စစ်ဖြစ်နေတဲ့ယူကရိန်းက ထွက်ပြေးလာခဲ့ရပုံကို ဖွင့်ဟလိုက်တဲ့ ရိုးမားနည်းပြဟောင်း

ရိုးမား၊ ပေါ်တိုနဲ့ ရှက်တာဒိုးနက်တို့လို အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့

ပေါ်လိုဖွန်ဆီကာဟာ ဇနီးဖြစ်သူ၊ ရင်သွေးငယ်တို့နဲ့အတူ စစ်ဖြစ်နေတဲ့

ယူကရိန်းက ထွက်ပြေးလာခဲ့ရပုံကို ဖွင့်ဟလိုက်ပါတယ်။

အဲဒီပေါ်တူဂီသားဟာ ယူကရိန်းကလပ်ရှက်တာဒိုးကို ကိုင်တွယ်ခဲ့တဲ့

၃ နှစ်တာအတွင်း အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်၊ ရှုံးထွက်ဖလား ၃ ကြိမ်နဲ့

ယူကရိန်းစူပါလား ၁ ကြိမ်တို့ ဆွတ်ခူးခဲ့တာပါ။

သူနောက်ဆုံးကိုင်တွယ်ခဲ့တဲ့အသင်းက ရိုးမားဖြစ်ပြီး

ပြီးခဲ့တဲ့နှစ် မေလကမှ အဲဒီရောမအသင်းကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်ဖို့ ပူတင်က အမိန့်ပေးတော့ ဖွန်ဆီကာဟာ

အပန်းဖြေခရီးစဉ်အဖြစ် မော်လ်ဒိုက်ကိုရောက်နေချိန်မှာပါ။

ဖြစ်ချင်တော့ အဲဒီအချိန်မှာ သူ့မိန်းမနဲ့ကလေးက ယူကရိန်းမှာ ရှိနေချိန်ဖြစ်ပါတယ်။

ဒါကြောင့် ဖွန်ဆီကာဟာ ချက်ချင်းပဲ ယူကရိန်းကိုပြန်ပြီး

မိန်းမနဲ့ကလေးကို ကယ်ထုတ်ဖို့ လုပ်ရပါတော့တယ်။

”ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ မသိပါဘူး။ အ

ားလုံးက ကိဗ်မြို့ကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။

ဒါရီယိုဆာနာ(ရှက်တာဒိုးနက်အားကစားဒါရိုက်တာ)က

ကျွန်တော့်ဆီဖုန်းဆက်ပြီး အသင်းဥက္ကဌပိုင်တဲ့ဟိုတယ်ကိုလာဖို့ ပြောပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့ ဟိုတယ်ကိုပြောင်းရွှေ့ပြီး အဲဒီက ကတုတ်ကျင်းထဲမှာ

