
ပြီးခဲ့တဲ့ ယူရို ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အတွက် အကောင်းဆုံး
စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ အပြင် ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာလည်း
လက်ရွေးစင် အသင်းအတွက် အားကိုးရတဲ့ ကစားသမား ဖြစ်နေသည့်တိုင်အောင်
ကလပ်အသင်းမှာတော့ ပုံမှန် ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်ရပြီးနောက် ၊
စတာလင် ဟာ ဒီရာသီမှာ ပွဲထွက် ကစားသမားနေရာ ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။
သို့သော် မန်စီးတီး အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ 3 ပွဲ ဆက်တိုက်
ဂိုးတွေ ရယူပြနိုင်ခဲ့ပါပြီ။
မန်စီးတီးအသင်းဟာ တောင်ပံတိုက်စစ်မှူးစတာလင်ကိုအသင်းမှထွက်ခွာခွင့်ပြုမှာ
မဟုတ်ဘဲစာချုပ်သစ်ပေးအပ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့
လ ပိုင်း အတွင်းက စတာလင် ဟာ စာချုပ်သစ် ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုတွေကို
ဘေးဖယ်ထားပြီး ၊ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် နေရာ
ရရှိလာဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောဆိုခဲ့သလို ၊ နိုင်ငံခြား
ထွက်ကစားဖို့ ဖြစ်နိုင်ချေတွေကိုလည်း စဉ်းစားနေတယ်လို့ ပွင့်ပွင့်လင်းလင်း
ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
“The Telegraph” သတင်းမီဒီယာရဲ့ဖော်ပြချက်အရ “မန်စီးတီး” အသင်းဟာ
“စတာလင်” အတွက်လာမယ့်ဆောင်းရာသီထဲမှာ ကမ်းလှမ်းမှုအားလုံးကို
ငြင်းဆန်သွားမှာဖြစ်ပြီး အသင်းမှာဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်
ကာလရှည်စာချုပ်မျိုးပေးအပ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။
တစ်ဖက်မှာတော့ ဘာစီလိုနာ အသင်းက စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့
သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ထားသလို ၊ အသင်းဟောင်း
ဖြစ်တဲ့ လီဗာပူး ကတော့ ခေါ်ယူဖို့ ချိန်ရွယ်နေတယ် ဆိုတဲ့ ကောလာဟလမျိုးတွေ
ပေါ်ထွက်ခဲ့ပါသေးတယ်။
Zawgyi
စတာလင္သည္ ေရာင္းရန္မဟုတ္
ၿပီးခဲ့တဲ့ ယူ႐ို ဖလား ၿပိဳင္ပြဲမွာ အဂၤလန္ အတြက္ အေကာင္းဆုံး
စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ခဲ့တဲ့ အျပင္ ၊ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္ေတြမွာလည္း
လက္ေ႐ြးစင္ အသင္းအတြက္ အားကိုးရတဲ့ ကစားသမား ျဖစ္ေနသည့္တိုင္ေအာင္
ကလပ္အသင္းမွာေတာ့ ပုံမွန္ ေျခစြမ္းေတြ ျပသဖို႔ ႐ုန္းကန္ရၿပီးေနာက္ ၊
စတာလင္ ဟာ ဒီရာသီမွာ ပြဲထြက္ ကစားသမားေနရာ ေပ်ာက္ဆုံးခဲ့သူ ျဖစ္ပါတယ္။
သို႔ေသာ္ မန္စီးတီး အတြက္ ေနာက္ဆုံး ပါဝင္ ကစားေပးခဲ့တဲ့ 3 ပြဲ ဆက္တိုက္
ဂိုးေတြ ရယူျပႏိုင္ခဲ့ပါၿပီ။
မန္စီးတီးအသင္းဟာ ေတာင္ပံတိုက္စစ္မႉးစတာလင္ကိုအသင္းမွထြက္ခြာခြင့္ျပဳမွာ
မဟုတ္ဘဲစာခ်ဳပ္သစ္ေပးအပ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့
လ ပိုင္း အတြင္းက စတာလင္ ဟာ စာခ်ဳပ္သစ္ ဆိုင္ရာ ညႇိႏႈိင္း ေဆြးေႏြးမႈေတြကို
ေဘးဖယ္ထားၿပီး ၊ အသင္းရဲ႕ ပြဲထြက္ ကစားသမား စာရင္းမွာ ျပန္လည္ ေနရာ
ရရွိလာဖို႔ အတြက္ ပစ္မွတ္ထားေနတယ္လို႔ ေျပာဆိုခဲ့သလို ၊ ႏိုင္ငံျခား
ထြက္ကစားဖို႔ ျဖစ္ႏိုင္ေခ်ေတြကိုလည္း စဥ္းစားေနတယ္လို႔ ပြင့္ပြင့္လင္းလင္း
ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
“The Telegraph” သတင္းမီဒီယာရဲ႕ေဖာ္ျပခ်က္အရ “မန္စီးတီး” အသင္းဟာ
“စတာလင္” အတြက္လာမယ့္ေဆာင္းရာသီထဲမွာ ကမ္းလွမ္းမႈအားလုံးကို
ျငင္းဆန္သြားမွာျဖစ္ၿပီး အသင္းမွာဆက္လက္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္
ကာလရွည္စာခ်ဳပ္မ်ိဳးေပးအပ္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္းေဖာ္ျပထားပါတယ္။
တစ္ဖက္မွာေတာ့ ဘာစီလိုနာ အသင္းက စတာလင္ကို ေခၚယူဖို႔ စိတ္ဝင္စားတဲ့
သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚထားသလို ၊ အသင္းေဟာင္း
ျဖစ္တဲ့ လီဗာပူး ကေတာ့ ေခၚယူဖို႔ ခ်ိန္႐ြယ္ေနတယ္ ဆိုတဲ့ ေကာလာဟလမ်ိဳးေတြ
ေပၚထြက္ခဲ့ပါေသးတယ္။