယ်။
မန်စီးတီးစတားဟာဆယ်စုနှစ်တစ်ခုကြာချစ်ကြိုက်လာတဲ့ငယ်ချစ်
ဆာရှာအက်ဝုဒ်မှာမော်ဒယ်အလုပ်များပြန်လုပ်နေစဉ်အတွင်း
မင်းသမီးအီမီလီအတက်ခ်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။
ယင်းသတင်းပေါက်ကြားလာပြီးနောက်ဆာရှာအက်ဝုဒ်နှင့်
အီမီလီအတက်ခ်တို့က၎င်းတို့နှစ်ဦးမှတစ်ဦးကိုပြတ်ပြတ်သားသား
ရွေးချယ်ရန်ဂျက်ဂရဲလ်လစ်ရှ်ကိုဖိအားပေးခဲ့ကြပါတယ်။
ဒါပေမယ့်မန်စီးတီးစတားဟာ၎င်းတို့ရဲ့ဖိအားပေးမှုကိုဂရုမစိုက်ဘဲ
နှစ်ဦးလုံးနှင့်ဆက်တွဲနေပါတယ်။အထူးသဖြင့်အင်္ဂလန်လက်ရွေးစင်ဟာ
အီမီလီအတက်ခ်အပေါ်သံယောဇဉ်မပြတ်နိုင်ဖြစ်နေတာလည်းဖြစ်ပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်နဲ့နီးစပ်သူတစ်ဦးက “ဆာရှာနဲ့အတူနေဖို့ဂျက်ကို
အကြံပေးထားကြပါတယ်။ဒါပေမယ့်သူကအီမီလီကိုမပြတ်နိုင်ဘဲ
စိတ်ဝင်စားနေတုန်းပါ။သူကဆာရှာကသူတို့ကသူငယ်ချင်းတွေသာ
ဖြစ်တယ်လို့ပြောထားတယ်။ဒါပေမယ့်ထင်သလိုမဖြစ်လာခဲ့ဘူး။
ဂျက်အနေနဲ့တစ်ခုခုတော့လုပ်ရပါတော့မယ်”လို့ပြောကြားသွားပါတယ်။
တကယ်တော့ဂျက်ဂရဲလ်လစ်ရှ်ဟာဆာရှာရဲ့နောက်ကွယ်မှာ
အီမီလီအတက်ခ်နှင့်သာတွဲခဲ့တာမဟုတ်ပါဘူး။သူဟာအီမီလီအတက်ခ်နှင့်
မတွေ့မီ Love Island စတားအမ်ဘာဂီးလ်နှင့်လည်းတွဲခဲ့ပါသေးတယ်။
ဂျက်ဂရဲလ်လစ်ရှ်နှင့်အမ်ဘာဂီးလ်တို့ဟာအွန်လိုင်းတွင်တွေ့ဆုံပြီးနောက်
ဟိုတယ်တွင်အကြိမ်ကြိမ်ချိန်းတွေ့ခဲ့ကြပြီးလည်းဖြစ်ပါတယ်။
zawgyi
ငါးရံ ႏွစ္ေကာင္ဖမ္းခ်င္ေနတဲ့ ဂရဲလ္လစ္ရွ္နဲ႔ သူတို႔ႏွစ္ေယာက္ ဇာတ္လမ္း
မန္စီးတီးစတားဂ်က္ဂရဲလ္လစ္ရွ္ဟာအီမီလီအတက္ခ္ႏွင့္
ဆာရွာအက္ဝုဒ္တို႔အၾကားမည္သူ႔ကိုမွ်ျပတ္ျပတ္သားသားေ႐ြးခ်ယ္မႈ
မျပဳလုပ္ဘဲႏွစ္ဦးလုံးႏွင့္ တၿပိဳင္တည္းဆက္တြဲသြားပါဦးမယ္။
မန္စီးတီးစတားဟာဆယ္စုႏွစ္တစ္ခုၾကာခ်စ္ႀကိဳက္လာတဲ့ငယ္ခ်စ္
ဆာရွာအက္ဝုဒ္မွာေမာ္ဒယ္အလုပ္မ်ားျပန္လုပ္ေနစဥ္အတြင္း
မင္းသမီးအီမီလီအတက္ခ္ႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။
ယင္းသတင္းေပါက္ၾကားလာၿပီးေနာက္ဆာရွာအက္ဝုဒ္ႏွင့္
အီမီလီအတက္ခ္တို႔က၎တို႔ႏွစ္ဦးမွတစ္ဦးကိုျပတ္ျပတ္သားသား
ေ႐ြးခ်ယ္ရန္ဂ်က္ဂရဲလ္လစ္ရွ္ကိုဖိအားေပးခဲ့ၾကပါတယ္။
ဒါေပမယ့္မန္စီးတီးစတားဟာ၎တို႔ရဲ႕ဖိအားေပးမႈကိုဂ႐ုမစိုက္ဘဲ
ႏွစ္ဦးလုံးႏွင့္ဆက္တြဲေနပါတယ္။အထူးသျဖင့္အဂၤလန္လက္ေ႐ြးစင္ဟာ
အီမီလီအတက္ခ္အေပၚသံေယာဇဥ္မျပတ္ႏိုင္ျဖစ္ေနတာလည္းျဖစ္ပါတယ္။
ဂ်က္ဂရဲလ္လစ္ရွ္နဲ႔နီးစပ္သူတစ္ဦးက “ဆာရွာနဲ႔အတူေနဖို႔ဂ်က္ကို
အႀကံေပးထားၾကပါတယ္။ဒါေပမယ့္သူကအီမီလီကိုမျပတ္ႏိုင္ဘဲ
စိတ္ဝင္စားေနတုန္းပါ။သူကဆာရွာကသူတို႔ကသူငယ္ခ်င္းေတြသာ
ျဖစ္တယ္လို႔ေျပာထားတယ္။ဒါေပမယ့္ထင္သလိုမျဖစ္လာခဲ့ဘူး။
ဂ်က္အေနနဲ႔တစ္ခုခုေတာ့လုပ္ရပါေတာ့မယ္”လို႔ေျပာၾကားသြားပါတယ္။
တကယ္ေတာ့ဂ်က္ဂရဲလ္လစ္ရွ္ဟာဆာရွာရဲ႕ေနာက္ကြယ္မွာ
အီမီလီအတက္ခ္ႏွင့္သာတြဲခဲ့တာမဟုတ္ပါဘူး။သူဟာအီမီလီအတက္ခ္ႏွင့္
မေတြ႕မီ Love Island စတားအမ္ဘာဂီးလ္ႏွင့္လည္းတြဲခဲ့ပါေသးတယ္။
ဂ်က္ဂရဲလ္လစ္ရွ္ႏွင့္အမ္ဘာဂီးလ္တို႔ဟာအြန္လိုင္းတြင္ေတြ႕ဆုံၿပီးေနာက္
ဟိုတယ္တြင္အႀကိမ္ႀကိမ္ခ်ိန္းေတြ႕ခဲ့ၾကၿပီးလည္းျဖစ္ပါတယ္။