
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ
ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားဖြစ်လာနေပြီဆိုတာကို
မာယော့ကာနဲ့ပွဲမှာသူ့ရဲ့လျင်မြန်ပြီး စကေးလ်ကောင်းတဲ့
လှုပ်ရှားမှုတွေနဲ့အတူ ပြသသွားခဲ့ပါတယ်။
သူဟာ မာယော့ကာကို ၃-၀ နဲ့နိုင်ခဲ့တဲ့ တနင်္လာနေ့ကပွဲမှာ
အသင်းအတွက်အဖွင့်ဂိုးကို ၅၅ မိနစ်မှာသွင်းယူပေးခဲ့သလို
ဘင်ဇီမာသွင်းယူခဲ့တဲ့နှစ်ဂိုးမှာတစ်ဂိုးကိုဖန်တီးပေးခဲ့သူဖြစ်ပါတယ်။
ဒီသွင်းဂိုးဟာသူ့အတွက်ဒီရာသီမှာ ၁၄ ဂိုးမြောက်လည်းဖြစ်ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာ ပြိုင်ဘက်မာယော့ကာအသင်းရဲ့အမှားကနေတစ်ဆင့်
ဘန်ဇီမာနဲ့အပေးအယူလုပ်ကာ အေးဆေးသက်သာစွာနဲ့
အဆုံးသတ်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒီပွဲမှာသူဟာ တောင်ပံကနေ မာယော့ကာခံစစ်ကို
အများကြီးအလုပ်ရှုပ်စေခဲ့သူဖြစ်ပါတယ်။
ပရိသတ်တွေသဘောအကျဆုံးအချက်ကတော့ ၄၄ မိနစ်မှာဖြစ်ပြီး
တောင်ပံကနေတစ်ဆင့် ပင်နယ်တီဧရိယာထဲဆွဲပြေးလာရာမှာ
ပြိုင်ဘက်ကစားသမားနှစ်ဦးက ဟန့်တားဖို့ကြိုးစားခဲ့ပေမယ့်
သူ့စကေးလ်ကြောင့် နှစ်ယောက်စလုံး breakdanceကသလိုဖြစ်ကာ
ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပြီး တစ်ယောက်ဆိုရင်ပုံလျက်သားလဲကျတဲ့အထိဖြစ်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီက ဗီနီစီးယက်စ်မှာ အဆုံးမရှိတဲ့
စွမ်းရည်ပိုင်ဆိုင်ထားတယ်လို့ ဆိုခဲ့တဲ့အတိုင်းသူဟာ တဖြည်းဖြည်းနဲ့
ကမ္ဘာ့ကြောက်စရာအကောင်းဆုံးတောင်ပံကစားသမားဖြစ်လာနေပါတယ်။
ကိုယ်တိုင်လည်းဂိုးသွင်းပြီး ဖန်တီးမှုပါပြုလုပ်ပေးနိုင်ခဲ့တဲ့ ဗီနီစီးယက်စ် ဟာ
သူ့ရဲ့လျင်မြန်လွန်းလှတဲ့ ခြေထောက်တွေနဲ့ သူ့ဘောလုံးစွမ်းရည်ကိုအသုံးချပြီး
မာယော့ကာ ကစားသမားတွေကိုတစ်ချိန်လုံးအရှက်ရစေခဲ့တာပါ။
ဒီလိုစွမ်းဆောင်ပြခဲ့တာ ပထမဆုံးအကြိမ်လည်းမဟုတ်လို့ ဗီနီစီးယက်စ် ဟာ
ဒီရာသီရီးရဲလ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ်တောင်
ရွေးချယ်ခံရနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။
ဒါကြောင့်လည်း တွစ်တာပေါ်မှာသူ့ကိုချီးကျူးဂုဏ်ပြုမှုတွေအများကြီးရှိနေပါတယ်။
ဗီနီစီးယက်စ် ကိုတားဖို့ကြိုးစားမှုဟာရေနံစည်ထဲက ရေနံတွေကို
ဒလဟောသွန်ချလိုက်သလိုမျိုး တားဖို့မဖြစ်နိုင်ဘူးလို့လည်း ဆိုကြပါတယ်။
ရီးရဲလ်ဟာအခုနိုင်ပွဲကြောင့် ၂၈ ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက ဆီဗီလာကို
၁၀ မှတ်ဖြတ်ပြီး ၆၆ မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေပါတယ်။
သူတို့ဟာလာမယ့်တနင်္ဂနွေ့နေ့မှာ El Clasico ပွဲအဖြစ်
ဘာစီလိုနာကိုအိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ကြောင်းလည်း သိရပါတယ်။
zawgyi
