ငြိမ်းချမ်းရေးအတွက်ကြိုးစားနေတယ်ဆိုတဲ့ ချဲလ်ဆီးပိုင်ရှင် မိုဗစ်ချ်

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို

ငြိမ်ချမ်းစွာအဆုံးသတ်နိုင်ဖို့ ကြားဝင်ကြိုးစားပေးနေကြောင်း သူ့ပြောရေးဆိုခွင့်ရှိသူရဲ့

ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

ရုရှားသမ္မတပူတင်ရဲ့တပ်တွေက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း

အဲဒီရုရှားဘီလျံနာဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဗြိတန်က ပါလီမန်အမတ်အချို့ကဆိုရင် ပူတင်အစိုးရရဲ့ကျောထောက်နောက်ခံ

တစ်ယောက်ဆိုပြီး မိုဗစ်ချ်ကို ပိတ်ပင်မှုတွေလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီချဲလ်ဆီးအသင်းပိုင်ရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က

”ငြိမ်းချမ်းရေးအဖြေရှာနိုင်ဖို့အတွက် ယူကရိန်းဘက်က ရိုမန်အေဘရာမိုဗစ်ချ်ကို

ဆက်သွယ်လာတယ်လို့ ကျွန်တော်အတည်ပြုနိုင်ပါတယ်။ အဲဒီကတည်းက

သူဟာ ကူညီပေးနိုင်ဖို့ ကြိုးစားနေတာပါ။ လက်ရှိအခြေအနေရော

သူ့ရဲ့ပါဝင်ပတ်သက်မှုပါ ကျွန်တော်တို့ဘာကြောင့် မပြောနိုင်သလဲဆိုတာ

နားလည်ပေးဖို့ တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာမိုဗစ်ချ်ကို ကြားဝင်ကူညီပေးဖို့ ကမ်းလှမ်းမှုလုပ်ခဲ့တာက

ယူကရိန်းရုပ်ရှင်ထုတ်လုပ်သူအလက်ဇန်းဒါးရော့နီယာစကီးလို့ သိရပါတယ်။

ဒီနေရာမှာ မိုဗစ်ချ်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေသလဲဆိုတောကတော့

အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပါဘူး။

မကြာသေးခင်ကပဲ အေဘရာမိုဗစ်ချ်ဟာ

ချဲလ်ဆီးက သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို အသင်းရဲ့ရန်ပုံငွေအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

သူ့ကြောင့် ချဲလ်ဆီးအသင်းအပေါ် ရိုက်ခက်မှုရှိလာနိုင်တဲ့အတွက် မိုဗစ်ချ်က

အခုလို လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်

ဆက်ရှိနေမှာဖြစ်သလို အသင်းကို ငွေရေးကြေးရေးအရ ဆက်လက်ထောက်ပံ့နိုင်ဦးမှာပါ။

Zawgyi

ၿငိမ္းခ်မ္းေရးအတြက္ႀကိဳးစားေနတယ္ဆိုတဲ့ ခ်ဲလ္ဆီးပိုင္ရွင္ မိုဗစ္ခ်္

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့စစ္ပြဲကို

ၿငိမ္ခ်မ္းစြာအဆုံးသတ္ႏိုင္ဖို႔ ၾကားဝင္ႀကိဳးစားေပးေနေၾကာင္း သူ႔ေျပာေရးဆိုခြင့္ရွိသူရဲ႕

ထုတ္ေဖာ္ေျပာၾကားခ်က္အရ သိရပါတယ္။

႐ုရွားသမၼတပူတင္ရဲ႕တပ္ေတြက ယူကရိန္းကို က်ဴးေက်ာ္ၿပီးေနာက္ပိုင္း

အဲဒီ႐ုရွားဘီလ်ံနာဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာပါ။
ၿဗိတန္က ပါလီမန္အမတ္အခ်ိဳ႕ကဆိုရင္ ပူတင္အစိုးရရဲ႕ေက်ာေထာက္ေနာက္ခံ

တစ္ေယာက္ဆိုၿပီး မိုဗစ္ခ်္ကို ပိတ္ပင္မႈေတြလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အဲဒီခ်ဲလ္ဆီးအသင္းပိုင္ရွင္ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က

”ၿငိမ္းခ်မ္းေရးအေျဖရွာႏိုင္ဖို႔အတြက္ ယူကရိန္းဘက္က ႐ိုမန္ေအဘရာမိုဗစ္ခ်္ကို

ဆက္သြယ္လာတယ္လို႔ ကြၽန္ေတာ္အတည္ျပဳႏိုင္ပါတယ္။ အဲဒီကတည္းက

သူဟာ ကူညီေပးႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ လက္ရွိအေျခအေနေရာ

သူ႔ရဲ႕ပါဝင္ပတ္သက္မႈပါ ကြၽန္ေတာ္တို႔ဘာေၾကာင့္ မေျပာႏိုင္သလဲဆိုတာ

နားလည္ေပးဖို႔ ေတာင္းဆိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
မစၥတာမိုဗစ္ခ်္ကို ၾကားဝင္ကူညီေပးဖို႔ ကမ္းလွမ္းမႈလုပ္ခဲ့တာက

ယူကရိန္း႐ုပ္ရွင္ထုတ္လုပ္သူအလက္ဇန္းဒါးေရာ့နီယာစကီးလို႔ သိရပါတယ္။

ဒီေနရာမွာ မိုဗစ္ခ်္က ဘယ္လိုအခန္းက႑က ပါဝင္ေနသလဲဆိုေတာကေတာ့

အေသးစိတ္ေဖာ္ျပျခင္း မရွိခဲ့ပါဘူး။ မၾကာေသးခင္ကပဲ ေအဘရာမိုဗစ္ခ်္ဟာ

ခ်ဲလ္ဆီးက သူ႔ရဲ႕လုပ္ပိုင္ခြင့္ေတြကို အသင္းရဲ႕ရန္ပုံေငြအဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ပါတယ္။

သူ႔ေၾကာင့္ ခ်ဲလ္ဆီးအသင္းအေပၚ ႐ိုက္ခက္မႈရွိလာႏိုင္တဲ့အတြက္ မိုဗစ္ခ်္က

အခုလို လုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္အျဖစ္

ဆက္ရွိေနမွာျဖစ္သလို အသင္းကို ေငြေရးေၾကးေရးအရ ဆက္လက္ေထာက္ပံ့ႏိုင္ဦးမွာပါ။