ညလုံးပေါက်နေခဲ့ရကာ စုစုပေါင်း တစ်ရက်နဲ့တစ်ညကြာခဲ့ပါတယ်။

ကျွန်တော်တို့နဲ့အတူ ရှက်တာက ဘရာဇီးကစားသမားတွေနဲ့

နည်းစနစ်အဖွဲ့ဝင်တွေလည်းရှိခဲ့တာပါ။

အခြေအနေက ပိုဆိုးဖို့ပဲရှိတယ်လို့ ကျွန်တော်စတွေးမိလိုက်တဲ့အတွက်

အဲဒီက ပေါ်တူဂီသံရုံးကို ဆက်သွယ်လိုက်ပါတယ်။

သူတို့က မနက်ဖြန်မှာ ကားလာယူပြီး ပြေးဖို့ ပြောပါတယ်။

အဲဒါနဲ့ ကျွန်တော်ကားယူပြီး နောက်တစ်နေ့မှာပဲ ဟိုတယ်က ထွက်ခွာခဲ့တာပါ။

နယ်စပ်ကိုရောက်ဖို့ တော်တော်သွားခဲ့ရပါတယ်။ အန္တာရယ်လည်းများခဲ့တာပါ။

ကားကို နေ့ရော ညပါ မရပ်မနားမောင်းခဲ့တာပါ။ အဲဒီခရီးက နာရီ ၃၀ ကြာပါတယ်။

လမ်းတစ်လျှောက်မှာလည်း ယူကရိန်းစစ်သားတွေအများကြီးကို တွေ့ခဲ့ရတာပါ။

ကားပိတ်တာတွေလည်း အများကြီးရှိခဲ့တာပေါ့။

လေယဉ်တွေဖြတ်ပျံသွားတာရှိခဲ့ပေမယ့် ကံကောင်းချင်တော့

ပစ်ကြခတ်ကြတာတော့ မရှိခဲ့ဘူး။ နောက်ထပ်မိသားစုတစ်ခုနဲ့

ကျွန်တောတို့ အတူသွားခဲ့ကြတာဖြစ်ပြီး ၆ လအရွယ်ကလေးနဲ့အတူ လင်မယားနှစ်ယောက်ပါ။

နယ်စပ်ရောက်တော့မှပဲ သက်ပြင်းချနိုင်တော့တယ်”လို့

ဖွန်ဆီကာက Sky Sports သတင်းဌာနကို ပြောခဲ့တာပါ။

zawgyi

စစ္ျဖစ္ေနတဲ့ယူကရိန္းက ထြက္ေျပးလာခဲ့ရပုံကို ဖြင့္ဟလိုက္တဲ့ ႐ိုးမားနည္းျပေဟာင္း

႐ိုးမား၊ ေပၚတိုနဲ႔ ရွက္တာဒိုးနက္တို႔လို အသင္းေတြကို ကိုင္တြယ္ခဲ့တဲ့

ေပၚလိုဖြန္ဆီကာဟာ ဇနီးျဖစ္သူ၊ ရင္ေသြးငယ္တို႔နဲ႔အတူ စစ္ျဖစ္ေနတဲ့

ယူကရိန္းက ထြက္ေျပးလာခဲ့ရပုံကို ဖြင့္ဟလိုက္ပါတယ္။

အဲဒီေပၚတူဂီသားဟာ ယူကရိန္းကလပ္ရွက္တာဒိုးကို ကိုင္တြယ္ခဲ့တဲ့

၃ ႏွစ္တာအတြင္း အမွတ္ေပးခ်န္ပီယံဆု ၃ ႀကိမ္၊ ရႈံးထြက္ဖလား ၃ ႀကိမ္နဲ႔

ယူကရိန္းစူပါလား ၁ ႀကိမ္တို႔ ဆြတ္ခူးခဲ့တာပါ။

သူေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့အသင္းက ႐ိုးမားျဖစ္ၿပီး

ၿပီးခဲ့တဲ့ႏွစ္ ေမလကမွ အဲဒီေရာမအသင္းကေန ထြက္ခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္ဖို႔ ပူတင္က အမိန႔္ေပးေတာ့ ဖြန္ဆီကာဟာ

အပန္းေျဖခရီးစဥ္အျဖစ္ ေမာ္လ္ဒိုက္ကိုေရာက္ေနခ်ိန္မွာပါ။

ျဖစ္ခ်င္ေတာ့ အဲဒီအခ်ိန္မွာ သူ႔မိန္းမနဲ႔ကေလးက ယူကရိန္းမွာ ရွိေနခ်ိန္ျဖစ္ပါတယ္။

ဒါေၾကာင့္ ဖြန္ဆီကာဟာ ခ်က္ခ်င္းပဲ ယူကရိန္းကိုျပန္ၿပီး

မိန္းမနဲ႔ကေလးကို ကယ္ထုတ္ဖို႔ လုပ္ရပါေတာ့တယ္။

”ကြၽန္ေတာ္တို႔ ဘာလုပ္ရမယ္ဆိုတာ မသိပါဘူး။ အ

ားလုံးက ကိဗ္ၿမိဳ႕ကေန ထြက္ခြာဖို႔ ႀကိဳးစားေနတာပါ။

ဒါရီယိုဆာနာ(ရွက္တာဒိုးနက္အားကစားဒါ႐ိုက္တာ)က

ကြၽန္ေတာ့္ဆီဖုန္းဆက္ၿပီး အသင္းဥကၠဌပိုင္တဲ့ဟိုတယ္ကိုလာဖို႔ ေျပာပါတယ္။

အဲဒါနဲ႔ ကြၽန္ေတာ္တို႔ ဟိုတယ္ကိုေျပာင္းေ႐ႊ႕ၿပီး အဲဒီက ကတုတ္က်င္းထဲမွာ

ညလုံးေပါက္ေနခဲ့ရကာ စုစုေပါင္း တစ္ရက္နဲ႔တစ္ညၾကာခဲ့ပါတယ္။

ကြၽန္ေတာ္တို႔နဲ႔အတူ ရွက္တာက ဘရာဇီးကစားသမားေတြနဲ႔

နည္းစနစ္အဖြဲ႕ဝင္ေတြလည္းရွိခဲ့တာပါ။

အေျခအေနက ပိုဆိုးဖို႔ပဲရွိတယ္လို႔ ကြၽန္ေတာ္စေတြးမိလိုက္တဲ့အတြက္

အဲဒီက ေပၚတူဂီသံ႐ုံးကို ဆက္သြယ္လိုက္ပါတယ္။

သူတို႔က မနက္ျဖန္မွာ ကားလာယူၿပီး ေျပးဖို႔ ေျပာပါတယ္။

အဲဒါနဲ႔ ကြၽန္ေတာ္ကားယူၿပီး ေနာက္တစ္ေန႔မွာပဲ ဟိုတယ္က ထြက္ခြာခဲ့တာပါ။

နယ္စပ္ကိုေရာက္ဖို႔ ေတာ္ေတာ္သြားခဲ့ရပါတယ္။ အႏၲာရယ္လည္းမ်ားခဲ့တာပါ။

ကားကို ေန႔ေရာ ညပါ မရပ္မနားေမာင္းခဲ့တာပါ။ အဲဒီခရီးက နာရီ ၃၀ ၾကာပါတယ္။

လမ္းတစ္ေလွ်ာက္မွာလည္း ယူကရိန္းစစ္သားေတြအမ်ားႀကီးကို ေတြ႕ခဲ့ရတာပါ။

ကားပိတ္တာေတြလည္း အမ်ားႀကီးရွိခဲ့တာေပါ့။

ေလယဥ္ေတြျဖတ္ပ်ံသြားတာရွိခဲ့ေပမယ့္ ကံေကာင္းခ်င္ေတာ့

ပစ္ၾကခတ္ၾကတာေတာ့ မရွိခဲ့ဘူး။ ေနာက္ထပ္မိသားစုတစ္ခုနဲ႔

ကြၽန္ေတာတို႔ အတူသြားခဲ့ၾကတာျဖစ္ၿပီး ၆ လအ႐ြယ္ကေလးနဲ႔အတူ လင္မယားႏွစ္ေယာက္ပါ။

နယ္စပ္ေရာက္ေတာ့မွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္”လို႔

ဖြန္ဆီကာက Sky Sports သတင္းဌာနကို ေျပာခဲ့တာပါ။