စေကးလ္ေၾကာင့္ ႏွစ္ေယာက္စလုံး breakdanceကသလိုျဖစ္ကာ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားေစတဲ့ ဗီနီစီးယက္စ္ရဲ႕အစြမ္း
ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဗီနီစီးယက္စ္ဟာ
ကမာၻ႔အေကာင္းဆုံးေတာင္ပံကစားသမားျဖစ္လာေနၿပီဆိုတာကို
မာေယာ့ကာနဲ႔ပြဲမွာသူ႔ရဲ႕လ်င္ျမန္ၿပီး စေကးလ္ေကာင္းတဲ့
လႈပ္ရွားမႈေတြနဲ႔အတူ ျပသသြားခဲ့ပါတယ္။
သူဟာ မာေယာ့ကာကို ၃-၀ နဲ႔ႏိုင္ခဲ့တဲ့ တနလၤာေန႔ကပြဲမွာ
အသင္းအတြက္အဖြင့္ဂိုးကို ၅၅ မိနစ္မွာသြင္းယူေပးခဲ့သလို
ဘင္ဇီမာသြင္းယူခဲ့တဲ့ႏွစ္ဂိုးမွာတစ္ဂိုးကိုဖန္တီးေပးခဲ့သူျဖစ္ပါတယ္။
ဒီသြင္းဂိုးဟာသူ႔အတြက္ဒီရာသီမွာ ၁၄ ဂိုးေျမာက္လည္းျဖစ္ပါတယ္။
ပြဲခ်ိန္ ၅၅ မိနစ္မွာ ၿပိဳင္ဘက္မာေယာ့ကာအသင္းရဲ႕အမွားကေနတစ္ဆင့္
ဘန္ဇီမာနဲ႔အေပးအယူလုပ္ကာ ေအးေဆးသက္သာစြာနဲ႔
အဆုံးသတ္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ဒီပြဲမွာသူဟာ ေတာင္ပံကေန မာေယာ့ကာခံစစ္ကို
အမ်ားႀကီးအလုပ္ရႈပ္ေစခဲ့သူျဖစ္ပါတယ္။
ပရိသတ္ေတြသေဘာအက်ဆုံးအခ်က္ကေတာ့ ၄၄ မိနစ္မွာျဖစ္ၿပီး
ေတာင္ပံကေနတစ္ဆင့္ ပင္နယ္တီဧရိယာထဲဆြဲေျပးလာရာမွာ
ၿပိဳင္ဘက္ကစားသမားႏွစ္ဦးက ဟန႔္တားဖို႔ႀကိဳးစားခဲ့ေပမယ့္
သူ႔စေကးလ္ေၾကာင့္ ႏွစ္ေယာက္စလုံး breakdanceကသလိုျဖစ္ကာ
႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့ၿပီး တစ္ေယာက္ဆိုရင္ပုံလ်က္သားလဲက်တဲ့အထိျဖစ္ခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္နည္းျပ အန္စေလာ့တီက ဗီနီစီးယက္စ္မွာ အဆုံးမရွိတဲ့
စြမ္းရည္ပိုင္ဆိုင္ထားတယ္လို႔ ဆိုခဲ့တဲ့အတိုင္းသူဟာ တျဖည္းျဖည္းနဲ႔
ကမာၻ႔ေၾကာက္စရာအေကာင္းဆုံးေတာင္ပံကစားသမားျဖစ္လာေနပါတယ္။
ကိုယ္တိုင္လည္းဂိုးသြင္းၿပီး ဖန္တီးမႈပါျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဗီနီစီးယက္စ္ ဟာ
သူ႔ရဲ႕လ်င္ျမန္လြန္းလွတဲ့ ေျခေထာက္ေတြနဲ႔ သူ႔ေဘာလုံးစြမ္းရည္ကိုအသုံးခ်ၿပီး
မာေယာ့ကာ ကစားသမားေတြကိုတစ္ခ်ိန္လုံးအရွက္ရေစခဲ့တာပါ။
ဒီလိုစြမ္းေဆာင္ျပခဲ့တာ ပထမဆုံးအႀကိမ္လည္းမဟုတ္လို႔ ဗီနီစီးယက္စ္ ဟာ
ဒီရာသီရီးရဲလ္ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ေတာင္
ေ႐ြးခ်ယ္ခံရႏိုင္တယ္လို႔ခန႔္မွန္းထားၾကပါတယ္။
ဒါေၾကာင့္လည္း တြစ္တာေပၚမွာသူ႔ကိုခ်ီးက်ဴးဂုဏ္ျပဳမႈေတြအမ်ားႀကီးရွိေနပါတယ္။
ဗီနီစီးယက္စ္ ကိုတားဖို႔ႀကိဳးစားမႈဟာေရနံစည္ထဲက ေရနံေတြကို
ဒလေဟာသြန္ခ်လိုက္သလိုမ်ိဳး တားဖို႔မျဖစ္ႏိုင္ဘူးလို႔လည္း ဆိုၾကပါတယ္။
ရီးရဲလ္ဟာအခုႏိုင္ပြဲေၾကာင့္ ၂၈ ပြဲကစားၿပီးခ်ိန္မွာ ဒုတိယေနရာက ဆီဗီလာကို
၁၀ မွတ္ျဖတ္ၿပီး ၆၆ မွတ္နဲ႔ ထိပ္ဆုံးကဦးေဆာင္ေနပါတယ္။
သူတို႔ဟာလာမယ့္တနဂၤေႏြ႕ေန႔မွာ El Clasico ပြဲအျဖစ္
ဘာစီလိုနာကိုအိမ္ကြင္းမွာလက္ခံကစားရမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။