စစ်ဘေးဒဏ်ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေကို နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးနေတဲ့ ဖီဖာ

ရုရှားတို့ရဲ့ကျူးကျော်စစ်ကြောင့် ဒုက္ခခံစားနေရတဲ့

စစ်ဘေးသင့်ယူကရိန်းပြည်သူတွေအတွက် ဖီဖာက ပေါင်(၇၅၀,၀၀၀)

ကူညီထောက်ပံ့ပေးသွားဖို့ ကတိပြုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်စစ်,စတင်ခဲ့တဲ့အချိန်ကစလို့

ဖီဖာဟာ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့မှုတွေပြုလုပ်နေပြီး

လူသားချင်းစာနာတဲ့အနေနဲ့ လိုအပ်တဲ့ပစ္စည်းမှန်သမျှ

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဆီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုအရ

ဆေးဝါးကုသဖို့အရေးတကြီးလိုအပ်နေတဲ့သူတွေအတွက် ဆေးဝါးတွေကေို

မကြာသေးခင်ကပေးပို့ခဲ့သလို အခုအချိန်မှာတော့ ယူကရိန်းပြည်သူတွေအတွက်

ပေါင်(၇၅၀,၀၀၀)(အမေရိကန်ဒေါ်လာ ၁သန်း)ပေးအပ်လှူဒါန်းသွားမှာပါ။

ဖီဖာဥက္ကဌအင်ဖန်တီနိုက “အခုလို စစ်ပွဲဖြစ်ပွားနေချိန်မှာ

စစ်ဘေးဒဏ်ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေကို

ကျွန်တော်တို့အနေနဲ့တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ယူကရိန်းဘောလုံးအသိုင်းအဝိုင်းနဲ့သာမက တခြားဘောလုံးအဖွဲ့ချုပ်တွေနဲ့အတူ

ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့ လိုအပ်သမျှကို

ထောက်ပံ့ပေးသွားဖို့အသင့်ရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဖီဖာအနေနဲ့ ယူကရိန်းပြည်သူတွေအတွက် ထောက်ပံ့မှုတွေလုပ်နေသလို

အခုလိုစစ်ပွဲကာလအတွင်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့

ယူကရိန်းပြည်တွင်းကလပ်တွေနဲ့ဘောလုံးသမားတွေအတွက်လည်း

အတိုင်းအတာတစ်ခုအထိ ကူညီပေးသွားဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။

zawgyi

စစ္ေဘးဒဏ္ခံစားေနရတဲ့ ယူကရိန္းျပည္သူေတြကို ႏိုင္တဲ့ဘက္ကေန ကူညီေထာက္ပံ့ေပးေနတဲ့ ဖီဖာ

႐ုရွားတို႔ရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္ ဒုကၡခံစားေနရတဲ့

စစ္ေဘးသင့္ယူကရိန္းျပည္သူေတြအတြက္ ဖီဖာက ေပါင္(၇၅၀,၀၀၀)

ကူညီေထာက္ပံ့ေပးသြားဖို႔ ကတိျပဳလိုက္ပါတယ္။

ယူကရိန္းႏိုင္ငံကို ႐ုရွားတို႔ က်ဴးေက်ာ္စစ္,စတင္ခဲ့တဲ့အခ်ိန္ကစလို႔

ဖီဖာဟာ ယူကရိန္းႏိုင္ငံကို ကူညီေထာက္ပံ့မႈေတြျပဳလုပ္ေနၿပီး

လူသားခ်င္းစာနာတဲ့အေနနဲ႔ လိုအပ္တဲ့ပစၥည္းမွန္သမွ်

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဆီေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ေတာင္းဆိုမႈအရ

ေဆးဝါးကုသဖို႔အေရးတႀကီးလိုအပ္ေနတဲ့သူေတြအတြက္ ေဆးဝါးေတြေကို

မၾကာေသးခင္ကေပးပို႔ခဲ့သလို အခုအခ်ိန္မွာေတာ့ ယူကရိန္းျပည္သူေတြအတြက္

ေပါင္(၇၅၀,၀၀၀)(အေမရိကန္ေဒၚလာ ၁သန္း)ေပးအပ္လႉဒါန္းသြားမွာပါ။

ဖီဖာဥကၠဌအင္ဖန္တီႏိုက “အခုလို စစ္ပြဲျဖစ္ပြားေနခ်ိန္မွာ

စစ္ေဘးဒဏ္ခံစားေနရတဲ့ ယူကရိန္းျပည္သူေတြကို

ကြၽန္ေတာ္တို႔အေနနဲ႔တတ္ႏိုင္တဲ့ဘက္ကေန ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။

ယူကရိန္းေဘာလုံးအသိုင္းအဝိုင္းနဲ႔သာမက တျခားေဘာလုံးအဖြဲ႕ခ်ဳပ္ေတြနဲ႔အတူ

ကြၽန္ေတာ္တို႔အားလုံးပူးေပါင္းၿပီးေတာ့ လိုအပ္သမွ်ကို

ေထာက္ပံ့ေပးသြားဖို႔အသင့္ရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဖီဖာအေနနဲ႔ ယူကရိန္းျပည္သူေတြအတြက္ ေထာက္ပံ့မႈေတြလုပ္ေနသလို

အခုလိုစစ္ပြဲကာလအတြင္း အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့

ယူကရိန္းျပည္တြင္းကလပ္ေတြနဲ႔ေဘာလုံးသမားေတြအတြက္လည္း

အတိုင္းအတာတစ္ခုအထိ ကူညီေပးသြားဖို႔စီစဥ္ထားၿပီးျဖစ္ပါတယ္။