စကားအရာမှာ ဆရာကျတဲ့မော်ရင်ဟိုဟာ နိုဝင်ဘာလ အကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ပေမယ့် သူက ဒီဆုဟာ နည်းပြဆုမဟုတ်ဘူး…အကောင်းဆုံးအသင်းဆုပါဆိုပြီး အသင်းရဲ့စွမ်းရည်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ပါတယ်။ မော်ရင်ဟိုဟာ တော့တင်ဟမ်အသင်းကို နိုဝင်ဘာလမှာ ကစားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ချဲလ်ဆီးနဲ့ ၁ပွဲသာ သရေကျခဲ့ပါတယ်။

မော်ရင်ဟိုက သူ ပရီးမီးယားလိဂ် ၁လတာ အကောင်းဆုံး နည်းပြဆုကို လမ်းပတ်၊ မိုရက်စ်နဲ့ ဆိုးလ်ရှားတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပြီလို့ အင်စတာဂရန်ကနေ ကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကပေးတဲ့ တစ်လတာအကောင်းဆုံးဆုကို မော်ရင်ဟို ရရှိခဲ့တာ ဒီတစ်ခါအပါအဝင် (၄)ကြိမ်ရှိခဲ့ပါပြီ။

“ဒီဆုက တစ်လတာ အကောင်းဆုံး နည်းပြဆုလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အသင်းလိုက် အကောင်းဆုံးဆု၊ ဒါမှမဟုတ် ဝန်ထမ်းအကောင်းဆုံးဆု လိုပါပဲ။ ဒါတွေအားလုံးက ကျွန်တော့်နားမှာ ရှိခဲ့တဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ လက်ထောက်တွေ၊ အားကစားသိပ္ပံဝန်ထမ်းတွေ၊ သုံးသပ်သူတွေနဲ့ အခြားကြိုးစားခဲ့သူတွေအားလုံးကြောင့်ပါ”

“’ဒီဆုအတွက် ကျေးဇူးတင်ပေမဲ့ ဒါက တစ်လတာ အကောင်းဆုံး နည်းပြဆု မဟုတ်ပါဘူး။ အကောင်းဆုံး အသင်းဆုပါ”လို့ ရေးသားခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအစမှာ အဲဗာတန်ကို ရှုံးခဲ့ပြီးနောက်ပိုင်း ၁ပွဲမှ မရှုံးတော့ပဲ ယူရိုပါလိဂ်မှာသာ အန့်တ်ဝပ်ကို ၁ပွဲ ရှုံးခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး မော်ရင်ဟိုတစ်ယောက် လက်ရှိအရှိန်ကို ဆက်သယ်သွားဖို့ ကြိုးစားလာမှာသေချာပါတယ်။ ဒီလာမယ့် တနင်္ဂနွေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စကားအရာမွာ ဆရာက်တဲ့ေမာ္ရင္ဟိုဟာ ႏိုဝင္ဘာလ အေကာင္းဆံုးနည္းျပဆုကိုရရွိခဲ့ေပမယ့္ သူက ဒီဆုဟာ နည္းျပဆုမဟုတ္ဘူး…အေကာင္းဆံုးအသင္းဆုပါဆိုၿပီး အသင္းရဲ႕စြမ္းရည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေတာ့တင္ဟမ္နည္းျပ ဟိုေဆး ေမာ္ရင္ဟိုဟာ ႏို၀င္ဘာလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး နည္းျပဆုကို ဆြတ္ခူးခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ေတာ့တင္ဟမ္အသင္းကို ႏုိ၀င္ဘာလမွာ ကစားခဲ့တဲ့ ၄ပြဲမွာ ၃ပဲြႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့ျပီး ခ်ဲလ္ဆီးနဲ႔ ၁ပြဲသာ သေရက်ခဲ့ပါတယ္။

ေမာ္ရင္ဟိုက သူ ပရီးမီးယားလိဂ္ ၁လတာ အေကာင္းဆံုး နည္းျပဆုကို လမ္းပတ္၊ မုိရက္စ္နဲ႔ ဆုိးလ္ရွားတုိ႔ကို ေက်ာ္ျဖတ္ကာ ဆြတ္ခူးႏိုင္ခဲ့ျပီလုိ႔ အင္စတာဂရန္ကေန ေၾကညာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ကေပးတဲ့ တစ္လတာအေကာင္းဆံုးဆုကို ေမာ္ရင္ဟို ရရွိခဲ့တာ ဒီတစ္ခါအပါအဝင္ (၄)ၾကိမ္ရွိခဲ့ပါၿပီ။

“ဒီဆုက တစ္လတာ အေကာင္းဆံုး နည္းျပဆုလို႔ ေျပာတယ္။ ဒါေပမဲ့ ကြ်န္ေတာ့္အတြက္ေတာ့ အသင္းလိုက္ အေကာင္းဆံုးဆု၊ ဒါမွမဟုတ္ ၀န္ထမ္းအေကာင္းဆံုးဆု လိုပါပဲ။ ဒါေတြအားလံုးက ကြ်န္ေတာ့္နားမွာ ရွိခဲ့တဲ့ ကစားသမားေတြ၊ နည္းျပေတြ၊ လက္ေထာက္ေတြ၊ အားကစားသိပၸံ၀န္ထမ္းေတြ၊ သံုးသပ္သူေတြနဲ႔ အျခားၾကိဳးစားခဲ့သူေတြအားလံုးေၾကာင့္ပါ”

“’ဒီဆုအတြက္ ေက်းဇူးတင္ေပမဲ့ ဒါက တစ္လတာ အေကာင္းဆံုး နည္းျပဆု မဟုတ္ပါဘူး။ အေကာင္းဆံုး အသင္းဆုပါ”လို႔ ေရးသားခဲ့ပါတယ္။

ေတာ့တင္ဟမ္အသင္းဟာ ပရီးမီးယားလိဂ္ ရာသီအစမွာ အဲဗာတန္ကို ရႈံးခဲ့ျပီးေနာက္ပုိင္း ၁ပဲြမွ မရႈံးေတာ့ပဲ ယူရိုပါလိဂ္မွာသာ အန္႔တ္၀ပ္ကို ၁ပြဲ ရႈံးခဲ့ပါတယ္။

ေတာ့တင္ဟမ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ထိပ္ဆံုးေနရာမွာ ရပ္တည္ေနျပီး ေမာ္ရင္ဟိုတစ္ေယာက္ လက္ရွိအရွိန္ကို ဆက္သယ္သြားဖို႔ ၾကိဳးစားလာမွာေသခ်ာပါတယ္။ ဒီလာမယ့္ တနဂၤေႏြေန႔မွာေတာ့ ခရစၥတယ္ပဲေလ့စ္ကို အေ၀းကြင္းမွာ ရင္ဆုိင္ရမွာျဖစ္ပါတယ္။