ငွေဆိုတဲ့ရေရွတ်သံတွေကို သတ္တိရှိရှိငြင်းပယ်ပြခဲ့တာလား တာစတီဂန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ငွေဆိုတာလူတိုင်းကြိုက်တဲ့အရာတစ်ခုဆိုတာမှန်ပေမယ့် ကိုယ် ကစားနေတဲ့ အသင်းတစ်သင်း အခက်တွေ့နေချိန်မှာတော့ ခံစားခွင့်တွေလျှော့ယူပြီး ပေးဆပ်ဖို့ တာစတီဂန်တို့ ဦးဆောင်ခဲ့ပါပြီ။ ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာရပ်တွေကြောင့် ငွေကြေးဆိုင်ရာထိခိုက်မှုတွေကြုံခဲ့ရသလို ဒီကပ်ဆိုးကြောင့် ယူရိုသန်း ၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်ကာလတွေတုန်းက အသင်းမှာရှိတဲ့ကစားသမားတွေဟာ လုပ်ခလစာငွေလျှော့ယူပြီး အသင်း ကြုံနေရတဲ့ ဘဏ္ဍာရေးဆိုင်ရာဖိအားတွေကို ဖြေလျော့နိုင်အောင် ကူညီခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ ဒီငွေကြေးပြဿနာတွေက ဆက်ရှိနေဆဲဖြစ် နေတာကြောင့် လာမယ့် ၂၀၂၁မှာ ကစားသမားတွေရဲ့လစာဝင်ငွေ ၃၀ ရာခိုင်နှုန်းကို လျှော့ချရေးအတွက် သဘောတူညီမှုရယူဖို့ ရည်ရွယ်လာခဲ့ပါ တယ်။

ဘာစီလိုနာအသင်းဘက်က ဒီလိုရည်မှန်းချက်တွေနဲ့ကြိုးပမ်းမှုတွေရှိလာခဲ့ပေမယ့် အသင်းသားတွေကတော့ ဒီလစာဝင်ငွေလျှော့ယူရေးကို သဘောမတူကြောင်း လက်မှတ်ထိုးပြီး ဆန့်ကျင်တဲ့ပုံစံမျိုးတွေလုပ်ဖို့ ရှိလာတာပါ။

ဘာစီလိုနာပထမအသင်းက ကစားသမားတွေအနေနဲ့ အသင်းရဲ့ရည်ရွယ်ချက်ကို ဆန့်ကျင်ကြောင်းလက်မှတ်ထိုးမှုမျိုးတွေရှိနေပေမယ့် ဒီဆန္ဒထုတ်ဖော် တဲ့ စာရွက်ထက်မှာ တာစတီဂန်အပြင် ဆာဂျီနိုဒက်စ်၊ လန်ဂလက်တို့ကတော့ လက်မှတ်ထိုးဖို့ငြင်းခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ကစားသမားတွေနဲ့ အသင်းအကြား လစာ ၂၀ ရာခိုင်နှုန်း‌လျှော့ချရေးအတွက် ဆွေးနွေးမှုသစ်ထပ်လုပ်နိုင်ဖို့ ကြံစည်နေတယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေငြဆိုတဲ့ေရ႐ြတ္သံေတြကို သတၱိရွိရွိျငင္းပယ္ျပခဲ့တာလား တာစတီဂန္

ေငြဆိုတာလူတိုင္းႀကိဳက္တဲ့အရာတစ္ခုဆိုတာမွန္ေပမယ့္ ကိုယ္ ကစားေနတဲ့ အသင္းတစ္သင္း အခက္ေတြ႕ေနခ်ိန္မွာေတာ့ ခံစားခြင့္ေတြေလွ်ာ့ယူၿပီး ေပးဆပ္ဖို႔ တာစတီဂန္တို႔ ဦးေဆာင္ခဲ့ပါၿပီ။ ဘာစီလိုနာအသင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာရပ္ေတြေၾကာင့္ ေငြေၾကးဆိုင္ရာထိခိုက္မႈေတြႀကဳံခဲ့ရသလို ဒီကပ္ဆိုးေၾကာင့္ ယူ႐ိုသန္း ၂၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့ရပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္ကာလေတြတုန္းက အသင္းမွာရွိတဲ့ကစားသမားေတြဟာ လုပ္ခလစာေငြေလွ်ာ့ယူၿပီး အသင္း ႀကဳံေနရတဲ့ ဘ႑ာေရးဆိုင္ရာဖိအားေတြကို ေျဖေလ်ာ့ႏိုင္ေအာင္ ကူညီခဲ့တာပါ။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ဒီေငြေၾကးျပႆနာေတြက ဆက္ရွိေနဆဲျဖစ္ ေနတာေၾကာင့္ လာမယ့္ ၂၀၂၁မွာ ကစားသမားေတြရဲ႕လစာဝင္ေငြ ၃၀ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ေရးအတြက္ သေဘာတူညီမႈရယူဖို႔ ရည္႐ြယ္လာခဲ့ပါ တယ္။

ဘာစီလိုနာအသင္းဘက္က ဒီလိုရည္မွန္းခ်က္ေတြနဲ႔ႀကိဳးပမ္းမႈေတြရွိလာခဲ့ေပမယ့္ အသင္းသားေတြကေတာ့ ဒီလစာဝင္ေငြေလွ်ာ့ယူေရးကို သေဘာမတူေၾကာင္း လက္မွတ္ထိုးၿပီး ဆန႔္က်င္တဲ့ပုံစံမ်ိဳးေတြလုပ္ဖို႔ ရွိလာတာပါ။ ဘာစီလိုနာပထမအသင္းက ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ရည္႐ြယ္ခ်က္ကို ဆန႔္က်င္ေၾကာင္းလက္မွတ္ထိုးမႈမ်ိဳးေတြရွိေနေပမယ့္ ဒီဆႏၵထုတ္ေဖာ္ တဲ့ စာ႐ြက္ထက္မွာ တာစတီဂန္အျပင္ ဆာဂ်ီႏိုဒက္စ္၊ လန္ဂလက္တို႔ကေတာ့ လက္မွတ္ထိုးဖို႔ျငင္းခဲ့ၾကပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္းမွာ ကစားသမားေတြနဲ႔ အသင္းအၾကား လစာ ၂၀ ရာခိုင္ႏႈန္း‌ေလွ်ာ့ခ်ေရးအတြက္ ေဆြးေႏြးမႈသစ္ထပ္လုပ္ႏိုင္ဖို႔ ႀကံစည္ေနတယ္လို႔လည္း သိရပါတယ္။