စစ်ဘက်ဆိုင်ရာပစ်မှတ်တွေက ဘယ်မှာလဲ။ ဒီအဆောက်အအုံတွေက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေလား – ဘောက်ဆင်ချန်ပီယံဟောင်း ဗီတာလီကလစ်ချ်ကို

ယူကရိန်းနိုင်ငံက ပျက်စီးနေတဲ့ မြို့တစ်မြို့မှာ ပြုလုပ်ခဲ့တဲ့

အင်တာဗျူးအစီအစဉ်မှာ ဘောက်ဆင်ချန်ပီယံဟောင်း ဗီတာလီ ကလစ်ချ်ကိုက

ရုရှားအနေနဲ့ သူတို့ဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ

ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်ဆိုတဲ့

ပြောဆိုမှုတွေကို သောက်ပိုတွေပြောနေတာလို့ တုန့်ပြန်ခဲ့ပါတယ်။

ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို အဆက်မပြတ်

ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့်

လူနေအဆောက်အအုံတွေများစွာ ထိခိုက်ပျက်စီးနေချိန်မှာ

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဗီတာလီ ကပြောဆိုထားတာ ဖြစ်ပါတယ်။

သတင်းထောက် က “ပူတင် ပြောတာကတော့ သူတို့တွေက

စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုပဲ ပစ်မှတ်ထားနေတာတဲ့”ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အဲဒါကို ဗီတာလီ ကစိတ်ဆိုးမာန်ဆိုးနဲ့ “သောက်ပိုတွေကွာ”လို့

တုံ့ပြန်ခဲ့ပြီး ခါမှသတိပြန်ဝင်ပြီး သတင်းထောက်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

အင်တာဗျူးပြုလုပ်နေတဲ့နေရာနားမှာရှိတဲ့ ဗုံးကြဲခံထားရတဲ့

လူနေအဆောက်အအုံတွေကို ညွှန်ပြရင်း “စစ်ဘက်ဆိုင်ရာပစ်မှတ်တွေက ဘယ်မှာလဲ။

ဒီအဆောက်အအုံတွေက စစ်ဘက်ဆိုင်ရာ

ပစ်မှတ်တွေလား”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဗုံးကြဲတိုက်ခိုက်မှုရဲ့ ရလဒ်တွေကို မြင်တွေ့ခဲ့ပြီး

ပြည်သူတွေ သေဆုံးနေပါတယ်။ အခုအချိန် အားလုံး ဒေါသထွက်နေကြတယ်။

ပြည်သူတွေက ဒီနိုင်ငံကို စွန့်ခွာပြီး ထွက်မသွားချင်ကြပါဘူး။

ကျွန်တော်တို့ရဲ့ မြို့ကို ကျွန်တော်တို့ ကာကွယ်ချင်တယ်။

ကျွန်တော်တို့ရဲ့ အိမ်တွေကို ကျွန်တော်တို့ ကာကွယ်ချင်တယ်” ဆိုပြီး ပြောထားပါသေးတယ်။

zawgyi

စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြက ဘယ္မွာလဲ။ ဒီအေဆာက္အအုံေတြက စစ္ဘက္ဆိုင္ရာ ပစ္မွတ္ေတြလား – ေဘာက္ဆင္ခ်န္ပီယံေဟာင္း ဗီတာလီကလစ္ခ်္ကို

ယူကရိန္းႏိုင္ငံက ပ်က္စီးေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့

အင္တာဗ်ဴးအစီအစဥ္မွာ ေဘာက္ဆင္ခ်န္ပီယံေဟာင္း ဗီတာလီ ကလစ္ခ်္ကိုက

႐ုရွားအေနနဲ႔ သူတို႔ဟာ စစ္ဘက္ဆိုင္ရာ ပစ္မွတ္ေတြကိုသာ

ပစ္မွတ္ထားတိုက္ခိုက္ေနတာျဖစ္တယ္ဆိုတဲ့

ေျပာဆိုမႈေတြကို ေသာက္ပိုေတြေျပာေနတာလို႔ တုန႔္ျပန္ခဲ့ပါတယ္။

ယူကရိန္းရဲ႕ အဓိကၿမိဳ႕ႀကီးေတြကို အဆက္မျပတ္

ဗုံးႀကဲတိုက္ခိုက္မႈေတြ ျပဳလုပ္ေနတဲ့ ႐ုရွားရဲ႕ တိုက္ခိုက္မႈေၾကာင့္

လူေနအေဆာက္အအုံေတြမ်ားစြာ ထိခိုက္ပ်က္စီးေနခ်ိန္မွာ

လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီး ဗီတာလီ ကေျပာဆိုထားတာ ျဖစ္ပါတယ္။

သတင္းေထာက္ က “ပူတင္ ေျပာတာကေတာ့ သူတို႔ေတြက

စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြကိုပဲ ပစ္မွတ္ထားေနတာတဲ့”ဆိုၿပီး ေမးျမန္းခဲ့ပါတယ္။

အဲဒါကို ဗီတာလီ ကစိတ္ဆိုးမာန္ဆိုးနဲ႔ “ေသာက္ပိုေတြကြာ”လို႔

တုံ႔ျပန္ခဲ့ၿပီး ခါမွသတိျပန္ဝင္ၿပီး သတင္းေထာက္ကို ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။

အင္တာဗ်ဴးျပဳလုပ္ေနတဲ့ေနရာနားမွာရွိတဲ့ ဗုံးႀကဲခံထားရတဲ့

လူေနအေဆာက္အအုံေတြကို ၫႊန္ျပရင္း “စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြက ဘယ္မွာလဲ။

ဒီအေဆာက္အအုံေတြက စစ္ဘက္ဆိုင္ရာ

ပစ္မွတ္ေတြလား”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဗုံးႀကဲတိုက္ခိုက္မႈရဲ႕ ရလဒ္ေတြကို ျမင္ေတြ႕ခဲ့ၿပီး

ျပည္သူေတြ ေသဆုံးေနပါတယ္။ အခုအခ်ိန္ အားလုံး ေဒါသထြက္ေနၾကတယ္။

ျပည္သူေတြက ဒီႏိုင္ငံကို စြန႔္ခြာၿပီး ထြက္မသြားခ်င္ၾကပါဘူး။

ကြၽန္ေတာ္တို႔ရဲ႕ ၿမိဳ႕ကို ကြၽန္ေတာ္တို႔ ကာကြယ္ခ်င္တယ္။

ကြၽန္ေတာ္တို႔ရဲ႕ အိမ္ေတြကို ကြၽန္ေတာ္တို႔ ကာကြယ္ခ်င္တယ္” ဆိုၿပီး ေျပာထားပါေသးတယ္။