စတာရစ်ချ်၊ ဘာလော့တယ်လီတို့ ပါဝင်တဲ့ တန်ဖိုးရှိပေမဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမား ၁၃ယောက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တကယ်လို့ သင့်အသင်းက ပုံစံကောင်း ရဖို့ ရုန်းကန်နေရတယ်ဆိုရင် ပြင်ဆင်မှု ပြုလုပ်ဖို့အတွက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ပါတယ်။ ယခုနှစ်ရာသီ ပွဲစဉ်ဇယားတွေက တော်တော်လေး ပြည့်ကျပ်နေတာကြောင့် ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။
ဒါကြောင့် ဇန်နဝါရီထိ စောင့်မနေရပဲ အသင်းကို အားဖြည့်နိုင်တဲ့ အသင်းလက်မဲ့ ကစားသမားတွေကို ချက်ချင်းခေါ်ယူ အားဖြည့် နိုင်ပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ စတာရစ်ချ်၊ မူဆာ၊ မန်ဇူကစ်တို့လို နာမည်ကျော်တွေ ပါဝင်ပါတယ်။
ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဂျူစီလီ – ယူရို ၂.၄သန်း ဘရာဇီးကွင်းလယ်လူမှာ လက်ရှိ ဆော်အိုပေါ်လိုမှာ ရှိနေပါတယ်။ ကတ်တိုအမ် – ယူရို ၂.၄သန်း ၂၄နှစ်သားဟာ ယခုနှစ် နွေရာသီ ဘက်တစ်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီယို ဗလင်စီယာ – ယူရို ၂.၅သန်း ၃၆နှစ်ရှိပြီဖြစ်တဲ့ ယူနိုက်တက် ကစားသမားဟောင်းဟာ အီကွေဒေါကလပ် ကွီတိုနဲ့ ၁နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ဂျက်ဆင် အာဗင်း – ယူရို ၂.၈သန်း သြစတေးလျ ကွင်းလယ်လူဟာ ဟူးစီးတီးမှာ ၃နှစ်ကြာ ကစားခဲ့ပါတယ်။
ဘာလော့တယ်လီ – ယူရို ၃သန်း မန်စီးတီးနဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းကို ခေါ်ချင်တဲ့ အသင်းများ ရှိမလား ဝီဖရက် ဘိုနီ – ယူရို ၃.၂သန်း မန်စီးတီး တိုက်စစ်မှူးဟောင်းဟာ ဆော်ဒီကလပ် အယ် အီတီဟတ်အသင်းမှာ ယခုနှစ်အတွင်း ကစားခဲ့ပါတယ် နီယာဆီ – ယူရို ၃.၂သန်း အဲဗာတန်ကနေ နွေရာသီမှာ ထွက်ခွာလာခဲ့တာပါ မန်ဇူကစ် – ယူရို ၄သန်း ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်းဟာ ကာတာကလပ် အယ်ဒူဟေးလ်အသင်းမှာ ယမန်နှစ်ရာသီက ကစားခဲ့ပါတယ်။ ဂျန်းမက် – ယူရို ၄သန်း
နယ်သာလန်ညာနောက်ခံလူဟာ ဝက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ အဆာမိုအာ – ယူရို ၄သန်း ဂါနာလက်ရွေးစင်ဟာ အူဒီးနီးစ်၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့ပါတယ်။
ဂါရေး – ယူရို ၄.၈သန်း အာဂျင်တိုင်းသားဟာ ဖေဖော်ဝါရီမှာ ဆိုးရွားတဲ့ ဒဏ်ရာရခဲ့ပြီး ဗလန်စီယာကနေ ထွက်လာခဲ့ပါတယ်။ ကြံ့ခိုင်မှု ပြည့်ဝကြောင်းသာ ပြသနိုင်ခဲ့ရင် ထိပ်တန်းအသင်းကို ပြန်ရောက်မှာ သေချာပါတယ်။ ဝဲလ်ရှိုင်းယား – ယူရို ၄.၈သန်း အာဆင်နယ်ကစားသမားဟောင်းဟာ ဒဏ်ရာတွေ နှိပ်စက်ခဲ့ပြီးနောက် ဝက်စ်ဟမ်းကနေ ၂ဦးသဘောတူစာချုပ် ဖျက်သိမ်းကာ ထွက်လာခဲ့ပြီး ၂၈နှစ်သာ ရှိပါသေးတယ် အာမက် မူဆာ – ယူရို ၆သန်း လက်စတာမှာ ခြေစွမ်းဆိုးရွားခဲ့ပေမဲ့ ပြိုင်ဘက်ခံစစ်မှူးတွေကို စိုးရိမ်စေနိုင်တဲ့ ပြေးအား ရှိနေပါသေးတယ်။ ဆော်ဒီကလပ် အယ်နာဆာမှာ မကြာသေးမီက ကစားခဲ့ပါတယ်။ စတာရစ်ချ် – ယူရို ၈သန်း ဝဲလ်ရှိုင်းယားလိုပဲ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကြောင့် အသင်းလက်မဲ့ ဖြစ်နေသူပါ။ လီဗာပူးအတွက် ပွဲ ၁၆၀မှာ ၆၈ဂိုး သွင်းခဲ့ပေမဲ့ ထရက်ဇန်စပေါမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ မတ်လကတည်းက ပွဲမကစားရသေးပါဘူး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စတာရစ်ခ်ျ၊ ဘာလော့တယ်လီတို့ ပါဝင်တဲ့ တန်ဖိုးရှိပေမဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမား ၁၃ယောက်